အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
မင်္ဂလာဈေးဝင်းအတွင်းရှိ ရွှေပြည့်စုံဈေးတွင် COVID-19 အတည်ပြုလူနာ သုံးဦးတွေ့ရှိသည့်အတွက် အဆိုပါရွှေပြည့်စုံဈေးကို ၁၄ ရက်ယာယီပိတ်လိုက်ကြောင်း စက်တင်ဘာ ၁၉ ရက်တွင် မင်္ဂလာတောင် ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ ပြောကြားချက်အရ သိရသည်။
ရွှေပြည့်စုံဈေးတွင် လက်ရှိပိုးတွေ့လူနာ သုံးဦးရှိသည့်အတွက် ဈေးကို ၁၄ ရက်ပိတ် လိုက်ကြောင်း၊ ရွှေပြည့်စုံဈေးသည် စည်ပင်က ငှားရမ်းထားသည့် ပုဂ္ဂလိကဈေးတစ်ခုဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။
“ဟုတ်တယ်ဗျ။ ရွှေပြည့်စုံဈေးမှာဖြစ်တာ။ အမှန်တော့ ကူးတာပေါ့နော်။ တစ်ယောက်ကနေဖြစ်ပြီး ကူးတဲ့အခါကျတော့ မနေ့ကစပြီး ရွှေပြည့်စုံဈေးကို ၁၄ ရက်ပိတ် လိုက်ပါတယ်။ ကျွန်တော်တို့သိထားတာ တော့ သုံးဦး ကူးတယ်လို့ပဲ သိထားသေး တယ်။ နောက်ထပ်တော့ ရှိနိုင်သေးတယ်။ ကျွန်တော်တို့ သတင်းသေချာမရသေးဘူး။ လက်ရှိရွှေပြည့်စုံဈေးကတော့ ပုဂ္ဂလိကဈေး ဖြစ်တဲ့အတွက်ကြောင့် ပိတ်လိုက်ပါတယ်။ ရွှေပြည့်စုံဈေးက မင်္ဂလာဈေးရဲ့အထပ်ကို ခွဲပြီးတော့ စည်ပင်ကနေ ငှားထားတာ။ ကျန် တဲ့အထပ်တွေမှာကျတော့ မင်္ဂလာဈေးဆိုပြီး စည်ပင်က ဖွင့်ထားတာ သတ်သတ်ရှိတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက ပြောကြားသည်။
လက်ရှိတွင် စည်ပင်သာယာလက်အောက်ရှိ ဈေးများဖြစ်သည့် မင်္ဂလာဈေး၊ ရွှေမင်္ဂလာဈေးနှင့် မင်္ဂလာမွန်ဈေးတို့တွင် ဆေးဆိုင်များနှင့် အခြားစားသောက်ကုန်ပစ္စည်းများ ရောင်းနေသည့်အတွက် ဖွင့်ထား ကြောင်း၊ ရွှေပြည့်စုံဈေး၌ COVID-19 အတည်ပြုလူနာတွေ့ရှိသည်ဟု စက်တင်ဘာ ၁၇ ရက်က သတင်းသိရပြီး ၁၈ ရက်တွင် ယင်းဈေးကို ၁၄ ရက်ယာယီပိတ်လိုက်ကြောင်း ဦးလှဌေးက ဆက်လက်ပြောကြား သည်။
“တွေ့တဲ့သူကတော့ ရွှေပြည့်စုံဈေးရဲ့ အကြီးဆုံး ဆေးရောင်းတဲ့လုပ်ငန်းရှင်ပဲ။ ပထမဆုံးစတွေ့တဲ့အတွက်ကြောင့် သူ့ဆိုင်တွေက အစောကြီးကတည်းက ပိတ်ထားပြီး သား။ ဒါပေမဲ့ အဲဒီကနေ နောက်ဆက်တွဲ ဆက်ပြီး တခြားသူတွေကို ကူးလာတာတွေရှိ လာတော့ ဈေးတစ်ဈေးလုံးကို ပိတ်လိုက် တယ်။ သူနဲ့ဆက်စပ်ပြီး ကွာရန်တင်း ဝင်တဲ့သူတွေကိုတော့ အတိအကျမသိဘူး။ ဘာလို့ဆျှိုကမေညေအငညန ဝင်တဲ့သူတွေကို တစ် မြို့နယ်တည်းက ကိုင်တာမဟုတ်ဘူးလေ။ နေထိုင်တဲ့မြို့နယ်အလိုက်သာ ကိုင်သွား တာ။ ကျွန်တော်တို့မြို့နယ်မှာတော့ ခုမှ ရွှေ ပြည့်စုံဈေးကို စပိတ်လိုက်တာ။ အရင်တုန်းက ပိတ်တာတော့ ယုဇနပလာဇာတစ်ခုကိုပဲ ၁၂ ရက်နေ့ကတည်းက ပိတ်ထားတယ်။ သူကလည်း ပုဂ္ဂလိကဈေးမို့လို့ပေါ့။ ရန်ကုန် မြို့တော်စည်ပင်သာယာရဲ့ လက်အောက်မှာ ရှိတဲ့ဈေးတွေအကုန်လုံးက ဖွင့်ထားတယ်။ ရွှေပြည့်စုံဈေးကတော့ ပုဂ္ဂလိကကိုငှားထား တာ။ ရွှေပြည့်စုံဈေးအထပ်ကသတ်သတ် မင်္ဂလာဈေးအထပ်ကသတ်သတ်။ အဲဒါက တစ်လုံးတည်းမှာရှိတာ။ ဒီဘက်ကျတော့ ရွှေ မင်္ဂလာဈေးက နောက်တစ်လုံး။ မင်္ဂလာမွန် ဈေးဆိုပြီး နောက်တစ်လုံးရှိတာ။ ဒီဈေး လေးခုထဲမှာတော့ ရွှေပြည့်စုံဈေးတစ်ခုပဲ ပုဂ္ဂလိက။ ကျန်တဲ့ မင်္ဂလာမွန်ရယ်၊ ရွှေမင်္ဂ လာရယ်၊ မင်္ဂလာဈေးရယ်က စည်ပင်လက် အောက်မှာရှိတာ” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြား သည်။
လက်ရှိတွင်ရွှေပြည့်စုံဈေးကို ၁၄ ရက် ယာယီပိတ်ထားပြီး ၁၄ ရက်ပြည့်လျှင် ပြန်ဖွင့် မဖွင့်ကို ကုမ္ပဏီဘက်ကသာ ဆုံးဖြတ်ရမည် ဖြစ်ကာ ပုဂ္ဂလိကပိုင်ဈေးဖြစ်သည့်အတွက် တစ်စုံတစ်ရာဖြစ်ခဲ့လျှင် ကုမ္ပဏီကသာ တာ ဝန်ခံရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
စက်တင်ဘာ ၁၂ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ မင်္ဂလာဈေးမှ (ဆေးဆိုင်နှင့် စားသောက်ကုန်များ ရောင်းသည့် ဆိုင်များမှအပ) ဆိုင်ခန်းများနှင့် ယုဇနပလာဇာရှိ ဆိုင်ခန်းအားလုံးကို ယာယီပိတ်သိမ်းခဲ့ကြောင်း သိရသည်။
***************************************
END / 251