အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အဲဒီထဲက အစ္စရေးကိုဝေဖန်ထားတဲ့ ညီလာခံဆုံးဖြတ်ချက်နှစ်ခုကို ပြီးခဲ့တဲ့အပတ်ကပဲချမှတ်ခဲ့တာဖြစ်ပြီး UNGAရဲ့ ရှုတ်ချတဲ့ဆုံးဖြတ်ချက်ချမှတ်ခံခဲ့ရတဲ့ နိုင်ငံပေါင်း၁၇နိုင်ငံရှိခဲ့ပြီး တစ်ခြားနိုင်ငံတွေနဲ့ယှဉ်ရင် အစ္စရေးဟာ ရှုတ်ချခံရတဲ့အရေအတွက်သုံးဆခန့်များနေပြီး ၆ကြိမ်ထိ ရှုတ်ချခံခဲ့ရပါတယ်။ မြောက်ကိုရီးယား အီရန် ဆီးရီးယား နဲ့ မြန်မာတို့ဟာ တစ်ကြိမ်စီ ကုလရဲ့ရှုတ်ချတဲ့ဆုံးဖြတ်ချက်ချမှတ်ခံခဲ့ရပြီး ယူကရိန်းတောင်ပိုင်း ကျွန်းဆွယ်နိုင်ငံဖြစ်တဲ့ ခရိုင်မီယာဟာ ကုလညီလာခံမှာ နှစ်ကြိမ်ရှုတ်ချခံခဲ့ရတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
အစ္စရေးကိုဝေဖန်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တွေချမှတ်နေတဲ့အတွက် ကုလကို အစ္စရေးထောက်ခံသူတက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။ အစ္စရေးကို ကုလရှုတ်ချမှုတွေထဲက တစ်ခုဟာဆိုရင် အသိမ်းပိုက်ခံအနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေရဲ့ သဘာဝသံယံဇာတတွေကို တူးဖော်မှုတွေနဲ့ အသိမ်းပိုက်ခံဆီးရီးယားက ဂိုလန်ကုန်းမြင့်တွေက သဘာဝအရင်းအမြစ်တွေကို တူးဖော်မှုတွေအတွက် ရှုတ်ချထားတာပဲဖြစ်ပါတယ်။
နိုဝင်ဘာတုန်းကချမှတ်ခဲ့တဲ့ ကုလဆုံးဖြတ်ချက်တစ်ခုမှာ ၁၉၆၇ခုနှစ်ကတည်းကသိမ်းပိုက်ထားခဲ့တဲ့ ဂိုလန်ကုန်းမြင့်ကနေ အစ္စရေးဆုတ်ခွာခြင်းမရှိတဲ့အပေါ် အရမ်းကိုစိုးရိမ်ပူပန်ကြောင်း နဲ့ ၁၉၆၇ခုနှစ်ကတည်းက အသိမ်းပိုက်ခံဆီးရီးယားဂိုလန်ကုန်းမြင့်မှာ အစ္စရေးရဲ့ကျူးကျော်အခြေချဆောက်လုပ်မှုတွေနဲ့ တစ်ခြားလှုပ်ရှားမှုတွေအတွက် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလတုန်းကချမှတ်ခဲ့တဲ့ ကုလညီလာခံဆုံးဖြတ်ချက်မှာလည်း ပါလက်စတိုင်းဒုက္ခသည်အရေးဖြေရှင်းဖို့အလွန်အရေးကြီးကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ကနေ ပါလက်စတိုင်းဒုက္ခသည်တွေရဲ့ပိုင်ဆိုင်မှုတွေနဲ့ အလုပ်အကိုင်ဝင်ငွေတွေရရှိရေး ညှိနှိုင်းဆောင်ရွက်သွားကြဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း ကုလအရှေ့အလယ်ပိုင်းဆိုင်ရာသံတမန် နီကိုလေမယ်လ်ဒီနော့ဗ်က အသိမ်းပိုက်ခံအရှေ့ဂျေရုဆလင်မှာ တရားမဝင်ဂျူးအခြေချမှုတွေတိုးချဲ့ဖို့ အစ္စရေးဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အရမ်းကိုစိုးရိမ်မိကြောင်းနဲ့ ဒါဟာပါလက်စတိုင်းနိုင်ငံထူထောင်ရေး ပိုပြီးခက်ခဲစေလိမ့်မယ် လို့ ပြောကြားခဲ့သလို ကျူးကျော် အခြေချဆောက်လုပ်ရေးတွေဟာ နိုင်ငံတကာတရားဥပဒေအောက်မှာ တရားဝင်မှုမရှိကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒီကျူးကျော်အခြေချမှုလုပ်ရပ်တွေဟာ နောက်တက်မဲ့အမေရိကန်အစိုးရပိုင်းအတွက် ဒေါသထွက်စရာအရေးကိစ္စဖြစ်နိုင်ပြီး ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်ဟာ ကျူးကျော်အခြေချတိုးချဲ့မှုတွေကို ဆန့်ကျင်ကန့်ကွက်ထားသူဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းတုန်းကလည်း အနောက်ဘက်ကမ်းဒေသမှာ တရားမဝင်ကျူးကျော်အခြေချမှုတွေမှာ အလုပ်လုပ်နေတဲ့ ကုမ္ပဏီ ၁၀၀ကျော်စာရင်းကို ထုတ်ပြန်ခဲ့ပြီးနောက် အစ္စရေးဟာ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR) နဲ့ ဆက်ဆံရေးကိုဆိုင်းငံ့ပစ်ခဲ့ပါတယ်။ ဒီနှစ်အောက်တိုဘာတုန်းကလည်း ပါလက်စတိုင်းက ကုလလူ့အခွင့်အရေးလုပ်သားတွေကို အစ္စရေးက ဗီဇာထုတ်ပေးမှုတွေလည်း ပိတ်ပင်ခဲ့ပြီး OHCHR ကန်းထရီးဒါရိုက်တာ ဂျိမ်းစ်ဟီနန်အပါအဝင် သူတို့ကိုနိုင်ငံတွင်းက အတင်းအဓ္ဓမ မောင်းထုတ်ခဲ့ပါတယ်
Al Jazeera သတင်းဌာနပါ “Israel most condemned by UN in 2020 – three times other nations” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
******************************************
END / 251