၄ ဖေဖော်ဝါရီ ၂၀၂၁ - ၂၀:၂၆
မြန်မာစစ် အာဏာသိမ်း ယူမှု ကျရှုံးအောင် လုပ်ဆောင် သွားဖို့ ကုလအကြီး အကဲ ဂူတာရက်ဇ်က နိုင်ငံတကာ အသိုင်းအဝန်း ကိုတိုက်တွန်း

မြန်မာစစ်အာဏာသိမ်းမှုအောင်မြင်မှုမရရှိအောင် ကြိုးပမ်းကြဖို့ ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်ဇ်က ကမ္ဘာ့အသိုင်းအဝန်းကိုတိုက်တွန်းပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာစစ်အာဏာသိမ်းမှုအောင်မြင်မှုမရရှိအောင် ကြိုးပမ်းကြဖို့ ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်ဇ်က ကမ္ဘာ့အသိုင်း အဝန်းကို တိုက်တွန်းပြောကြား လိုက်ပါတယ်။


“ရွေးကောက်ပွဲရလဒ်ပြောင်းလဲဖို့ကြိုပမ်းမှုတွေဟာ လက်ခံနိုင်စရာမရှိပါဘူး။ စစ်အာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ ဒါဟာနိုင်ငံကိုအုပ်ချုပ်ဖို့နည်းလမ်းမဟုတ်ဘူးဆိုတာ သိနားလည် ရပါမယ်” လို့ သူကပြောကြားခဲ့ပါတယ်။ မြန်မာအရေးနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီကထုတ်ပြန်ချက် ထုတ်ပြန်နိုင်ဖို့ဆွေးနွေးနေပေမယ့် စစ်အာဏာ သိမ်းယူ မှု ကို ရှုတ်ချတဲ့ဘယ်လိုစကားပုံစံကိုမဆို တရုတ်ကပယ်ချသွားဖို့ရှိနေတာဖြစ်ပါတယ်။


စစ်တပ်ကအာဏာသိမ်းယူလိုက်ချိန်မှာပဲ ရွေးကောက်ခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသလို မြန်မာရဲတပ်ဖွဲ့က နောက်ပိုင်းမှာ သူမကိုစွဲချက် အများအပြားနဲ့စွဲချက်တင်ခဲ့ပြီး ဖေဖေါ်ဝါရီ ၁၅ရက်နေ့ထိ ရမန်ချုပ်မိန့်ကျခံထားရပါတယ်။ စစ်အာဏာသိမ်းယူပြီးကတည်းက ဒေါ်စုနဲ့ သမ္မတဦးဝင်းမြင့်တို့ အကြောင်း သိရှိရခြင်းမရှိသေးပါဘူး။ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အဖွဲ့ဝင်၁၁ယောက်ပါဝင်တဲ့ အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။


လူမှုမီဒီယာကိုပိတ်ပင်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို စစ်တပ်ကအမိန့်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတဲ့ကြား  ကြာသပတေးနေ့မှာ မြန်မာနိုင်ငံမှာဖေ့စ်ဘုတ်သုံးစွဲမှုတွေပိတ်ပင်ခံလိုက်ရပါတယ်။ ဒီလိုပိတ်ပင်မှုကို ကုမ္ပဏီတွေကအတည်ပြုခဲ့ပြီး အာဏာပိုင်တွေအနေနဲ့ ဆက်သွယ်ရေးကိုပြန်လည်ခွင့်ပြုပေးဖို့ ဒါမှသာ မြန်မာနိုင်ငံသားတွေ သူတို့ရဲ့မိသားစုတွေ မိတ်ဆွေတွေကိုဆက်သွယ်နိုင်မှာဖြစ်သလို အရေးကြီးတဲ့သတင်းအချက်အလက်တွေရရှိနိုင်မှာဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ စစ်အာဏာသိမ်းယူမှုကိုဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ရက်တွေမှာ တက်ကြွလှုပ်ရှားသူတွေက ဖေ့စ်ဘုတ်ပေ့ခ်ျတွေမှာ ကမ်းပိန်းပူးပေါင်းလုပ်ဆောင်မှုတွေရှိခဲ့ပါတယ်။


မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည် ထူထောင်ဖို့ ကုလအထွေထွေအတွင်းရေးမှူးက တိုက်တွန်းပြောကြားခဲ့သလို ဒီအရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ စည်းလုံးညီညွတ်မှုရရှိဖို့မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ “ဒီစစ်အာဏာသိမ်းယူမှုကျရှုံးစေဖို့ နိုင်ငံတကာအသိုင်းအဝန်းက အဓိကကျသူအားလုံး မြန်မာနိုင်ငံ အပေါ်ဖိအားပေးမှုတွေလုပ်ဆောင်သွားဖို့ ကျွန်တော်တို့အသင့်ပြင်ထားပြီး လုပ်နိုင်သမျှအားလုံးလုပ်ဆောင်သွားမှာပါ” လို့သူကပြောကြားခဲ့ပါတယ်။ “ရွေးကောက်ပွဲရလဒ်နဲ့ ပြည်သူ လူထုရဲ့ဆန္ဒကိုပြောင်းလဲဖို့လုပ်ဆောင်မှုတွေဟာ လုံးဝလက်ခံနိုင်စရာမရှိပါဘူး။ ဒါဟာနိုင်ငံကိုအုပ်ချုပ်ဖို့နည်းလမ်းမဟုတ်ဘူးဆိုတာနဲ့ ရှေ့ဆက်သွားဖို့ နည်းလမ်း မဟုတ်ဆိုတာ မြန်မာစစ်ခေါင်းဆောင်နားလည်အောင်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ဂူတာရက်ဇ်ကပြောကြားခဲ့ပါတယ်။


စစ်အာဏာသိမ်းယူမှုကို အနောက်နိုင်ငံတွေကလည်းရှုတ်ချခဲ့ကြပြီး လုံခြုံရေးကောင်စီမှာဒီအရေးနဲ့ပတ်သက်ပြီး ကြိုးပမ်းအားထုတ်မှုတွေဟာ တရုတ်ရဲ့ကြားဝင်အတိုက် အခံလုပ်နေတာကြောင့် အောင်မြင်မှုမရသေးပါဘူး။ တရုတ်ဟာကောင်စီမှာ ဗီတိုအာဏာရရှိထားတဲ့ အမြဲတမ်းအဖွဲ့ဝင် ၅နိုင်ငံထဲကတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာကိုနိုင်ငံ တကာရဲ့စစ်ဆေးမှုတွေကနေ ကာလရှည်ကြာကာကွယ်ပေးခဲ့တဲ့အဓိကအခန်းက ပါဝင်ခဲ့တဲ့ ဘေဂျင်းက စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အရေးယူပိတ်ဆို့မှုတွေနဲ့ နိုင်ငံတကာဖိအားတွေဟာ အခြေအနေတွေကိုပိုမိုဆိုးရွားသွားစေလိမ့်မယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာလူမျိုးစုအပေါ် မြန်မာ စစ်တပ်ရဲ့ဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး ကုလမှာဝေဖန်မှုတွေကနေ ရုရှားကလည်း အကြိမ်ကြိမ်ကာကွယ်ပေးခဲ့ပါတယ်။


ဘီဘီစီ News သတင်းဌာနပါ “Myanmar coup: UN chief Guterres calls for failure of military takeover” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


******************************************
END / 251