အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ဂျပန်နိုင်ငံတွင် တိုကျို၊ အိုဆာကာ၊ နာဂိုယာ၊ အိုခယမ၊ အိုခီနဝ၊ ဟောကိုင်းဒိုးမြို့ကြီးတွေမှာ အာဏာသိမ်းမြန်မာ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအား အကြမ်းဖက် ပစ်ခတ်နေတာကြောင့် အသက်သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲတွေနဲ့ CRHP ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်တွေကို ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ နိုင်ငံတကာလှုပ်ရှားမှုတွေအဖြစ် ပြုလုပ်ခဲ့ကြပါတယ်။
တိုကျိုမြို့ ကုလသမဂ္ဂရုံးရှေ့မှာတော့ မြန်မာနိုင်ငံတွင်းက CDM လှုပ်ရှားမှုနဲ့ ပြည်တွင်းက ဆန္ဒပြ ဖော်ထုတ်နေတဲ့ ပြည်သူတွေကို ထောက်ခံအားပေး ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ပြီး မြန်မာတိုင်းရင်းသား ၂၅၀၀ ကျော် လာရောက်ပူးပေါင်းခဲ့ကြပါတယ်။
Shibuya မြို့ လူစည်ကားတဲ့နေရာမှာလည်း မြန်မာပြည်သူတွေကို စစ်တပ်က အကြမ်းဖက် သတ်ဖြတ်နေမှုကို သရုပ်ဖော်လှုပ်ရှားမှုတွေနဲ့ ပြုလုပ်ခဲ့သလို ဂျပန်နိုင်ငံရဲ့ တခြား မြို့ကြီးတွေမှာလည်း ဆန္ဒပြရင်း သေဆုံးရသူတွေအတွက် ဆုတောင်းပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
******************************************
END / 251
၂၈ ဖေဖော်ဝါရီ ၂၀၂၁ - ၁၉:၅၇
News ID: 1119444