၁၅ မတ် ၂၀၂၁ - ၂၀:၅၉
မန္တလေး တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပစ်ခတ် မှုကြောင့် ၂ ဦး ကျဆုံး၊ အများ အပြား ဒဏ်ရာရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်အတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် မတ်လ ၁၅ ရက်နေ့ ည​နေ ၅ နာရီကျော်တဲ့ အချိန်ထိ သေဆုံးသူ ၂ ဦးရှိပြီး ပြင်းထန်ဒဏ်ရာရသူအများအပြားရှိပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်အတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် မတ်လ ၁၅ ရက်နေ့ ည​နေ ၅ နာရီကျော်တဲ့ အချိန်ထိ သေဆုံးသူ ၂ ဦးရှိပြီး ပြင်းထန်ဒဏ်ရာရသူအများအပြားရှိပါတယ်။

သေဆုံးသူတွေဟာ အောင်ပင်ရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် ကိုသန်းထိုက်ဦး ဆိုသူ နဲ့ မြရည်နန္ဒာရပ်ကွက်နေ အသက် ၂၂ နှစ်အရွယ် ကိုဝေဖြိုးသိန်း တို့ ဖြစ်ပါတယ်။

ကိုဝေဖြိုးသိန်းဟာ ၁၁၂ A လမ်း၊ ၅၄  လမ်းနှင့် ၅၅ လမ်းကြားမှာ နောက်ကျောကို ကျည်ထိမှန် သေဆုံးခဲ့တာဖြစ်ပြီး ကိုသန်းထိုက်ဦးကတော့ ၅၅ လမ်း၊ ၁၀၈ လမ်းနဲ့ ၁၀၉ လမ်းကြားမှာ ညာဘက်ချိုင်းအောက် ကျည်ထိမှန် သေဆုံးခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ချမ်းမြသာစည်မြို့နယ်အတွင်းမှာ ဒီကနေ့ မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေး ထိုင်သပိတ်ပြုလုပ်ခဲ့ပြီးတဲ့နောက် အနီးနား ရပ်ကွက်တွေဖြစ်တဲ့ မြရည်န္ဒာ၊ အောင်ပင်လယ်၊ ကန်သာယာ စတဲ့ ရပ်ကွက်တွေမှာ အကြမ်းပစ်ခတ်တာတွေ ဖြစ်ခဲ့တာပါ။

စစ်သားတွေ ရဲတွေဟာ ဆိုင်ကယ်တွေနဲ့ စစ်အာဏာရှင်ပြုတ်ကျရေး တောင်ဆို ဆန္ဒပြသူတွေကို ဖမ်းဆီးတာ ပစ်ခတ်တာတွေရှိပါတယ်။ ဒါ့အပြင် ပြည်သူ​တွေ လုပ်ထားတဲ့ အတားအဆီးတွေကို ဘူဒိုဇာနဲ့ ဖယ်ရင်း ပစ်ခတ်ဖမ်းဆီးတာတွေလည်း လုပ်တယ်လို့ သိရပါတယ်။




******************************************
END / 251