အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ဂျာမနီကွင်းလယ်ကစားသမား မီဆွတ်အိုဇေးလ်က မွတ်စလင်တွေရဲ့မြင့်မြတ်တဲ့ ရာမဒန်ဥပုသ်လမြတ်အတွင်း ထောက်ပံ့ကူညီရေးအနေနဲ့ တူရကီလခြမ်းနီအဖွဲ့ကို ယူရို ၁၀၁၀၀၀ (ဒေါ်လာ ၁၂၀၇၇၀) လှူဒါန်းပေးခဲ့ကြောင်း Anadolu သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တူရကီလခြမ်းနီလူမှုကယ်ဆယ်ရေးအသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ အိုဇေးလ်ရဲ့လှူဒါန်းမှုတွေကို တူရကီကလိုအပ်နေတဲ့သူတွေအတွက် အစားအသောက်ပါဆယ်ထုတ် ၂၈၀၀ ထောက်ပံ့ပေးသွားမှာဖြစ်သလို အင်ဒိုနီးရှားအတွက် ပါဆယ်ထုတ် ၁ထောင် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာမွတ်စလင်တွေအတွက် အစားအစာပါဆယ်ထုတ် ၇၅၀ ထောက်ပံ့ကူညီပေးတဲ့နေရာမှာ အသုံးပြုသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အိဖ်သာရ်အစားအစာတွေကို ရာမဒန်ဥပုသ်တစ်လလုံး ဆီးရီးယား အီဒ်လစ်ဗ်က မိဘမဲ့ကလေးတွေနဲ့ ဆိုမာလီမြို့တော် မိုဂါဒစ်ရှုးက မိဘမဲ့ကလေးတွေအတွက် ထောက်ပံ့ကူညီပေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ထပ်ဖြည့်ပြောကြား ထားပါတယ်။ အိုဇေးလ်ဟာ နိုင်ငံအများအပြားက ကလေးငယ်ထောင်ပေါင်းများစွာရဲ့မျက်နှာပေါ်က အပြုံးတွေဝေဆာနေအောင် ပံ့ပိုးကူညီပေးနေခဲ့တာဖြစ်ကြောင်း တူရကီလခြမ်းနီအဖွဲ့ဥက္ကဌ ဒေါက်တာကီရင်မ်ကီနစ်ခ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထုတ်ပြန်ချက်ထဲ မှာဖော်ပြထားပါတယ်။
အိုဇေးလ်ဟာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး တူရကီ-ဂျာမန် ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးပဲဖြစ်ပါတယ်။
Middle East Monitor သတင်းဌာနပါ “Ozil donates $120000 to children of Rohingya, Syria, Somalia” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကို ညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာ သို့ဆီလျော်အောင်ပြန်ဆိုသည်။
*****************************************************************
END / 251