အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
((သဖ်စီးရ် ရေ ကုရ်အာန် နေ မဂျီးဒ် ဗရ်ကရိဖ်သေဟ် အဇ် အာဇါရေ အေမာမ် ခိုမေနီ (ရ.ဟ) )) စာအုပ် အား (( မိုအ်စေစေယေဟ် ကောင်စဲလ် )) ၏ ကြိုးပမ်း အားထုတ် မှု ဖြင့် အစ္စတန်ဘူလ်သုံး တူရကီ ဘာသာစကားဖြင့် ဘာသာပြန် ပုံနှိပ်ထုတ်ဝေ ခဲ့ပြီး စိတ်ဝင်စားသူများ ရယူနိုင်ရန် စီစဉ် ထား ကြောင်း သိရှိ ရပါတယ်။
ဤဘာသာပြန်စာအုပ် သည် အေမာမ် ခိုမေနီ (ရ.ဟ) ၏ ကျမ်းတော် မြတ်ကုရ်အာန် ဆိုင်ရာ နှင့် သဖ်စီးရ် ဆိုင်ရာ ရေးသားမှုများ ၊ ဟောပြောထားမှုများ မှ ကောက်နုတ် ၍ တင်ပြ ထားခြင်း ဖြစ်ပါတယ်။ အတွဲ ၅ တွဲ အဖြစ် ဘာသာပြန်ဆို ထုတ်ဝေ ထားပါတယ်။
ဤ စာအုပ် အား အစ္စတန်ဘူလ်သုံး တူရကီ ဘာသာစကားဖြင့် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) )(علیهم السّلام၏ အပြည်ပြည်ဆိုင်ရာ ကဏ္ဍ နှင့် မိုအ်စေစေယေဟ် သန်ဇီးမ် ဝါ နရှ်ရေ အာစါရေရ် အေမာမ် ခိုမေနီ (ရ.ဟ) တို့ မှ အစ္စတန်ဘူလ်သုံး တူရကီ ဘာသာစကားဖြင့် ဘာသာပြန် စေခဲ့ပါတယ်။
ဤအဖိုးတန် ဘာသာပြန် စာအုပ် ၊ အတွဲ ၅ တွဲ အား တူရကီ ရှီအာ များ ပိုင် မိုအ်စေစေယေ ကောင်စဲရ် မှ ပြီးခဲ့သည့် နှစ် ဆောင်းရာသီ တွင် ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။ တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့ တွင် ပုံနှိပ် ထုတ်ဝေခဲ့ ပြီး အများပြည်သူ ရယူနိုင်ရန် စီစဉ် ထား ကြောင်း သိရှိ ရပါတယ်။
*****************************************************************
END / 251