၇ ဇွန် ၂၀၂၁ - ၀၆:၀၃
အေမာမ်ဆွာဒစ် (အ.စ) ၏ အရေးကြီးတကာ အရေးကြီးဆုံး ဆောက်ရွက်ချက်မှာ အစ္စလာမ်သာသနာ ၏ သွန်သင်ဆုံးမချက်များကို အများသိအောင်ပြုခြင်းနှင့် ထူးချွန် သူများကို သာသနာပညာ သင်ကြား သွန်သင် ပေးခြင်းဖြစ်ပါတယ် …

ဂျအ်မေဟ်မိုဒရေစီးန် ဟောင်ဇေအေလ်မီယေ ကွမ်း ၏ ဥက္ကဋ္ဌ ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် ဟာရှင်မ် ဟိုစိန်နီ ဟောကြားသည်မှာ - ထူးချွန် သည်သူများ နှင့် သာသနာ့ ကျောင်းသားများ ကို သာသနာ့ ပညာ သင်ကြားသွန်သင် ပေးခြင်းသည် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ အရေးအကြီး တကာ အရေးကြီးဆုံး ဆောင်ရွက်ချက်များ မှ တစ်ခု ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဟောင်ဇေဟ် သတင်းဌာန ၏ သတင်း အထောက်အထား များ အရ ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် ဟာရှင်မ် ဟိုစိန်နီ မှ အေမာမ်ရေဇာ (အ.စ) ၏ ဇေယာရသ်ပြုသူအမြောက်အများ နှင့် ရောင်ဇာတော် ၏ သာသနာ့ ဝန်ထမ်းအများ ကြား ဗိုင်ဂန်ဗိုင်ရ် ရေ အာဇန်မ် (ဆွ) အမည် ရှိ ရောင်ဇာတော် ၏ ရင်ပြင်တော် တွင် ပြုလုပ်သည့် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ရှဟာဒသ် ဆိုင်ရာ အထူး အစီအစဉ် တစ်ခု တွင် ဟောကြားသည်မှာ - ဟဇရသ် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ အေမာမ်မသ်တာဝန် ကို ထမ်းဆောင်ရသည့် ခေတ်ကာလ မှ အလွန်တရ ခက်ခဲကြမ်းတမ်း ကြောင်း ၊ ယုတ်စွ အစ္စလာမ့် သမိုင်း ၏ အခက်ခဲဆုံး နှင့် နိုင်ငံရေး အရှုပ်ထွေး ဆုံး ခေတ်ကာလ ဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။

 

ဆက်လက်ပြီး အာယာသွလ္လာဟ် မှ ဟောကြားသည်မှာ - ရှီအာ မွတ်စလင်မ်များ ၏ ခြောက်ပါး မြောက် အေမာမ် ၊ အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ အေမာမ်မသ် တာဝန် ကို ထမ်းဆောင်ချိန် အမာဝီ ခိုလဖာ နှင့် ဗနီအဘာစ်စီ ခိုလဖာ တို့ ၏ ရက်စက်ယုတ်မာ သတ်ဖြတ်နေ သည့် ကာလ နှစ်ခု စလုံး နှင့် ရင်ဆိုင်ခဲ့ရကြောင်း ၊ ၎င်းအချိန် တွင် အေမာမ်ဆွာဒစ် (အ.စ) ၏ အရေးကြီးတကာ အရေးကြီးဆုံး ဆောက်ရွက်ချက်မှာ အစ္စလာမ်သာသနာ ၏ သွန်သင်ဆုံးမချက်များကို အများသိအောင်ပြုခြင်းနှင့် ထူးချွန် သူများကို သာသနာပညာ သင်ကြား သွန်သင် ပေးခြင်းဖြစ် ကြောင်း ဟောကြားခဲ့ပါတယ်။

 

ပြီးနောက် ၎င်း မှ ဆက်လက်ပြီး အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) အနေဖြင့် ထူးချွန် သာသနာ့ ကျောင်းသားများ ကို သွန်သင်ပဲ့ပင် ပေးပြီး ၎င်းတို့ကို အစ္စလာမ် သာသနာကို လက်ခံသည့် မြေ(နေရာ) ပေါင်းစုံ နိုင်ငံ ပေါင်းစုံ သို့ စေလွှတ်ခဲ့ပြီး အစ္စလာမ့် အသိုင်းအဝိုင်း အစ္စလာမ့် ပတ်ဝန်းကျင် အတွက် အဖိုးမဖြတ်နိုင် သည့် ကျေးဇူးပြုမှု ကို ပြုခဲ့ကြောင်း ဟောကြားပါတယ်။

 

ဆက်လက်ပြီး အာယာသွလ္လာဟ် မှ ဟောကြားသည်မှာ - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ အေမာမ်မသ် အနေဖြင့် အမာဝီ ခိုလဖာ နှင့် ဗနီအဘာစ်စီ ခိုလဖာ တို့ ရက်စက်ယုတ်မာ သတ်ဖြတ်သည့် ကာလ နှစ်ခု စလုံး နှင့်ရင်ဆိုင်ခဲ့ရသည့် ကြား မှ တပည့်ပေါင်း ၄၀၀၀ ကို ပြုစု ပျိုးထောင် သွန်သင် ရာတွင် အောင်မြင်ခဲ့ကြောင်း ၊ ပြီးနောက် အေမာမ် (အ.စ) ၏ ကျောင်းမှ ဆင်းသည့် တပည့်များ မှ အစ္စလာမ် မြေ အစုံနှင့် အစ္စလာမ့် နိုင်ငံ ပေါင်းစုံ သို့ သွားရောက်ပြီး အစ္စလာမ့် အသိုင်းအဝိုင်း နှင့် အစ္စလာမ့်ပတ်ဝန်းကျင်တွင် ကျမ်းတော်မြတ်ကုရ်အာန် နှင့် မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ဟဒီးစ်တော်မြတ် များ ၏ အလင်းရောင်ကို ပို့သပေးခဲ့ကြ ကြောင်း မိန့် ကြားပါတယ်။

 

ဆက်လက်ပြီး ၎င်း မှ - ယနေ့ ဟောင်ဇေအေလ်မီယေ သည် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ တန်ဖိုးထား အလေးပေးရမည့် မမေ့ထိုက်သည့် အမွေအနှစ် ဖြစ်ကြောင်း ဟောကြားရင်း အေမာမ်ခိုမေနီ (ရ.ဟ) သည်လည်း အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ကျောင်းတော် မှ ဆင်းသည့် တပည့် များ မှ တစ်ဦး ဖြစ်ကြောင်း ၊ အေမာမ် ခိုမေနီ (ရ.ဟ) မှ အလ္လာဟ် ဟို အရှင်မြတ် ၏ အင်အား၊စွမ်းအား နှင့် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ပညာ အမွေအနှစ် ကို အသုံးပြု၍ အစ္စလာမ့် ကမ္ဘာ တွင် ပြောင်းလဲမှုကြီး တစ်ခု ကို လုပ်ဆောင်ခဲ့ကြောင်း ဟောကြားခဲ့ပါတယ်။

 

ဆက်လက်ပြီး ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် ဟာရှင်မ် ဟိုစိန်နီ ပြောကြားသည်မှာ - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ အရေးအကြီးတကာ အကြီးဆုံး လှုပ်ရှား မှုများ မှ တစ်ခု မှာ လမ်းလွဲ လမ်းချော်နေသည့် အတွေး အခေါ်များ နှင့် မဇ်ဟဗ်များ နှင့် ရင်ဆိုင် ခြင်း ဖြစ်ကြောင်း ၊ လမ်းလွဲလမ်းမှားနေသည့် အုပ်စု နှင့် မိုနာစေရဟ် ( အပြန်အလှန် စကား အချေ အတင် ဆွေးနွေးခြင်း) ကိုပြုလုပ်ခဲ့ ကြောင်း ၊ အမြဲတန်း ဤ မိုနာစေရဟ် များတွင် အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ခိုင်မာ ပြီး ငြင်းမရသည့် အထောက်အထားများ ကြောင့် အေမာမ် (အ.စ) ကို အရှုံး ပေးခဲ့ရကြောင်း ဟောကြားခဲ့ပါတယ်။

 

ပြီးနောက် အာယာသွလ္လာဟ် မှ - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) အေမာမ်မသ် တာဝန် ထမ်းဆောင်နေသည့် ကာလ မှ ဗနီအိုမိုင်ယာ အာဏာ ရှင်များ ၏ အဆုံးသတ်ခရီး နှင့် ဗနီ အဘာစ် တို့ ၏ အာဏာ စရချိန် ဖြစ်နေ၍ အေမာမ် (အ.စ) အနေဖြင့် သာသနာ့ အတွက် အလုပ်အကျွေးပြုရန် အခွင့်အခါ သင့် ဖြစ်ခဲ့ ကြောင်း ဟောကြားခဲ့ပါတယ်။

 

အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) အနေဖြင့် ဤကဲ့သို့ ရွှေကဲ့သို့ တန်ဖိုးရှိ ကာလကို တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ယူဆောင်လာသည့် အစ္စလာမ် အစစ်ကို ရှင်သန်အောင် အသုံးချ နိုင်ခဲ့ကြောင်း ၊ အစ္စလာမ့် သမိုင်းတွင် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ အမည် ကို တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ယူဆောင်လာသည့် အစ္စလာမ် အစစ်ကို တဖန် ရှင်သန်အောင်ပြုခဲ့သူအဖြစ် မှတ်တမ်းတင်ထားခြင်းခံရကြောင်း ၊အဆုံးတွင် အေမာမ် ၏ ရှဟာဒသ် ခံယူတော်မူပုံ ကို ဟောကြားပြီး နောင်ဟာဖတ်ခြင်း မာတမ်ပြုခြင်းဖြစ် အစီအစဉ်ကို အဆုံးသတ်ခဲ့ကြောင်း သိရှိရပါတယ်။

 

*****************************************************************

END / 251