၁၆ ဇွန် ၂၀၂၁ - ၁၇:၅၂
ဆော်ဒီ အစိုးရ မှ ရှီအာ မွတ်စလင်မ် လူငယ် တစ်ဦး အား သေဒဏ်ပေး ကွပ်မျက်

ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးဌာန မှ ၂၀၁၅ ခုနှစ်စ၍ ထောင်ကျခံနေရသည့် သာရိုသ်လူမျိုး ရှီအာ မွတ်စလင်မ် လူငယ် တစ်ဦး ဖြစ်သည့် မွတ်စ်သဖွာ ဗင် ဟာရှင်မ် ဗင် အီဆာ အာလေဒရ်ဝေရှ် အား သေဒဏ်ပေး ကွပ်မျက် ခဲ့ကြောင်း သတင်းထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးဌာန မှ ဇွန်လ ၅ရက်နေ့ တွင် ရှီအာ မွတ်စလင်မ် လူငယ် တစ်ဦး ကို သေဒဏ်ပေး ကွပ်မျက် ခဲ့ကြောင်း သတင်းထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။

ဤကြေငြာချာက်အရ ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးဌာန မှ ၂၀၁၅ ခုနှစ်စ၍ ထောင်ကျခံနေရသည့် သာရိုသ်လူမျိုး ရှီအာ မွတ်စလင်မ် လူငယ် တစ်ဦး ဖြစ်သည့် မွတ်စ်သဖွာ ဗင် ဟာရှင်မ် ဗင် အီဆာ အာလေဒရ်ဝေရှ် အား သေဒဏ်ပေး ကွပ်မျက် ခဲ့ကြောင်း သိရှိရပါတယ်။

တရားဝင် ဆော်ဒီ သတင်းဌာန ၏ ကြေငြာ ချက်တွင် ရှီအာ မွတ်စလင်မ် လူငယ် အား စွဲချက် ၁၃ ခု ကြောင့် သေဒဏ်ပေး ကွပ်မျက်ခဲ့ကြောင်း ကသီးဖ် တွင် ဆန္ဒပြ မှု တွင်ပါဝင် ခဲ့ခြင်း သည် လည်း စွဲချက် တစ်ခု ဖြစ်ကြောင်း လာ ရှိပါတယ်။

လက်ရှိ ဆော်ဒီ အာဏာပိုင် (ဘုရင်) ကို လက်နက်ကိုင် တော်လှန်ခြင်း ၊ လုယက် ဒါမြ တိုက်ခြင်း ၊ တရားမဝင် အဖွဲ့ ဖွဲ့စည်းခြင်း ၊ လုံခြုံရေး စင်တာများ နှင့် ကင်းလှည့် လုံခြုံရေးတပ်သားများ ကို သေနတ် နှင့် ပတ်ခတ်ခြင်း၊ ကာသီးဖ် တွင် ပုန်ကန် မှု ဖြစ်အောင် လုပ်ခြင်း တို့သည်  ၎င်း ရှီအာ မွတ်စလင်မ် လူငယ် မှ ပြုလုပ်ထား သည်ဟု ဆော်ဒီ အစိုးမှ စွဲချက် တင်ထားခဲ့ ခြင်း ဖြစ်ပါတယ်။

သတင်းဌာနများ ၏ အထောက်အထား အရ ၎င်းရှီအာ မွတ်စလင်မ် လူငယ် အား စွဲချက်များ ကို ဝန်ခံ လက်မှတ်ထိုးရန် လူမဆန်သည့် ညှဉ်းပန်း နှိပ်စက်မှု လိင်ပိုင်းဆိုင်ရာ ဒုက္ခပေးမှု တို့ ကို ပြုလုပ် ခဲ့ ကြောင်း သိရှိ ရပါတယ်။

လူ့အခွင်းအရေး ဆိုင်ရာ အဖွဲ့ အစည်း များ အချို့ မှ သာရိုသ်လူမျိုး ရှီအာ မွတ်စလင်မ် လူငယ် တစ်ဦး ဖြစ်သည့် မွတ်စ်သဖွာ ဗင် ဟာရှင်မ် ဗင် အီဆာ အာလေဒရ်ဝေရှ် အား သေဒဏ်ပေး ကွပ်မျက် ခြင်း ကို ဖျက်သိမ်း ပေး ရန် တောင်းဆိုခဲ့သည့် ကြား မှ ၎င်း လူငယ် အား ဆော်ဒီ အစိုးရမှ ရက်ရက် စက်စက် သေဒဏ်ပေး ကွပ်မျက်ခဲ့ကြပါတယ်။

 

*****************************************************************

END / 251