အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တွင် ဇွန်လ ၁၈ ရက်က ကျင်းပခဲ့သည့် သမ္မတသစ် ရွးကောက်ပွဲတွင် အမေရိကန် နှင့် မဟာမိတ် များ အလွန် စိုးရိမ် နေသည့် သူကျွန်မခံ သမား အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ မဲ အပြတ် အသတ်ဖြင့် အနိုင် ရ ခဲ့ပါတယ်။
အမေရိကန် ၊ အစ္စရေး ၊ နှင့် မဟာမိတ် နိုင်ငံများ က အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ သည့် မိမိတို့ အကြိုက် မလိုက်ပေးသည့် က တစ် ကြောင်း ၊သူတို့ကျွန်မခံ သည်က တစ်မျိုးကြောင့် ၎င်းအားအလွန်ရှေးရိုးစွဲဆန်သည့်သူ ဟု ပြောဆို ကြပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တွင် ရွေးကောက်ပွဲ တွင် အီရန် ပြည်သူ့ များ မပါဝင်ကြရန် အီရန် ရန်သူများ မှ အင်တိုက် အားတိုက် ဒေါ်လာ သန်းပေါင်း များ စွာ အသုံးပြုပြီး အီရန် ပြည်သူ့ လူထု ၏ အတွေး အခေါ် များ ကို ဖျက်စီးဖို့ ကြိုးစားခဲ့ပါတယ် ။
(၁၃) ကြိမ် မြောက် အီရန် ရွေးကောက် ပြိုင်ဝင် တွင် ဝင်ရောက်ပြိုင် ရန် စာရင်း ပေးခဲ့သည့်သူများ သည် အီရန် နိုင်ငံ အခြေ ခံ ဖွဲပစည်းပုံ ဥပဒေ နှင့် မကိုက်ညီ၍ အပယ်ခံခဲ့ရသည်ကို အာယာသွလ္လာဟ် ရအီစီ ၏ွှဓိက ပြိုင်ဘက်များ ကို ရွေးကောက် ပွဲဝင်ခွင့် ပိတ်ခံ ရသည်ဟု၍ အီရန် ရန်သူများ နှင့် အီရန် အစ္စလာမ်မစ် တော်လှန်ရေး ဆန်ကျင့် ဝါဒီများ က ဆိုကြပါတယ်။
အီရန် လက်ရှိ သမ္မတ H.I ဟစန် ရူဟာနီ မှ အီရန် သမ္မတ သစ် အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ ဂုဏ်ပြု စကား ဆိုခဲ့ပါတယ်။
သမ္မတ လောင်း အဖြစ် အရွေးခံသူ သူကျွန်မခံ သမား နောက် နှစ်ဦး ဖြစ်သည့် ဒေါက်တာ မိုဟ်စင် ရေစာရီ နှင့် ဒေါတာ ဆရက်ဒ် ဃဇီ ဇါဒေ ဟာရှင်မီ ပြီးနောက် အမေရိကန် နှင့် မဟာမိတ်တို့ သဘောကျပြီး ၎င်း တို့ အကြိုက်ကို လိုက်ပြောသည့် အမေရိကန် နှင့် မဟာမိတ် ကျွန် ခံ လိုစိတ် ရှိသူ ဒေါက်တာ အဗ်ဒို နာစေ ဟစ်မသ်သီ တို့ မှ လည်း အီရန် သမ္မတ သစ် အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ ဂုဏ်ပြု စကား ဆိုခဲ့ပါတယ်။
အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) ၏ အနွယ်တော် မွန်မှ ဆင်းသက်လာသည့် ဆရက်ဒ် တစ်ပါး ဖြစ်ပါတယ်။
အီရန် သမ္မတ သစ် အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ သည် ရဲဟ်ဗရ် အင်န်ကေလာဗ် အာယာသွလ္လာဟ် အလ်အွဇ်မာဆရက်ဒ် အလီ ခါမေနာအီ သဘောကျ အားကိုး ရ ၊ မျှော်လင့် ရ သည့် သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဇွန်လ ၁၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲပေးချိန်အဆုံးသတ်ရန် သတ်မှတ်ထားသည့် သန်းခေါင်ယံ အချိန်ထက် နှစ်နာရီခန့်ကျော်လွန်ခဲ့သည်။
မဲရေတွက်မှုများကို တစ်ညလုံးပြုလုပ်ခဲ့ပြီး မဲကော်မရှင် မှ တရားဝင်ရလဒ်များနှင့် မဲပေးသူအရေအတွက်ကို တရားဝင် ထုတ်ပြန်ပေးခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တွင် အရင် သမ္မတ H.I ဟစန် ရူဟာနီ မှ ပြည်သူ့ အား ကတိကဝတ်များ ပေးပြီး လက်တွေ့ အကောင်အထည် မဖော်ခဲ့သည်ကတစ်ကြောင်း ၊ ကုန်ဈေးနှုန်း ကြီးမြင့် လာ၍ က တစ်မျိုး အထူးသဖြင့် အမေရိကန် ၊အစ္စရေး နှင့် မဟာမိတ်များ အီရန် အမျိုးသားသစ္စာဖောက်များ မှ မဲ မပေးရန် နိုးဆော် ထားမှုကြောင့် အရင်ထက် မဲပေးသူ ဦးရည် နည်းခဲ့ပါတယ်။
မည်သူပင်ဆိုစေ အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ အီရန် သမ္မတ ဖြစ်လာ၍ အနာဂတ် အီရန် အတွက် မျှော်လင့်ချက်အများကြီး ရှိလာပါတယ်။ အကြောင်းမှာ အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ သည် အပြောနှင့် လက်တွေ့ ညီသည့် သူ ပြီးနောက် သူကျွန် မခံလိုစိတ်အပြည့်ရှိသူ ၊ အစ္စလာမ်တရားတော် နှင့် အညီ နေထိုင်သူ ဖြစ်၍ ဖြစ်ပါတယ်။
အမေရိကန် သည် အီရန် အား နျူကလီးယား လက်နက် ကြောင့် မုန်းတီးပြီး အမြဲ မကောင်းပြောနေတာ မဟုတ်ပါ ။ အမှန်တကယ် မှာ အရင် အီရန်ဘုရင် ရှား လက်ထက်ကလို အီရန် နိုင်ငံ ထွက်ရေနံများ ဂက်စ် များ ကို ဗိုလ်ကျ၍ သုံးနေရမှ အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောက်ပွဲ ခံ ပြီးနောက် ဗိုလ်ကျ၍ မရတော့သည့် အတွက် အီရန် ကို အကြောင်းပြချက် တစ်ခု ပြီးတစ်ခု နျူကလီးယား ၊ ဒုံကျည် များ ထုတ်လို့ ၊ လက်ဘနွန် နိုင်ငံ ရှိ တရားဝင် ပါတီ ဟေစ်ဘွလ္လာဟ် နှင့် ပါလက်စတိုင်းရှိ တရားဝင် အဖွဲ့ ဟာမက်စ် ကို ကူညီလို့ စသည်စသည်ဖြင့် အကြောင်း အမျိုးမျိုးပြပြီး စီးပွားရေးပိတ်ဆို့ မှုများ ပြုလုပ်၍ အီရန် ပြည်သူ့ လူထု စီးပွား ဒဏ်မခံနိုင်ဘဲ အစိုးရကို တော်လှန်ရန် မအောင်မြင်သည့် ကြိုးပမ်းမှု ကို ပြုနေပါတယ်။
အမှန်တကယ် အမေရိကန် နိုင်ငံ သည် မိမိပြည်တွင်းရှိ ပြည်သူ့များ ၏ စားဝတ်နေရေး ၊ ကျန်းမာရေး ကို မဖြေရှင်းဘဲ နိုင်ငံတကာ အရေး တွင် လက်ထည့်နေသည့် နိုင်ငံ ရှုပ်ကြီး ဖြစ်ပါတယ်။
ကိုရိုနာ ရောဂါကြောင့် ကမ္ဘာ့ ပေါ် တွင် လူအများဆုံး သေနေသည့် တစ်ပါတ် တစ် နိုင်ငံ မှာ အမေရိကန် ဖြစ်ပါတယ်။
*****************************************************************
END / 251
အီရန် သမ္မတရွေးကောက်ပွဲတွင် အမေရိကန် နှင့် မဟာမိတ် များ အလွန် စိုးရိမ် နေသည့် သူကျွန်မခံ သမား အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မဲ အပြတ် အသတ်ဖြင့် အနိုင် ရ
၁၉ ဇွန် ၂၀၂၁ - ၁၉:၂၅
News ID: 1151934
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တွင် ဇွန်လ ၁၈ ရက်က ကျင်းပခဲ့သည့် သမ္မတသစ် ရွးကောက်ပွဲတွင် အမေရိကန် နှင့် မဟာမိတ် များ အလွန် စိုးရိမ် နေသည့် သူကျွန်မခံ သမား အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မဲ အပြတ် အသတ်ဖြင့် အနိုင် ရ ခဲ့ပါတယ်။