၁၃ ဇူလိုင် ၂၀၂၁ - ၀၆:၄၃
ဦးသိန်းစိန် အစိုးရ လက်ထက် ပိတ်သိမ်းခံ ရသည့် အစ္စလာမ် သာသနာပိုင် ဝတ်ပြုဆောင် နေရာ တွင် ကိုဗစ်-၁၉ ကာကွယ် ကုသရေး အတွက် ပြည်သူ့ အကျိုးပြု နေရာ အဖြစ် လုပ်ဆောင်ရန် စီစဉ်

မန္တလေးမြို့မှာ ကိုဗစ် ၁၉ ကူးစက်ခံရသူများအတွက် ကျန်းမာရေးပရဟိတလုပ်ငန်းများကို အခမဲ့ဝန်ဆောင်မှုပေးနိင်ရန်အတွက် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ပိုင် မြေနေရာကို ယာယီအသုံးပြုခွင့်ပေး ရန်ဆုံးဖြတ်လိုက်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



မန္တလေးမြို့မှာ ကိုဗစ် ၁၉ ကူးစက်ခံရသူများအတွက် ကျန်းမာရေးပရဟိတလုပ်ငန်းများကို အခမဲ့ဝန်ဆောင်မှုပေးနိင်ရန်အတွက် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ပိုင် မြေနေရာကို ယာယီအသုံးပြုခွင့်ပေး ရန်ဆုံးဖြတ်လိုက်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။


"အများပြည်သူလိုအပ်ချက်ပေါ်မူတည်ပြီးအောက်ဆီဂျင်မိုဘိုင်းပလန့်တွေလုပ်မယ်။


အခုလောလောဆယ်တော့ ရွေ့လျားအောက်စီဂျင်စက်ရုံထိုင်ပြီးအောက်စီဂျင်အရေးပေါ်လိုနေတဲ့ လူနာတွေဆီ စနစ်တကျ ပေးမယ်"လို့အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက ပြောပါတယ်။
ယာယီကိုဗစ်စင်တာလုပ်ဖို့ စီစဉ်နေတဲ့မြေနေရာကို မူလလှူတဲ့အလှူရှင်တွေက အများမွတ်စလင်မ်တွေ ဝတ်ပြုကိုးကွယ်ဖို့၊ဘာသာရေးပညာသင်ကြားရေးနဲ့ အများပြည်သူအတွက် ပရဟိတအကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့လှူဒါန်းခဲ့တာဖြစ်တဲ့အတွက် လတ်တလောလိုအပ်ချက်အပေါ်မှုတည်ပြီး ယခုလိုဆုံးဖြတ်တာဖြစ်တယ်လို့လည်း ဦးတင်မောင်သန်းကပြောပါတယ်။


"အစ္စလာမ်ဘာသာရဲ့ လမ်းညွှန်သွန်သင်မှုအရ အဖန်ဆင်းခံတွေရဲ့လိုအပ်ချက်ကို အစွမ်းကုန်ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့အားလုံး မဖြစ်မနေလုပ်ရမယ့်တာဝန်ရှိတယ်။ ဖန်ဆင်းရှင်းအနှစ်သက်ဆုံး၊ အမြင့်မြတ်ဆုံး အလုပ်ဟာ အဖန်ဆင်းခံတွေကို အကျိုးပြုတဲ့ အလုပ်ဖြစ်တယ်။ ဒါကြောင့်ကျွန်တော်တို့မဖြစ်မနေလုပ်ကြတာဖြစ်ပါတယ်"လို့ အစ္စလမ်သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက Myanmar Muslim Media ကိုပြောပါတယ်။


အထက်ပါမြေနေရာမှာ အစ္စလာမ်ဘာသာဝင်တွေ ရဲ့သာသနာရေးရာကိစ္စတွေ  မှာသုံးဖို့အဆောက်အဦးကြီးဆောက်လုပ်ခဲ့သော်လည်း အမျိုးဘာသာသာနာစောင့်ရှောက်ရေး အဖွဲ့ မဘသ (၉၆၉ အသွင်ပြောင်းအဖွဲ့) အင်အားကောင်းချိန် ဦးသိန်းစိန်အစိုးရက အစ္စလာမ်သာသနာရေးဆိုင်ရာတွေကျင့်သုံးရန်ခွင့်မပြုခဲ့တဲ့မြေနေရာလည်း​ဖြစ်ပါတယ်။


မန္တလေးတိုင်းအတွင်းရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအသီးသီးမှ တာဝန်ရှိသူများ၊ မွတ်စလင်မ်ဆရာဝန်များ ၊စီးပွားရေးလုပ်ငန်းရှင်များ စသည့် အလွှာအသီးမှပုဂ္ဂိုလ်များပါဝင်သည့် မန္တလေးတိုင်း အစ္စလာမ်ဘာသာရေးလူမှုရေးအဖွဲ့ကြီးအနေဖြင့် အထက်ပါ လုပ်ငန်းစဉ်များကို ဦးစီးမှာဖြစ်တယ်လို့လည်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။


****************************************************************

END / 251