အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှုကို ကာကွယ်၊ ကုသ ထိန်းချုပ်နိုင်ရေးအတွက် လာမယ့် ဇူလိုင်လ ၂၆ ရက်ကနေ ဩဂုတ်လ ၁ ရက်နေ့အထိ ရုံးပိတ်ရက်အဖြစ် တိုးမြှင့် သတ်မှတ်လိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ဒီနေ့ည ၈ နာရီသတင်းမှာ ကြေညာသွားပါတယ်။
ဇူလိုင်လ ၁၄ ရက်နေစတင်ပြီး ကိုးရက်ကြာ ရုံးပိတ်ရက် ကြေညာပြီးနောက် အခုလို ထပ်မံတိုးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီလို ရုံးပိတ်ရက်အဖြစ် တိုးမြှင့်သတ်မှတ်လိုက်တဲ့အထဲ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်တွေ မပါဝင်ဘူးလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီနေ့ ဇူလိုင်လ ၂၃ ရက်နေ့ ပိုးတွေ့လူနာအသစ် ၅၅၀၆ ဦး တွေ့ရှိပြီး သေဆုံးသူ ၃၂၆ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
***********************************************************************
END / 251
ကိုဗစ် ထိန်းချုပ်ရေး အတွက် ဩဂုတ်လ ၁ ရက်နေ့ အထိ ရုံးပိတ်ရက် တိုးမြှင့် သတ်မှတ် ကြောင်း စစ်ကောင်စီ ကြေညာ
၂၃ ဇူလိုင် ၂၀၂၁ - ၁၉:၁၃
News ID: 1162622