၄ ဩဂုတ် ၂၀၂၁ - ၁၉:၂၉
အီရန် သမ္မတ သစ် ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် ကမ္ဘာ့ အကြီးအကဲများ ရောက်ရှိမှု စတင်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ရှစ်ယောက်မြောက်သမ္မတ သစ် H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ ၏ ကျမ်းသစ္စာကျိန်ဆို ပွဲ အား ကြာသပတေးနေ့ တွင် ကျင်းပမည် ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့ နေသော်လည်း ဤအခမ်းအနား သို့တက်ရောက်နေရာယူရန် ကမ္ဘာ့ အကြီးအကဲများ တီဟီရန် မြို့ သို့ ဆက်လက်ဆိုက် ရောက်နေကြ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ သတင်း အထောက်အထား များအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ရှစ်ယောက်မြောက်သမ္မတ သစ် H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ ၏ ကျမ်းသစ္စာ ကျိန်ဆို ပွဲ အား ကြာသပတေးနေ့ တွင် ကျင်းပမည် ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့ နေသော်လည်း ဤအခမ်းအနား သို့တက်ရောက်နေရာယူရန် ကမ္ဘာ့ အကြီးအကဲများ တီဟီရန် မြို့ သို့ ဆက်လက်ဆိုက် ရောက်နေကြ ပါတယ်။  

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ရှစ်ယောက်မြောက်သမ္မတ သစ် H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ သည်အီရန် ပါလီမန် တွင် ကျမ်းသစ္စာကျိန်ဆို မည် ဖြစ်ပါတယ်။

ဤအကြောင်းအရာ နှင့်ပတ်သက်ပြီး အီရန် ပါလီမန် ဦးဆောင်ရေးကော်မတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဆရက်ဒ် နေဇါန်မ်မွတ်ဒီးန် မူစဝီ မှ ပြောကြားသည်မှာ - အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ရှစ်ယောက်မြောက်သမ္မတ သစ် H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ တွင် ၇၃နိုင်ငံ မှ အစိုးရ အရာရှိများ နှင့်ကိုယ်စားလှယ် များ စုစုပေါင်း ၁၁၅ ဦး တက်ရောက်မည် ဖြစ်ကြောင်း ၊ အီရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၂၁ အရ သမ္မတကျမ်းသစ္စာ ကျိန်ဆို ခြင်း ကို အီရန် ပါလီမန် တွင် ကျင်းပမည် ဖြစ်ကြောင်း ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် အီရန် နိုင်ငံတရားသူကြီး ချုပ် ၊ အီရန် အစောင့် အဖွဲ့ ၏ အဖွဲ့ဝင်များ နှင် ပါလီမန် ဥက္ကဋ္ဌ တို့ တက်ရောက်နေရယူကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး နိုင်ငံပေါင်း ၇၃ နိုင်ငံ မှ အစိုးရ အရာရှိ ၁၁၅ဦးတက်ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆရက်ဒ် နေဇါန်မ်မွတ်ဒီးန် မူစဝီ မှ ဆက်လက်ပြီး အီရန်နိုင်ငံ၏ ရှစ်ယောက်မြောက်သမ္မတ သစ် H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား တွင် ၁၀နိုင်ငံ မှ သမ္မတများ၊နိုင်ငံပေါင်း ၂၀ မှ ပါလီမန် အကြီးအကဲများ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး များ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ ကိုယ်စားလှယ် ၊ ဥရောပ သမဂ္ဂ ၏ ကိုယ်စားလှယ် နိုင်ငံ တကာ ဆိုင်ရာ အဖွဲအစည်းများ ၏ ကိုယ်စားလှယ်တော်များ တက်ရောက်နေရာ ယူကြမည် ဖြစ်ပါတယ်။

Mehr သတင်းဌာန ၏ သတင်း အထောက်အထား များအရ အချို့ ကမ္ဘာ အကြီးအကဲများ ကျမ်းသစ္စာကျိန်ဆိုပွဲ တွင် တက်ရောက်ရန် တီဟီရန် သို့ရောက်ရှိလာပြီး အချို့ မှ ဆက်လက် ၍ လာနေကြောင်း ဖြစ်ပါတယ်။

 

အစီရင်ခံစာများအရ ကျမ်းသစ္စာကျိန်ဆိုပွဲ တွင် တက်ရောက်ရန် ရောက်ရှိလာသည့် ကမ္ဘာ အကြီးအကဲများ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အိန္ဒိယအစိုးရ ၏ အထူး ကိုယ်စားလှယ်

အီးယူဒုတိယနိုင်ငံခြားရေးဝန်ကြီး Enrique Mora

ဗီယင်နာဆိုင်ရာ အီးယူသံအမတ် Stephen Clement

ပုပ်ရဟန်းမင်းကြီး ၏ အထူးကိုယ်စားလှယ်

တောင်ကိုရီးယားသမ္မတ ၏ အထူး ကိုယ်စားလှယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး

ဆီးရီးယားဝန်ကြီးချုပ်

 

အိုမန်နိုင်ငံခြားရေးဝန်ကြီး

ဆားဘီးယားသမ္မတ၏ အထူး ကိုယ်စားလှယ်

Turkmenistan အမျိုးသားပြန်လည်သင့်မြတ်ရေးကောင်စီ ၏ ဒုတိယအကြီးအကဲ Qasim Quli Gulmurad

နမီးဘီးယား ပါလီမန် ဥက္ကဋ္ဌ

ဆီနီဂေါ လွှတ်တော်ဥက္ကဋ္ဌ

စလိုဗေးနီးယားပါလီမန် ၏ ဥက္ကဋ္ဌ

အာဖဂန်အထက်လွှတ်တော်အကြီးအကဲ Fazal Hadi Muslimyar

မလေးရှားဒုတိယလက်ထောက်နာယက Muhammad Rashid bin Hasnon

ပါကစ္စတန် အထက်လွှတ်တော် အကြီးအကဲ Muhammad Sadiq Sanjarani

Nuruddin Jan Ismailov ဥဇဘက်လွှတ်တော်ဥက္ကဋ္ဌ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ကိုယ်စားလှယ်များ

ရေနံတင်ပို့သောနိုင်ငံများ အဖွဲ့၏ ကိုယ်စားလှယ်များ

အစ္စလာမ့်အပြန်အလှန် ကောင်စီများ ကိုယ်စားလှယ်များ

အာရှပါလီမန်များ မှ ကိုယ်စားလှယ်များ

အီရတ်သမ္မတ Brahm Saleh

အာဖဂန်သမ္မတ Ashraf Ghani

အီရတ်ကာ့ဒ် ဝန်ကြီးချုပ် Natwarwan Barzani

တို့ဖြစ်ပါတယ်။

သတင်းများ အရတာ ဂျစ်ကစ္စတန်၊ ပါကစ္စတန်နှင့် နိုင်ဂျီးရီးယား နိုင်ငံ တို့၏ လွှတ်တော် အကြီးအကဲများသည်သမ္မတ အီရန်နိုင်ငံ၏ ရှစ်ယောက်မြောက်သမ္မတ သစ် H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား တွင် တက်ရောက် နေရာ ယူရန် တီဟီရန် သို့ရောက်ရှိနေပြီး ဖြစ်ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၂၁ အရ မသမ္မတသစ်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျမ်းသစ္စာကျိန်ဆိုပြီး ကျမ်းကျိန်လွှာ တွင် လက်မှတ်ရေး ထိုးမည် ဖြစ်ပါတယ်။

 *******************************************************

END / 251