၅ ဩဂုတ် ၂၀၂၁ - ၁၉:၁၃
တာလီဘန်ကိုယ်စားလှယ်အဖွဲ့ တရုတ်သို့ သွားရောက်

အာဖဂန်နစ္စတန်နိုင်ငံမှ နိုင်ငံခြားတပ်ဖွဲ့များဆုတ်ခွာချိန်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ပြန်လည် မြင့်တက်လျက်ရှိချိန်တွင် တာလီဘန်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၇ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အာဖဂန်နစ္စတန်နိုင်ငံမှ နိုင်ငံခြားတပ်ဖွဲ့များဆုတ်ခွာချိန်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ပြန်လည် မြင့်တက်လျက်ရှိချိန်တွင် တာလီဘန်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၇ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ယင်းသို့ သွားရောက်မှုကို သိသာသည့်တိုးတက်မှုတစ်ခုအဖြစ် ယူဆထားသည်။

တာလီဘန်နိုင်ငံရေးဌာနအကြီးအကဲ မူလာဂါနီဘာရာဒါဦးဆောင်သော ၉ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၇ရက်တွင် တရုတ်သို့သွားရောက်ခဲ့သည်ဟု တာလီဘန်နိုင်ငံရေးရုံးပြောရေးဆိုခွင့်ရှိသူ နာအမ်းဝါဒတ်ခ် တွစ်တာတွင် ရေးသားခြင်းကို Khaama Press က သတင်းဖော်ပြခဲ့သည်။

တာလီဘန်ကိုယ်စားလှယ်အဖွဲ့၏ တရုတ်သို့ ၂ ရက်ကြာခရီးစဉ်အတွင်း နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီနှင့် တွေ့ဆုံခဲ့သည်ဟုလည်း တွစ်တာတွင် ရေးသားထားသည်။

နာအမ်းဝါဒတ်ခ်အဆိုအရ ကိုယ်စားလှယ်အဖွဲ့တွင် မူလာဂါနီဘာရာဒါ၊ ဆူဟေးစာဟီ၊ အက်ဒူလ်ဆ လမ်ဟာနာဖီ၊ ခတ်ခ်ခေါ၊ ဒီလဝါ၊ ခေးလ်၊ အီမာယာဆာ၊ အဇစ် နှင့် ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်တို့ ဖြစ်ကြောင်း Khaama Press မှ ဖော်ပြခဲ့သည်။

ယခုခရီးစဉ်သည် တရုတ်နှင့် နှစ်နိုင်ငံဆက်ဆံရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အခြားသက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးရန်ရည်ရွယ်သည်ဟု အာဖဂန်အခြေစိုက်သတင်းအေဂျင်စီက ဖော်ပြသည်။

တာလီဘန်တပ်ဖွဲ့များက အာဖဂန်နစ္စတန်ဒေသများစွာကို သိမ်းပိုက်ရာတွင် အမျိုးသမီးများအပါအဝင်အရပ်သားများအား နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။


****************************************************************

END / 251