အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှီအာ ဖကီးဟ် ၊ မွတ်ဂ်ျသဟစ်ဒ် ၊ ဒဿနပညာရှင် ၊ အတွေးအခေါ် ပညာရှင် နာမည်ကျော် ((အလ်ဟယာဟ်)) အတွဲစာအုပ်ကို ပြုစုရေးသားသူ အလာမာ မိုဟမ္မဒ် ရေဇာ ဟကီးမီး သည် သြုဂုတ်လ ၂၂ရက်နေ့ ခရစ် သက္ကရာဇ် ၂၀၂၁ ခုနှစ် ညနေခင်း အချိန် တွင် သက်တော် ၈၆ နှစ် တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် ခံယူခဲ့ပါတယ်။
မရ်ဟွန်မ် အလာမာ မိုဟမ္မဒ် ရေဇာ ဟကီးမီး သည် လွန်ခဲ့သည့် လများ အတွက် ကြိမ်ဖန်များစွာ ကိုရိုနာ ရောဂါ ဝေဒနာ ကို ခံစားခဲ့ရပါတယ်။ နောက်ဆုံး အလွန်တရာ အားနည်း သွားသည့်အတွက် ဆေးရုံ တင် ခဲ့ရပါတယ်။ သဘာဝအတိုင်း ပြန်လည် နာလန်ထူ ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းပြီး အိမ်သို့ ပြန်ခဲ့ပါတယ်။ ပြီးနောက် သြဂုတ်လ ၂၂ရက်နေ့ ညနေခင်းအချိန် တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် ခံယူသွားခဲ့ပါတယ်။
မရ်ဟွန်မ် အလာမာ မိုဟမ္မဒ် ရေဇာ ဟကီးမီး ၏ အရေးအကြီးဆုံး ပြုစု ရေး သားသီးကုံးခဲ့သည့် စာအုပ်များ မှာ ((အလ်ဟယာဟ်)) အတွဲ စာအုပ် ၊((ခိုရ်ရှစ်ဒေ မဂ်ရိဗ်)) ၊ (( အဲက်လေစိုရ်ခ်)) ၊ (( အာရှုရယ မဇ်လူမသီ မိုစာအဖ် )) ၊ (( ရှိက်္ခ အာဂါယေ ဗိုဇိုရ်က်တီဟီရန်နီ )) ၊ (( သဖ်စီးရေ အာဖ်သာဗ် )) ၊ ((ဖရ်ယာဒ် ဒေရိုဇ်ဟာ)) ၊ (( စပီဒေဟ်ဗါရွန် )) ၊ စသည်ဖြင့် ဖြစ်ပါတယ်။
မရ်ဟွန်မ် အလာမာ မိုဟမ္မဒ် ရေဇာ ဟကီးမီး ကိုယ်ရေးရာဇဝင်အကျဉ်း
အလာမာ မိုဟမ္မဒ် ရေဇာ ဟကီးမီး အား ဧပြီလ ၄ ရက်နေ့ ခရစ်သက္ကရာဇ် ၁၉၃၅ ခုနှစ် တွင် အီရန် နိုင်ငံ မရှ်ဟဒ် မြို့ တွင် မွေးဖွားခဲ့ပါတယ်။ အခြေခံ ပညာ ကို သင်ယူပြီးနောက် အသက် ၂၀ နှစ် တွင် ဟောင်ဇေအေလ်မီယေ ခိုရာစာန်တွင် ခြေချခဲ့ပါတယ်။ အခြေခံ ဟောင်ဇေစာအုပ်များ ကို ဖတ်ပြီးနောက် ဒဿန ၊အာရဘီ သဒ္ဒါ စသည် စာအုပ်များ တွင် စိတ်ပါဝင်စားသည့်အတွက်ကြောင့် ကျွမ်းကျင် သည်အထိ တတ်မြောက် ခဲ့ပါ တယ်။
မရ်ဟွန်မ် အနေဖြင့် ဟောင်ဇေအေလ်မီယေ ခိုရာစာန် မှ ကျောင်းပြီးပီ နောက် စာသင်ပေးမှုကို လည်း စတင်ခဲ့ပါတယ်။ အလာမာ မိုဟမ္မဒ် ရေဇာ ဟကီးမီး သည် အသက် ၃၈ နှစ်တွ အာဂါယေ ဗိုဇိုရ်က်တီဟီရန်နီ ထံမှ အေဂ်ျသေဟစ် အတွက် ခွင့်ပြု ချက် ကို ရယူခဲ့ပါတယ်။ မရ်ဟွန်မ် အနေဖြင့် သင်ကြားရေး အလုပ်အပြင် စာရေးသားသီးကုံးမှုလည်း ပြုခဲ့ပါတယ်။ ဒဿန ပညာရပ်နှင့် ပတ် သက်ပြီး စာအုပ် များ စွာကို ရေးသားသီးကုံးခဲ့ပါတယ်။ ((အလ်ဟယာဟ်)) အတွဲ စာအုပ် သည် မရ်ဟွန်မ် ၏ ကျော်ကြားသည့် စာအုပ်ဖြစ်ပြီး အစ္စလာမ် နိုင်ငံ များတွင် ကျော်ကြားပါတယ်။
ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ အနေဖြင့် နှစ် ၃၀ခန့် အလျင် တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အသံ ဌာန ၏ အစ္စလာမ် ဘာသာဆိုင်ရာ သွန်သင်ရေး အဖွဲ့ အား ဒဿန ပညာရှင် အလာမာ ဟကီးမီး ကဲ့သို့ အကျော်အမော် ပုဂ္ဂိုလ် အား အသုံးပြု ရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251