အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ပဒေသာပင်မြို့တော်(FMI City)အပါအဝင် အခြားအဆင့်မြင့် အိမ်ယာများအတွင်းနေထိုင်သူများ ဧည့်စာရင်းမတိုင်ကြားပါက ဥပဒေအရ အရေးယူမည်ဟု စစ်ကောင်စီက ယနေ့တွင် အိမ်ယာကော်မတီထံသို့ ဖိအားပေး ညွှန်ကြားထားသည်။
FMI City မြို့တော်အပါအဝင် အောင်ဇေယျအိမ်ယာ၊ ထီးလှိုင်ရှင်အိမ်ယာ တို့ကိုလည်း ဧည့်စာရင်းတိုင်ကြားရန် ဖိအားပေးမှုများရှိနေသည်။ စစ်ကောင်စီက ရန်ကုန်မြို့ရှိ မြို့နယ် သုံးမြို့နယ်ဖြစ်သော မင်္ဂလာဒုံ၊ မှော်ဘီနှင့် လှိုင်သာယာမြို့နယ်တို့ကို အထူးစစ်ဆေးရေးများပြုလုပ်ရန် လိုအပ်သည်ဟုဆိုကာ သတ်မှတ်ထားပြီး ဧည့်စာရင်းတိုင်ကြားရန် ဖိအားပေးလာခြင်းဖြစ်သည်။
ယင်း အိမ်ယာများအတွင်း အိမ်ထောင်စုစာရင်း ၆၆/၆ မရှိသောအိမ်ရှင်များအပါအဝင် အိမ်ငှားများ၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ထားရှိသော အလုပ်သမားများနှင့် အစောင့်များ ဧည့်ရင်းတိုင်ကြားရန်လို အပ်သည်ဟု ဆိုသည်။
ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းတန်း၊ မြောက်ဥက္ကလာပ၊တောင်ဥက္ကလာပနှင့် ရန်ကင်းမြို့နယ်တို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည့်အတွက် မြို့နယ်များအားလုံးတွင် ပိတ်ဆို့ ရှာဖွေဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်လျှက်ရှိသည်။
****************************************************************
END / 251
၃၀ ဩဂုတ် ၂၀၂၁ - ၁၈:၁၄
News ID: 1174899