အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် စအီးဒ် ဟကီးမ် သည် နာရီ အနည်းငယ် အလျင် ရုတ်ရက် နှလုံးရပ်သွား၍ နဂျဖ်ဖေအရှ်ရဖ်မြို့ ရှိ အလ်ဟယာသ် ဆေးရုံ တွင် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့် တော် အား ခံယူသွား ကြောင်း ဝမ်းနည်း ကြေကွဲ ဖွယ် သတင်းရရှိခဲ့ပါတယ်။
အတ္ထုပ္ပတ္တိ အကျဉ်း
အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် စအီးဒ် ဟကီးမ် သည် နဂျဖ်ဖေအရှ်ရဖ် မြို့ ရှိ အကျော်အမော် မရ်ဂျာ ကြီး လေးပါး မှ တစ်ပါး ဖြစ်ပါတယ်။ ဟီဂျရီ ၁၄ ရာစု နှစ်၏ အကျော် အမော် မရ်ဂျာ တစ်ပါး ဖြစ်ခဲ့သည့် မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် မော်ဟ်စင်နေ ဟကီးမ် ၏ မြေးတော် ဖြစ်ပါတယ် ။
အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် စအီးဒ် ဟကီးမ် အား ခရစ် သက္ကရာဇ် ၁၉၃၅ခုနှစ် တွင် နဂျဖ်ဖေအရှ်ရဖ် မြို့တွင် ဖွားမြင်ခဲ့ပါတယ်။ ဖခမည်းတော် မှာ အာယာသွလ္လာဟ် ဆရက်ဒ် မိုဟမ္မဒ် အလီ သွဗါသွဗါအီ ဟကီးမ် ဖြစ်ပြီး မယ်တော် မှာ မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဟာဂ်ျ ဆရက်ဒ် မော်ဟ်စင်နေ ဟကီးမ် ၏ သမီးကြီး ဖြစ်ပါတယ်။
အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် စအီးဒ် ဟကီးမ် သည် သက်တော် ၁၀ နှစ် အရွယ်တွင် ဖခင်ဖြစ်သူမှ ၎င်းအား အနီးကပ်ကြည့်ရှု သွန်သင်ခဲ့ပြီး ဟောင်ဇေ အတန်း၏ နောက်ဆုံး အဆင့် ၊ အဆင့်မြင့် အထိ ပညာ သင်ကြားပေးခဲ့ပါတယ်။
မရ်ဟွန်မ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် စအီးဒ် ဟကီးမ် သည် ပါရမီ ကောင်းသူ တက်ကြွသည့် စိတ်ဓာတ်ပိုင်ရှင် ဥာဏ်ပညာ ထက်မြက်သူ ဖြစ် ၍ လူငယ်အရွယ်မရောက်ခင် ပင် အာယာသွလ္လာဟ်များ အဆင့် တက်ရသည့်အတန်း (ခ) ဒရ်စေခါရေဂ်ျကို သင်ယူခွင့် ရခဲ့ပါတယ်။
မရ်ဟွန်မ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် စအီးဒ် ဟကီးမ် သည်လူငယ်အရွယ် စချိန်တွင် အဆင့်မြင့် ပညာရပ်များ သဖ်စီးရ် ၊ အခ်လာက် (စာရိတ္တ ၊ ကိုယ်ကျင့်တရား ) ကို သင်ကြား ပေးသည့်ဆရာဖြစ်ခဲ့ပါတယ်။ ပြီးနောက် မဂ်ျသဟစ်ဒ် စနဒ် ကို ဆွတ်ခူး ခဲ့ပါတယ်။ တစ်ဖက်တွင် လည်း ထိုခေတ်ကာလ ၏ ယဇီးဒ် ဆဒန်မ် အား တော်လှန် ရေး လှုပ်ရှား မှုများ ပြုခဲ့သည့် အတွက် ၈နှစ် ထောင်အကျခံခဲ့ရပါတယ်။
မရ်ဟွန်မ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် စအီးဒ် ဟကီးမ် သည် အရ်ဗအီးန် ခြေလျင်လျှောက် ခြင်းကို ရှင်သန်အောင်ပြုခဲ့သည့် မရ်ဂျာတစ်ပါး ဖြစ်ပါတယ်။ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အဘူလ်ကာစင်အလ်ခဝီ အလ္လာဟ့်အမိန့် ခံယူပြီးနောက် ခရစ် သက္ကရာဇ် ၁၉၉၂ ခုနှစ်တွင် မရ်ဂျာယေသက္က်လီးဒ် ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
မရ်ဟွန်မ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် စအီးဒ် ဟကီးမ် သည် ခေါင်းစဉ် ၂၄ခု အား အတွဲ၄၀ ကျော် ဖြင့် ရေးသားပြုစုခဲ့ပါတယ်။ အချို့ စာအုပ်များ သည် အခြား ဘာသာ စကားများဖြင့် ဘာသာပြန် ပြီး ဖြစ်ပါတယ်။
****************************************************************
END / 251