၁၃ စက်တင်ဘာ ၂၀၂၁ - ၁၉:၂၀
အလာမာ ဆရက်ဒ် ရှဟဲန်ရှား နကဝီ အစ္စလာမ်အာပါဒ်မြို့ တွင် ဖမ်းဆီးခံရ

သတင်း အထောက်အထား များအရ အလာမာ ဆရက်ဒ် ရှဟဲန်ရှား ဟိုစိန် နကဝီးအား ဖမ်းဆီးပြီး ပြည်နယ် ဒဏ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ ခရိုင် အုပ်ချုပ်ရေး ၏ သတင်းထုတ်ဖော်ချက်အရ အလာမာ ကို အကြောင်းမရှိ အကြောင်းပြပြီး ဆူပူ သောင်းကြမ်း မှု မဖြစ်အောင် တားဆီးနိုင်ရန် အလာမာ ဆရက်ဒ် ရှဟဲန်ရှား ဟိုစိန် နကဝီးအား ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကျော်အမော် ရှီအာ အာလင်မ် အလာမာ ဆရက်ဒ် ရှဟဲန်ရှား ဟိုစိန် နကဝီးအား တရားဥပေဒ စိုးမိုးရေး ဌာန များ မှ ပါကစ္စတန် နိုင်ငံ ၏ မြို့တော် အစ္စလာမ် အာပါဒ် မြို့တွင် ဖမ်းဆီးခံပါတယ်။ အလာမာ အနေဖြင့် အေမာမ်ဘာရာ အစ်္စနာအရှရီ ဂျီ ၆ ဒီ တွင် တရား ဟောကြား မည် ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနမှ အလာမာ အား တရားဟောကြားခွင့် မပေးခဲ့ခြင်း ဖြစ်ပါတယ်။

သတင်း အထောက်အထား များအရ အလာမာ ဆရက်ဒ် ရှဟဲန်ရှား ဟိုစိန် နကဝီးအား ဖမ်းဆီးပြီး ပြည်နယ် ဒဏ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ ခရိုင် အုပ်ချုပ်ရေး ၏ သတင်းထုတ်ဖော်ချက်အရ အလာမာ ကို အကြောင်းမရှိ အကြောင်းပြပြီး ဆူပူ သောင်းကြမ်း မှု မဖြစ်အောင် တားဆီးနိုင်ရန် အလာမာ ဆရက်ဒ် ရှဟဲန်ရှား ဟိုစိန် နကဝီးအား ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ ပါတယ်။

အခြားတစ်ဖက်တွေလည်း အလာမာ ဆရက်ဒ် ရှဟဲန်ရှား ဟိုစိန် နကဝီးအား ဖမ်းဆီးမှု အတွက် ထောင်ပေါင်းများ စွာ သော လူအုပ်ကြီးမှ D-CHOWK အထိရောက်လာပြီး သက်ဆိုင်ရာ ဖမ်းဆီး သူ အာဏာ ပိုင် များ ကို ကန့်ကွက် ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူများ တွင် အမျိုးသမီးများ လည်း ပါဝင်ပါတယ်။

အလာမာ ဆရက်ဒ် ရှဟဲန်ရှား ဟိုစိန် နကဝီးအား စွန်နီ အမည်ခံ အစွန်းရောက်များ မှ ဆွဟာဗာ စော် ကားသည်ဆိုသည့် စွပ်စွဲ ချက်နှင့် အမှုဖွင့်တိုင်ကြားထား ကြောင်း သိရှိခဲ့ရပါတယ်။

****************************************************************

 

END / 251