၂၅ စက်တင်ဘာ ၂၀၂၁ - ၂၀:၁၉
သက်တော် ၉၃ နှစ်တွင် ဟဇရသ် အလာမာ ဟစန် ဇာဒေ အာမိုလီ အလ္လာဟ် ဟို အရှင်မြတ် အမိန့် တော် ခံယူ

အကျော် အမော် သာသနာ့ ပညာရှင် တစ်ပါးဖြစ်သည့် ဟဇရသ် အလာမာ ဟစန် ဇာဒေ အာမိုလီ သည် အီရန် စံတော်ချိန် ည ၁၁နာရီ ကျော်ကျော် လောက်တွင် အာမိုလ် မြို့ ရှိ အေမာမ် ရေဇာ (အ.စ) ဆေးရုံ တွင် သက်တော် ၉၃ နှစ် အရွယ် ၌အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် ကို ခံယူသွား ကြောင်း ဝမ်းနည်းကြေကွဲ စွာ ဖြင့် သိရှိခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကျော်အမော် သာသနာ့ ပညာရှင် တစ်ပါး ဖြစ်သည့် ဟဇရသ် အလာမာ ဟစန် ဇာဒေ အာမိုလီ သည် စက်တင်ဘာလ ၁၅ရက်နေ့ ၊ စနေနေ့ အီရန် စံတော်ချိန် ည ၁၁နာရီ ကျော်ကျော် လောက်တွင် အာမိုလ် မြို့ ရှိ အေမာမ် ရေဇာ (အ.စ) ဆေးရုံ တွင် အဆုတ်ရောဂါ ဖြင့် သက်တော် ၉၃ နှစ် အရွယ် ၌အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် ကို ခံယူသွား ကြောင်း ဝမ်းနည်းကြေကွဲ စွာ ဖြင့် သိရှိခဲ့ရပါတယ်။

ဟဇရသ် အလာမာ ဟစန် ဇာဒေ အာမိုလီ သည် အီရန်နိုင်ငံ လာရီဂျန်ခရိုင် ရှိ အာမိုလ်မြို့ အနီး အီရ ဆိုသည့် ရွာ တွင် ခရစ်သက္ကရာဇ် ၁၉၂၈ ခုနှစ်တွင် ဖွားမြင်ခဲ့ပါတယ်။

အစ္စလာမ့် ကမ္ဘာ တွင်ကျော်ကြားသည့် မရ်ဟွန်မ် ဟဇရသ် အလာမာ ဟစန် ဇာဒေ အာမိုလီ သည် သဒ္ဒါ ၊ သချာင်္ ၊ နက္ခတ္တဗေဒ စသည် ပညာရပ်များ ကို ကျွမ်းကျင် စွာ တတ်မြောက်သူ တစ်ဦး ဖြစ်ပြီး အရဘီ ဘာသာ စကားနှင့် ပြင်သစ် ဘာသာ စကားကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်ထားသူ ဖြစ်ပါတယ်။

သွဗရီ ဘာသာ စကား နှင့် ဖွာရစီ ဘာသာစကား (ပါရှန်းဘာသာစကား) တို့ဖြင့် ဆွဲဆောင်မှု အပြည့်ရှိသည့် ကဗျာများ ကို ရေးသားသီးကုံးခဲ့ပါတယ်။ လက်ရှိ အချိန် အထိ မရ်ဟွန်မ် ဟဇရသ် အလာမာ ဟစန် ဇာဒေ အာမိုလီ သည် ဖလ်စဖာ(ခ) ဒဿနိကဗေဒ ၊ အေရ်ဖန် ၊ သစာဝိဖ် ၊ သချာင်္ ၊ နက္ခတ္တဗေဒ နှင့် ပါရှန်း သဒ္ဒါ စသည် ပညာရပ်များနှင့် ဆိုင်သည့် စာအုပ်ပေါင်း ၁၉၀ ခန့် ရေးသား အကျိုး ပြုခဲ့ကြောင်း မှတ်တမ်း တင် သိရှိရ ပါတယ်။

မရ်ဟွန်မ် ဟဇရသ် အလာမာ ဟစန် ဇာဒေ အာမိုလီ ၏ အရေးအပါဆုံး အရေးအကြီးဆုံး ပညာလက်ရာမှာ အေရှာ ရာသ် ၊ ရှဖာ နှင့် ရှဟ်ဟေ ဖူစူလ်စိုလ်ဟူက်မ် စသည်ဖြင့် ဖြစ်ပါတယ်။


****************************************************************

END / 251