၁၅ အောက်တိုဘာ ၂၀၂၁ - ၂၀:၀၁
အာဖဂန် နိစ္စတန် နိုင်ငံ တောင်ပိုင်း ရှိ ကန်ဒါဟာ မြို့ ရှိ ရှီအာ ဗလီ ဝတ်ကျောင်းတော် တစ်ခု တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ၃၃ဦးသေဆုံး + ၅၇ ဦးဒဏ်ရာရ

သတင်းအထောက်အထားများ အရ အသေခံဗုံးခွဲ မှု သည် အာဖဂန် နိစ္စတန် နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ မြို့ ရှိ မစ္စ်ဂျစ်ဒ်ဂျာမေအ် ဖွာသွေမီယေ အမည်ရှိ ရှီအာ မွတ်စလင်မ် ဗလီ ဝတ်ကျောင်း တော် ၌ သောကြာနမာဇ် ဝတ်ပြုနေစဉ် တွင် ဖြစ်ပွားခဲ့ပါတယ်။ အသေခံဗုံး ခွဲ တိုက်ခိုက်မှု ကြောင့် ၃၃ ဦး ရှဟီးဒ်ဖြစ်ခဲ့ပြီး ၅၇ ဦး ဒဏ်ရာ ရခဲ့ ကြောင်း သိရှိခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ သတင်း အထောက်များ အရ အသေခံဗုံးခွဲ မှု သည် အာဖဂန် နိစ္စတန် နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ မြို့ ရှိ မစ္စ်ဂျစ်ဒ်ဂျာမေအ် ဖွာသွေမီယေအမည်ရှိ ရှီအာ မွတ်စလင်မ် ဗလီ ဝတ်ကျောင်းတော်၌သောကြာနမာဇ် ဝတ်ပြုနေစဉ် တွင် ဖြစ်ပွားခဲ့ပါတယ်။ အသေခံဗုံး ခွဲ တိုက်ခိုက်မှု ကြောင့် ၃၃ ဦး ရှဟီးဒ်ဖြစ်ပြီး ၅၇ ဦး ဒဏ်ရာ ရခဲ့ ကြောင်း သိရှိခဲ့ရပါတယ်။

သတင်းအထောက်အထားများ အရ အာဖဂန် နိစ္စတန် နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ မြို့ ရှိ မစ္စ်ဂျစ်ဒ်ဂျာမေအ် ဖွာသွေမီယေအမည်ရှိ ရှီအာ မွတ်စလင်မ် ဗလီ ဝတ်ကျောင်းတော်၌သောကြာနမာဇ် ဝတ်ပြုနေစဉ် အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုသည် ကြောက်ခမန်းလိလိ ဖြစ်ခဲ့ပြီး အနီးအနား ရှိ အဆောက်အအုံများ နှင့် ကားများ ၏ မှန်များ ကွဲခဲ့ ကြေခဲ့ရပါတယ်။ မျက်မြင်သက်သေ တစ်ဦး၏ ပြောပြချက်အရ ဗလီ တွင် ပေါက်ကွဲမှု သုံးခါ ဖြစ်ခဲ့ကြောင်း ပထမ တစ်ကြိမ် ဗလီ ၏ အဓိက ဝင်ပေါက် ၊ ဒုတိယ အကြိမ် ဝဇူပြုသည့်နေရာ နှင့် တတိယ အကြိမ် ဗလီ၏ မြောက်ဘက်အခြမ်းတွင် ဖြစ်ပွားခဲ့ ကြောင်း ဖြစ်ပါတယ်။

အလ်ဂျဇီးရဟ် သတင်းဌာ န၏ သတင်းအထောက်အထား အရ ကန်ဒါဟာ မြို့ ရှိ ရှီအာ မစ္စ်ဂျစ်ဒ်ဂျာမေအ် ၏ပေါက်ကွဲ မှုကြောင့် ၃၃ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး ၅၇ ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရှိခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားဖြစ်နောက် လူသား၏ ကိုယ်ခန္ဓာ၏ အစိတ်အပိုင်း များ ပြန့်ကျဲ သွား ပြီး ဗလီ ၏ ကြမ်းပြင်များ သည် သွေးများ ကြောင့်နီရဲ နေကြောင်း နမာဇ်ဝန်ပြုသူများ ၏ အော်ဟစ်သံများ သည် ကေယာမသ် အငယ် ပမာ အသွင်ကို ဆောင်သွားကြောင်း မိမိတို့၏ သွေးရင်း သားရင်းများ ကို ရှာဖွေနေကြောင်း လူအမြောက်အများ စုရုံးလာသည့် အတွက် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အခက်အခဲများ ဖြစ်စေခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

အာဖဂန် နိစ္စတန် ပြည်ထဲရေး ဝန်ကြီးဌာန ၏ ပြောရေး ဆိုခွင့် ရှိသူ ကာရီ ဆရက်ဒ် ခူစ်သီး မှ ကန်ဒါဟာ မြို့ ရှိ ရှီအာ မစ္စ်ဂျစ်ဒ်ဂျာမေအ်တွင် သောကြာနမာဇ် ဝတ်ပြုနေစဉ် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း မိမိ၏ တစ်နိုင်ငံတည်းသား အမြောက်အများ သေဆုံး နိုင်သည့် အတွက် စိုးရိမ် မိကြောင်း ပြောကြားခဲ့ပါတယ်။ တာလီဘန် တာဝန်ရှိ သူများ မှ ပေါက်ကွဲ မှု အမျိုး အစား နှင့်ပျက်စီးဆုံးရှုံးမှုများ ကို စိစစ် လေ့လာ ရန် အခင်း ဖြစ်ပွားသည့်နေရာသို့ ရောက်ရှိ သွားကြောင်းကို လည်းသိရှိရပါသည်။

ပြီးခဲ့သည့်သောကြာ အပတ်တွင် လည်း ကွန်ဒူဇ် မြို့ ရှိ ရှီအာ ဗလီ တစ်ခု တွင် အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ၁၀၀ကျော် သေဆုံးခဲ့ပြီး ၂၀၀ကျော် ဒဏ်ရာ ရခဲ့ ပါတယ်။

########################################
END /251