၁၉ အောက်တိုဘာ ၂၀၂၁ - ၁၉:၅၅
  မြစ်ကြီးနား ထောင်တွင် ဖမ်းခံထား ရသည့် သတင်းထောက် ၅ ဦး ပြန်လွတ်

မြစ်ကြီးနားထောင်တွင် မတရား ဖမ်းဆီးခံထားရသော သတင်းထောက် ငါးဦး ယနေ့ အောက်တိုဘာ ၁၉ ရက် နေ့လည်ပိုင်းတွင် ပြန်လည်လွတ်မြောက် လာကြောင်း ၎င်းတို့၏ သတင်းဌာနများက အတည်ပြုသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
                

မြစ်ကြီးနားထောင်တွင် မတရား ဖမ်းဆီးခံထားရသော သတင်းထောက် ငါးဦး ယနေ့ အောက်တိုဘာ ၁၉ ရက် နေ့လည်ပိုင်းတွင် ပြန်လည်လွတ်မြောက် လာကြောင်း ၎င်းတို့၏ သတင်းဌာနများက အတည်ပြုသည်။

လွတ်မြောက်လာသူ ငါးဦးမှာ မြစ်ကြီးနား သတင်းဂျာနယ်မှ သတင်းထောက် မမျိုးမြတ်မြတ်ပန်၊ အဂျေ၊ ခရစ္စတိုဖာ ၊The 74 media က သတင်းထောက် မချန်ဘူနှင့် Kachin Wave သတင်းဌာနက လရော်တို့ ဖြစ်သည်။

" ဒီနေ့ ပြန်လွတ်လာတော့ သူတို့အတွက် ဝမ်းသာတယ်။ ဒါပေမဲ့ ကျေးဇူးတင် စရာ ဘာအကြောင်း မှတော့ မရှိဘူးပေါ့နော်။ ဘာလို့ဆို နဂိုကတည်းက ဖမ်းသင့်တဲ့ ရာဇဝတ်မှု ကျူးလွန်ထားကြတာ မဟုတ်ဘူး။ သူတို့က နဂိုထဲက ဖမ်းရမယ့်သူတွေ မဟုတ်ဘူးလေ။ သတင်းထောက် တွေဆိုတာ သူတို့အလုပ် သူတို့လုပ်နေတာ။ အဲဒါကြောင့် အစနဂိုထဲကကို မဖမ်းသင့်တာ" ဟု မြစ်ကြီးနား ဂျာနယ် အယ်ဒီတာချုပ် မဆိုင်းမိုင်က မှတ်ချက်ပြုသည်။

မြစ်ကြီးနား သတင်းဂျာနယ်က သတင်းထောက် မမျိုးမြတ်မြတ်ပန်ကို ဧပြီလ ၁၄ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဂျဲနှင့် ခရစ္စတိုဖာကို ဧပြီလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

The 74 media က သတင်းထောက် မချန်ဘူနှင့် Kachin Wave သတင်းဌာန က လရော်တို့ကို မတ်လ ၂၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ ငါးဦးလုံးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် စွဲဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ငါးဦးလုံး ပြန်လည် လွတ်မြောက်လာခဲ့ပြီး ခံဝန် မထိုးရဘဲ အမှုပိတ်သိမ်း ပေးခဲ့ခြင်း ဖြစ်ကြောင်း မြစ်ကြီးနား ဂျာနယ်၏ အယ်ဒီတာချုပ် မဆိုင်းမိုင်က ပြောသည်။

#############################      
END / 251