အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟောင်ဇဟ် နယူးစ် ၏ သတင်း အထောက်အထားများ အရ လက်ဘနွန် အိုလမာ တော်လှန်ရေး အသင်း ဥက္ကဋ္ဌ ရှိက်ခ် အလီ ယာစင် မှ ဟောပြောမှု တစ်ခု တွင် (( အမေရိကန် နှင့် ဇီယွန်ဝါဒီ အစ္စရေး ၏ အစီအစဉ်မှာ ဒေသအတွင်း နှင့် လက်ဘနွန် တွင် ပြဿနာ ပဋိပက္ခ ဖြစ်ပွား အောင် ကြိုးပမ်းနေပါတယ်။ လက်ရှိအခြေအနေတွင် ရန်သူများ ဖြစ်ကြတဲ့ အမေရိကန် နှင့် ဇီယွန်ဝါဒီ အစ္စရေး တို့သည် လက်ဘနွန် အစိုးရ နှင့် လက်ဘနွန် နိုင်ငံသားများ ၏ အခွင့်အရေး ကို လုယက် ရန် ကြိုးပမ်းနေ ပါတယ်။ )) ဟု မိန့်ကြား ခဲ့ပါတယ်။
ဆက်လက်ပြီး ဥက္ကဋ္ဌ ရှိက်ခ် အလီ ယာစင် မှ (( လက်ဘနွန် နိုင်ငံ အနေဖြင့် မိမိ၏ ရေပိုင်နက် နှင့် ပင်လယ် ပိုင်နက်နှင့်ပတ်သက်ပြီး နောက် ဆုတ်မည် မဟုတ်ကြောင်း လက်ဘနွန် စစ်တပ် ၊ ကြံ့ကြံ့ခံ ခုခံရေးတပ် နှင့် လက်ဘနွန် လူမျိုး စသည် အား သုံးအား ပေါင်း ၍ လက်ဘနွန် နိုင်ငံ အတွက် အတူ ရှိနေကြမည် ဖြစ် ပါတယ်။ )) ဟု ပြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၊ ကြံ့ကြံ့ခံ ခုခံရေးတပ် သည် ပိတ်ဆို့ ထားမှုကို ပြို ကွဲ ချေမှုန်း မှု ဗျူဟာ သည် ၊ ကြံ့ကြံ့ခံ ခုခံရေးတပ် ၏ အင်အား ၊ခွန်အား သည် နယ်ခြားအစောင့်များ ကို အထောက်အကူပြု နိုင် ၊ မတရားသိမ်းပိုက်ထားသူများ ကို နိုင်ငံ အတွင်း မှ နှင် ထုတ်စွမ်း အထိသာ မဟုတ်ဘဲ ပြည်သူလူထု ၏ ဂုဏ် သိက္ခာ ကို ထိန်းသိမ်း စောင့်ရှောက် ရင်း မတရားမှု ၊ရက်စက် ကြမ်းကြူတ်မှု မှန်သမျှ ဗျူဟာများ၊ပိတ်ဆို့မှုများ ကို ရင်ဆိုင်နိုင်စွမ်း ရှိ ကြောင်း ပြောကြားခဲ့ပါတယ်။
လက်ဘနွန် အိုလမာ တော်လှန်ရေး အသင်း ဥက္ကဋ္ဌ ရှိက်ခ် အလီ ယာစင် မှ ပါလက်စတိုင်းရှိ ကြံ့ကြံ့ခံ ခုခံရေးတပ် ကို စလာမ် ဆိုခဲ့ပါတယ်။ ပြီးနောက် အာရပ်လူမျိုးများ နှင့် လွတ်လပ်ရေး ကို မြတ်နိုးသူတိုင်း အား ကြံ့ကြံ့ခံ ခုခံရေးတပ် ကို ကူညီအားပေးရန် မေတ္တာ ရပ်ခံ ခဲ့ပါတယ်။
****************************************************************
END / 251