၁၁ ဒီဇင်ဘာ ၂၀၂၁ - ၁၃:၂၁
အာယာသွလ္လာဟ်မကာရေမ် မိုရှီးရာဇီး : အနောက်နိုင်ငံများ ၏ လူ့အခွင့် အရေးဆိုသည်မှာ လိမ်ညာမှု သက်သက် သာဖြစ်ပါသည်။ နျူကလီးယား ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု ဆွေးနွေးပွဲ တွင် အီရန်နိုင်ငံ ၏ ဂုဏ်သိက္ခာ နှင့် အချုပ်အခြာ အာဏာကို ရှေ့တန်းတင် ဦးစား ပေးသင့်ပါသည်

အမေရိကန် နိုင်ငံ သည် ကျွန်ုပ်တို့ အီရန် နိုင်ငံ ၏ သယံဇာတ များ ကိုနှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့ပြီး အီရန် နိုင်ငံ ၏ အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲကြောင့် ဆုံးရှုံးသွားခဲ့ ကြောင်း ၊ ယခုအခါ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အပေါ် တဖန်လွမ်းမိုးချုပ်ကိုင် နိုင်ရန် ( နျူကလီးယား ကိစ္စကို အကြောင်းပြပြီး) ပြန်ရအောင်ကြိုးစားနေကြောင်း စသည်ဖြင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မာကာရေမ်မိုရှီးရာဇီး မှ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) နှင့်တွေ့ဆုံစဉ် မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ သတင်း အထောက်အထားများအရ ကမ္ဘာထိပ်တန်း ရှီအာ အကျော် အမော် အာလင်မ်ကြီး တစ်ပါးဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာ မာကာ ရေမ်မိုရှီးရာဇီး မှ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) နှင့် တွေ့ဆုံစဉ် အနောက်နိုင်ငံ များ ၏ နိုင်ငံခြားရေးမူဝါဒ များတွင် ၎င်း တို့၏ အကျိုးစီးပွား ကိုသာ လျှင် ဦးစားပေးကြောင်း ယခုအချိန်အခါတွင် သိသာ ထင်ရှားလာပြီး ဖြစ်ကြောင်း ၎င်းတို့၏ လူ့အခွင့်အရေး ဆိုသည်မှာ မုသာသက်သက် လိမ်ညာမှု သက်သက် သာ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ်ကြီး မှ ဆက်လက်ပြီး ဒေသ အတွင်းရှိ အချို့ နိုင်ငံများ နှင့် အမေရိကန် ၏ ဆက်ဆံရေးမှာ မျက်နှာ နှစ်မျိုး ဖြစ်ကြောင်းဘက်သို့ ညွှန်ပြီး ရွေးကောက်ပွဲ မရှိသည့် ပါလီမန် မရှိသည့် နိုင်ငံအချို့ (ဥပမာဆော်ဒီ ဘာရိန်းစသည်ဖြင့်) နှင့် အမေရိကန် ၏ ဆက်ဆံရေးကို ကြည့်ပြီး အနောက်နိုင်ငံများ ပြောသည့် ဒီမိုကရေစီ ဆိုသည်မှာ ညာသံတစ်ခု သာ ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ဆက်လက်ပြီး အာယာသွလ္လာဟ်ကြီးမှ အမေရိကန် နိုင်ငံ သည် ကျွန်ုပ်တို့ အီရန် နိုင်ငံ ၏ သယံဇာတ များ ကိုနှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့ပြီး အီရန် နိုင်ငံ ၏ အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲကြောင့် ဆုံးရှုံးသွားခဲ့ ကြောင်း ၊ ယခုအခါ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အပေါ် တဖန် လွမ်းမိုးချုပ်ကိုင် နိုင်ရန် ( နျူကလီးယား ကိစ္စကို အကြောင်းပြပြီး) ပြန်ရ အောင်ကြိုး စားနေ ကြောင်းမိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး နျူကလီးယားဆိုင်ရာ စေ့စပ် ညှိနှိုင်း အစည်းအဝေး ပွဲ တက်ရောက်မည့် အီရန် ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် သတိအထူးရှိရန် တိုက်တွန်းမိန့်ကြားပြီး ဆွေးနွေးတွင် မိမိနိုင်ငံ အတွက် ဂုဏ်သိက္ခာ နှင့်အင်အား ကို ဖြစ်စေသည့် အကြောင်းခံများ အတွက်သာ ဆွေးနွေးရန် ကြိုးပမ်း သင့်ကြောင်း ၊ မည်သည့်အခြေမနေတွင်မဆို ကမ္ဘာနှင့် စေ့စပ် ညှိနှိုင်း အစည်းအဝေး မလုပ် သင့်ကြောင်းပြောဆိုသည့်အချို့သူများနှင့် ပြုလုပ်ရာတွင်ကန့်သတ်ချက် ထားသည်ဟု ပြောဆို အချို့များ ၏ အမြင်နှစ်ခု ကို ပေါင်းပြီး ၎င်းတို့ နှစ်ဖွဲ့လုံးလက်ခံသည့် မှန်ကန်သည့် လုပ်ထုံး လုပ်နည်း အတိုင်း ရှေ့ သို့လှမ်းရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မာကာရေမ်မိုရှီးရာဇီး မှ နိုင်ငံအကြီးအကဲ သုံးဦး ဖြစ်သည့် သမ္မတ ၊ လွတ်တော်ဥက္ကဋ္ဌ နှင့် တရားသူကြီး ချုပ် တို့ အကြား ဖွံ့ဖြိုး တိုးတက်ရေး နှင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ဆိုင်ရာ ကိစ္စရပ်များ အတွက် အမျိုးမျိုးသော ဆွေးနွေးညှိနှိုင်း မှုများပြုလုပ်ရန် နှင့် နိုင်ငံရေးဆိုင်ရာကျွမ်းကျင်သည့်ဆရာများ ၏ သဘောထား အမြင်များ ကို လည်း အသုံးပြုရန် တိုက်တွန်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ်ကြီး မှ တွေ့ဆုံမှု အားအဆုံးသတ်ချိန်တွင် နိုင်ငံတော် ၏ တက္ကသိုလ်များ တွင် အနောက်တိုင်း ယဉ်ကျေးမှုများ ၏ အရောင် ထွက်လာခြင်း အား အန္တရာယ် အဖြစ် မြင်ပြီး အာဏာ ပိုင်းများ အနေဖြင့် အတားအဆီး ပြုနိုင်ရန် သတိပေးမိန့်ကြားခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ တွေ့ဆုံချိန် ၏ အစပထမ တွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ စေ့စပ်ညှိနှိုင်း အစည်းအဝေးပွဲများ လှုပ်ရှားမှုများ ကို အသေးစိတ် အစီရင်ခံစာ ကို တင်ပြခဲ့ပါတယ်။ ((ကမ္ဘာ့ အစွန်းရောက်များ ဆန့်ကျင်ရေးညီလာခံ )) ကို ဒုတိယ အကြိမ် အာယာသွလ္လာဟ်ကြီး မှ ကျင်းပ ပေးရန် မေတ္တာ ရပ်ခံခဲ့ပါတယ်။

****************************************************************

END / 251