အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာ အရ အေမာမ်ဟိုစိန် (အ.စ) ၏ ရောင်ဇာတော် ပိုင် ဆေးရုံးတွင် ဆေးကုသမှု ခံယူနေသည့် ကင်ဆာရောဂါသည် ကလေး အချို့ ၏ အပြစ်ကင်းစင်သည့် တောင်းဆို ဆန္ဒ အတိုင်း ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ နဂျဖ်မြို့ ရှိ မိမိရုံးချုပ် တွင် လက်ခံ တွေ့ဆုံ ခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ကင်ဆာရောဂါ ခံစားနေရသည့် ကလေးငယ်များ နှင့် တွေ့ဆုံခဲ့ ပြီး စကားပြောခဲ့ ပါတယ်။ ထိုတွေ့ဆုံ ချိန် ကလေးငယ်များ ၏ အိမ်သူအိမ်သားများ ရှိနေပါတယ်။ တွေ့ဆုံချိန် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ အနေဖြင့် အေမာမ်ဟိုစိန် (အ.စ) ၏ ရောင်ဇာတော် ပိုင် ဆေးရုံး နှင့် ချိတ်ဆက်ထားသည့် "Waris" International Cancer Foundation ၏ ကင်ဆာ ဝေဒနာ ရှင်များ အား ဝန်ဆောင်မှု ပေးနေသည့် အပေါ် ကျေးဇူးတင်ကြောင်း လူသားချင်းစာနာသည့် လုပ်ရပ် ဖြစ်ကြောင်း မိန့် ကြားခဲ့ ပါတယ်။
အာယာသွလ္လာဟ်ကြီး အနေဖြင့် ကင်ဆာ ရောဂါသည်များ အတွက် လူသားချင်းစာနာ ပြီး ဝန်ဆောင် မှု နှင့် ဆေးဘက်ဆိုင်ရာ အထောက်အအကူများ ပေးနေသည့် အဖွဲ့ အစည်း ၏ သူနာပြုဆရာမများ ကို လည်း ကျေးဇူး တင်ရှိကြောင်း မိန့်ကြားခဲ့ပါတယ်။
မှတ်သားရမည်မှာ ကင်ဆာရောဂါ ခံစားနေရသည့် ကလေးမ တစ်ဦးအား ၎င်းဆန္ဒ အား မေးမြန်းချိန် ကလေးမလေးမှ ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ အား တွေ့လိုကြောင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ရာထူးကြီး ပုဂ္ဂိုလ်များ ကို တွေ့ဆုံခွင့် လွယ်လွယ် နှင့် မပေး သည့် အတွေ့မခံ သည့် အာယာသွလ္လာဟ်ကြီးမှ ၎င်းကလေးမ လေးနှင့် အတူ အခြား ကင်ဆာ ရောဂါ ခံစားနေရသည့် ကလေးများကို တွေ့ဆုံခွင့် ပေး ပြီး ကလေးငယ် များ ဆန္ဒ ကို ဖြည့်စီးပေးခဲ့ပါတယ်။
ကလေးငယ်များ မှ ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ကြောင့် အကောင်းတကာ အကောင်းဆုံး ဆေးဝါး ကုသမှု ကို ခံယူနေသည့် အတွက် အာယာသွလ္လာဟ် ကြီး အား တွေ့မြင် လိုကြခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
ကလေးငယ်များ နှင့်မတွေမီ လွန်ခဲ့သည့် ရက် အနည်းငယ် အရင် အီရတ်နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မှ အာယာသွလ္လာဟ် နှင့် တွေ့ဆုံရန် ခွင့်တောင်းခဲ့ပြီး အာယာသွလ္လာဟ်ကြီးမှ တွေ့ဆုံရန် ငြင်းဆိုခဲ့ ကြောင်း သိရှိခဲ့ရပါတယ်။
****************************************************************
END / 251