အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) နှင့် ဟန်ဂေရီ နိုင်ငံခြား ရေးဝန်ကြီး Peter Siarto တို့သည် မြို့တော် တီဟီရန် တွင် နှစ်ဦး နှစ်ဖက် အကျိုး စီးပွားဆိုင်ရာ ကိစ္စ ရပ်များ နှင့်ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
သတင်းအထောက်အထားများ အရ ဟန်ဂေရီ နိုင်ငံခြား ရေးဝန်ကြီး Peter Siarto သည် မနေ့ည က တီဟီရန် မြို့ သို့ရောက်ရှိခဲ့ပါတယ်။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ ယနေ့ မနက်ပိုင်းတွင် ဟန်ဂေရီ နိုင်ငံခြား ရေးဝန်ကြီး အား အီရန် နိုင်ငံခြားရေး ဌာန တွင် နွေးထွေး စွာ ကြိုဆို လက်ခံ ခဲ့ပါတယ်။
အီရန် နှင့် ဟန်ဂေရီ နှစ်နိုင်ငံ ဝန်ကြီးများမှ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်အပြီး ပူးတွဲ သတင်းစာ ရှင်းလင်း ပွဲ ကို ပြုလုပ်ခဲ့ပြီး မိန့်ခွန်းများ ပြောကြားခဲ့ပါတယ်။ ဟန်ဂေရီ နိုင်ငံခြား ရေးဝန်ကြီး Peter Siarto သည် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အခြား ထိပ်တန်း အရာ ရှိ အချို့ နှင့် လည်း တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ပါတယ်။
****************************************************************
END / 251