အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
sahartv ၏ သတင်း အထောက်အထားများအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ တပ်မတော် မှ ရန်သူများ၏ ရန်လိုမှု တိုင်း ကို ပြင်းထန်စွာ တုံ့ပြန် သွားမည် ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဟဇရသ်ဒေါက်တာ အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ ပြောကြားခဲ့ပါတယ်။
သမ္မတကြီး ဟဇရသ်ဒေါက်တာ အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ စနေနေ့ တွင်ကျင်းပသည့် အစိုးရ အစည်းအဝေး တွင် အီရန်နိုင်ငံ အပါအဝင် ဒေသအတွင်း ရှိ နိုင်ငံ အားလုံး ၏ လုံခြုံရေး နှင့် ကာကွယ် ရေး ဆိုင်ရာ အစ္စလာမ်မစ် အစောင့်တပ် (IRGC) ၏ ကြိုးပမ်း အားထုတ်မှုများအား ချီးကျူး ဂုဏ်ပြုပြောဆိုပြီး ဗရာန်းဗဲရ်ရေအာဇန်းမ် (ဆွ) တပ်ရင်း ၏ စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံ တော်လုံခြုံရေး နှင့် အကျိုးစီးပွားကို ကာကွယ် ရေး ဆိုင်ရာ ကဏ္ဍ တွင် အီရန် နိုင်ငံ စွမ်းအင်ကို ပြသခြင်း ဖြစ် သည်ဟု ပြောကြားခဲ့ပါတယ်။
အီရန် သမ္မတ ကြီးမှ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ တပ်မတော် မှ ရန်သူများ၏ ရန်လိုသည့် လှုပ်ရှားမှု တိုင်းကို အဖြေပေး တုံ့ ပြန် ရန် အပြည့်အဝ အသင့်ရှိကြောင်း ကို လည်း ပြောကြားခဲ့ပါတယ်။
အစ္စလာမ်မစ် အစောင့်တပ်မှ ဗရာန်းဗဲရ်ရေအာဇန်းမ် (ဆွ) တပ်ရင်း ၏ (၁၇) ကြိမ်မြောက် စစ်ရေး လေ့ကျင့်မှု ကို သောကြာနေ့ က အဆုံးသတ်ခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဟဇရသ်ဒေါက်တာ အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ တစ်ကမ္ဘာလုံး ရှိ ခရစ်ယာန်ဘာသာဝင်များ ကို ခရစ္စမတ်နေ့ (ဟဇရသ်အီစာ (အ.စ) (ခ) ယေရှု ကိုယ်တော် (အ.စ) မွေးဖွားသည့်နေ့မြတ် ) အတွက် ဂုဏ်ပြု စကားပြောကြားခဲ့ ပါတယ်။ ပြီးနောက်ဟဇရသ် ယေ ယေရှု (အ.စ) အား ကြီးမားသည့် အာဏာရှင်များ၏ ဖိနှိပ်ချုပ်ချယ် ရက်စက် မှု ကို ကြံ့ကြံ့ခံ ဆန့်ကျင် ခဲ့ပြီး လူသားဆိုင်ရာအခွင့်အရေး အနာဂတ် ကို တောက်ပအောင် ပြုပေးခဲ့သည့် မြတ် တမန် တစ်ပါး ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
အီရန်သမ္မတ အနေဖြင့် အစ္စရေး ဇီယွန် ဝါဒီများ ၏ မကြာသေးသည့် ရက်ပိုင်း အတွင်း က လေလုံးထွား ငြိမ်းခြောက်မှုကို တိုက်ရိုက် အဖြေပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။
====================================
END /251