၁၉ ဇန်နဝါရီ ၂၀၂၂ - ၁၃:၂၉
 အီရန်သမ္မတ ၏ရုရှား နိုင်ငံခရီးစဉ် သည် နှစ်နိုင်ငံအကြား ဆက်ဆံ ရေး စာမျက်နှာ အသစ် တစ်ခု ကို ဖြစ်စေပြီး အောင်မြင်သည့် အတွေ့အကြုံ သစ်များအတွက် ရှေးပြေး နိမိတ်ဖြစ်ပါတယ်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး မှ သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ ၏ ရုရှား နိုင်ငံမော်စကို ခရီးစဉ် သည် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ကဏ္ဍ အသစ်တစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အီရန် အမျိုးသားလုံခြုံရေး အဖွဲ့ ၏ အတွင်းရေးမှူး မှ အောင်မြင်သည့် အတွေ့ အကြုံသစ်များ အတွက်ရှေးပြေး နိမိတ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahartv သတင်းဌာန ၏ သတင်း အထောက်များ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဟိုစိန် အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န)  မှ အီရန်သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ ၏ ရုရှား နိုင်ငံ မော်စကို မြို့ ခရီးစဉ် မသွားမီအလျင် နူးရ် သတင်းဌာန နှင့် စကားပြောရာတွင် အခြေံ ခံအား ဖြင့် ဒေသအတွင်း လုခြုံရေး ကိစ္စ အား ဒေသအတွင်းရှိ နိုင်ငံများ မှ တဆင့် စီစဉ် နိုင်သည်ဟု အီရန် နိုင်ငံ  မှ ယုံကြည် ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးနောက် အိမ်နီးချင်း နိုင်ငံများ နှင့် ကောင်းမွန် သည့်အိမ်နီးချင်းကောင်း ဖြစ်ရန် ၊ ၎င်းနိုင်ငံများ နှင့် စကားပြောဆိုရန် ၊ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အပေါ်ယုံကြည်ရန် ကိစ္စ သည် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ခိုင်မာသည့် မူဝါဒ ဖြစ်ကြောင်း အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု နှင့် ကူညီဖေးမမှု များ မပါဘဲ ဒေသအတွင်း ရေရှည် တည်တံ့ ခိုင်မြဲ သည့် ငြိမ်းချမ်း ရေး နှင့် လုံခြုံရေး ကို တည်ဆောက်ဖို့ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါက်တာ ဟိုစိန် အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န)  မှ ဆက်လက်ပြီး တီဟီရန် နှင့် မော်စကို ဆက်ဆံရေး တွင် ဗျူဟာ အများ အပြားဆိုင်ရာ ခေါင်းစဉ် များပါဝင်ပြီး သမ္မတ ပူတင်၏ ရုရှား နိုင်ငံ သည် ဆိုဗီယက်  ယူနီယံ နှင့် မတူ ကြောင်း ပြောဆိုခဲ့ပါတယ်။
တခြားတစ်ဖက်တွင်လည်း အီရန် အမျိုးသား လုံခြုံရေး အဖွဲ့ ၏ အတွေးရေးမှူး အလီရှမ်ခါနီ မှ အီရန်သမ္မတ ၏ မော်စကို ခရီးစဉ် သည် အောင်မြင်သည့် အတွေ့ အကြုံသစ်များ အတွက်ရှေးပြေး နိမိတ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းမှ ဆက်လက်ပြီး မိမိ တွစ်တာ စာမျက်နှာ ပေါ်တွင်ရေးသား ထားသည်မှာ ဒေသတွင်း နှင့် နိုင်ငံ တကာတွင် အရေးပါသည့် ကိစ္စ ရပ်များ တွင် အီရန် နှင့် ရုရှား တို့၏ ပူးပေါင်းဆက်ဆံ ရေးကြောင့် အမေရိကန် ၏ တစ်ဖက်သတ် မူဝါဒ များ ကို နေဝင် စေခဲ့ကြောင်းရေးသားထားပါတယ်။
အလီရှမ်ခါနီ မှဆက်လက်ပြီး နှစ်နိုင်ငံ အကြား ရေရှည် စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှု သည် အောင်မြင် သည့် အတွေ့အကြုံသစ်များ အတွက် ရှေးပြေး နိမိတ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မှတ်သားသင့်သည်မှာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး  မှ သမ္မတ H.I ဒေါက်တာဆရက်ဒ် အီဗရာဟီရအီစီ သည်  မိမိ နှင့်ရာထူးတူ ရုရှား သမ္မတ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ မော်စကို မြို့သို့ ယနေ့ ရောက်နေပြီး  ရုရှား သမ္မတ နှင့် တွေ့ဆုံမည် ဖြစ်ပါတယ်။ ပြီးနောက်  ရုရှား အမျိုးသားပါလီမန် DUMA အစည်းအဝေး တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ သမ္မတ နှင့် ကိုယ်စားလှယ် အဖွဲ့ တွင် အီရန် နိုင်ငံခြားရေး ဝန်ကြီး ၊ အီရန် ရေနံ ဝန်ကြီး ၊ စီးပွားရေး ဝန်ကြီး နှင့် အခြား အထက်တန်း အရာ ရှိများ လည်း ပါဝင်ကြောင်း သိရှိရပါတယ်။
****************************************************************
END / 251