၂ ဖေဖော်ဝါရီ ၂၀၂၂ - ၂၀:၁၆
အာယာသွလ္လာဟ် အလ်အွဇ်မာ လွတ်ဖ်ဖိုလ္လာဟ် ဆာဖီ ဂိုလ်ဗိုင်ဂန်နီ ၏ နမာဇ်ဇေ ဂျနာဇာ အစီအစဉ်

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ လွတ်ဖ်ဖိုလ္လာဟ်ဆာဖီ ဂိုလ်ဗိုင်ဂန်နီ ၏ နမာဇ်ဇေ ဂျနာဇာ အား ယနေ့ မနက်ပိုင်း အချိန် တွင် ကွမ်းမြို့ ရှိ သခင်မကြီး မအ်စူမာ ယေ ကွမ်း (စ.အ) ၏ရောင်ဇာတော် တွင် ဖတ်ရွတ်ခဲ့ကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ လွတ်ဖ်ဖိုလ္လာဟ်ဆာဖီ ဂိုလ်ဗိုင်ဂန်နီ ၏ နမာဇ်ဇေ ဂျနာဇာ အား ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်း အချိန် တွင် ကွမ်းမြို့   ရှိ သခင်မကြီး မအ်စူမာ ယေ ကွမ်း (စ.အ) ၏ရောင်ဇာတော် တွင် ဖတ်ရွတ်ခဲ့ကြပါတယ်။

အာယာသွလ္လာဟ် အလ်အွဇ်မ်ာဆာဖီ ဂိုလ်ဗိုင်ဂန်နီ ၏ မယသ် အား ယနေ့ ဖေဖော်ဝါရီလ ၂ရက်နေ့ မနက်ပိုင်း ၁၀ နာရီ အချိန်တွင် မိုင်းဒန်နေ ဂျေဟာဒ် နေရာမှ သခင်မကြီး မအ်စူမာယေ ကွမ်း (စ.အ) ရောင်ဇာတော် ဘက်သို့ ယူဆောင် သွားခဲ့ကြပါတယ်။

မယသ် အား လိုက်ပို့သူ လူဥိးရေ အလွန်များပြားသည့် အတွက်ကြောင့် မယသ် အား ကားပေါ် တင်ပြီး ယူဆောင်သွားရပါတယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ စိုဗ်ဟာနီ သဗ်ရီဇီး နှင့် အခြား မရ်ဂျာတော်များ၊ ရဲဟ်ဗရ် ရုံး၏ ဥက္ကဋ္ဌ H.I မိုဟမ္မဒ်ဒီ ဂိုလ်ဗိုင်ဂန်နီ နှင့် အခြား အိုလမာ ၊ ရှိုဟာဒါများ၏ မိသားဝင်များ ၊ အစ္စလာမ်မစ် အစောင့်တပ်မတော် ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟိုစိန်စလာမ်မီ ကွမ်းမြို့ နယ်မှူး အစိုးရ နှင့်စစ်ဘက်ဆိုင်ရာ အရာရှိများ ၊ကွမ်းမြို့ သားများ အများ အပြား ပါဝင်ခဲ့ကြပါတယ်။

ပြီးနောက် အာယာသွလ္လာဟ် အလ်အွဇ်မ်ာဆာဖီ ဂိုလ်ဗိုင်ဂန်နီ ၏ မယသ် အား သခင်မကြီး (စ.အ) ရောင်ဇာတော်ဘေးသို့ ယူဆောင်သွားပြီး ဒိုအာများ တောင်းခံခြင်း နှင့် ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ ကိုသေလာဝသ်ပြုခဲ့ပါတယ်။

ပြီးနောက် နမာဇ် ဇေ မယသ်အား မရ်ဟွန်မ် အာယာသွလ္လာဟ် ၏ သားမက်ဖြစ်သူ အာယာသွလ္လာဟ် အလီ ကရီမီ ဂျဲဟ်ရမီ မှ ဦးဆောင်ဝတ်ပြု ပေးခဲ့ပါတယ်။

မရ်ဟွန်မ် အာယာသွလ္လာဟ် အလ်အွဇ်မ်ာဆာဖီ ဂိုလ်ဗိုင်ဂန်နီ ၏ မယသ် အား အာယာသွလ္လာဟ်ကြီး ၏ သေတမ်းစာ အရ အီရတ်နိုင်ငံ ကရ်ဗလာမြို့ ရှိ အေမာမ် ဟိုစိန် (အ.စ) ၏ရောင်ဇာတော် တွင် ဒဖနာပြုမည် ဖြစ်ပါတယ်။

====================================

END /251