၅ မတ် ၂၀၂၂ - ၂၀:၂၆
   ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် စစ်သာနီ မှ ပေရှာဝရ် အဖြစ်ဆိုး အား ရှုတ်ချပြီး ဝမ်းနည်းကြောင်း ပြောကြား

ကမ္ဘာ့ အကျော်အမော် မရ်ဂျာတော်များမှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီမှ ပါကစ္စတန် နိုင်ငံ ပေရှာဝရ် မြို့ ရှိ အကျော်အေမာ် ကစ်ဆေခွါနီ ပါဇာရ် ၊ ကူဂျေ ရေစာဒါရ် အရပ်ရှိ ရှီအာ ဂျအ်မေမစ္စ်ဂျစ်ဒ် တွင် သောကြာနမာဇ် ဝတ်ပြုနေချိန် အကြမ်းဖက်သမားများ ၏ အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်မှု အား ပြစ်တင် ရှုတ်ချ ပြီး နမာဇ် ဝတ်ပြုရင်း ရှဟီးဒ် ဖြစ်သွားရသူ ၃၀ကျော် အတွက် ဝမ်းနည်း ကြေကွဲ ပြီး ၊ဝမ်းနည်း ကြောင်းပြောကြား ခဲ့ခြင်း အကြောင်း ကို အာယာသွလ္လာဟ်ကြီး၏ ရုံးချုပ်မှ ထုတ်ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကမ္ဘာ့ အကျော်အမော် မရ်ဂျာတော်များမှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီမှ ပါကစ္စတန် နိုင်ငံ ပေရှာဝရ် မြို့ ရှိ အကျော်အေမာ် ကစ်ဆေခွါနီ ပါဇာရ် ၊ ကူဂျေ ရေစာဒါရ် အရပ်ရှိ ရှီအာ ဂျအ်မေမစ္စ်ဂျစ်ဒ် တွင် သောကြာနမာဇ် ဝတ်ပြုနေချိန် အကြမ်းဖက်သမားများ ၏ အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်မှု အား ပြစ်တင် ရှုတ်ချ ပြီး နမာဇ် ဝတ်ပြုရင်း ရှဟီးဒ် ဖြစ်သွားရသူ ၃၀ကျော် အတွက် ဝမ်းနည်း ကြေကွဲ ပြီး ၊ ဝမ်းနည်း ကြောင်း ပြောကြား ခဲ့ခြင်း အကြောင်း ကို အာယာသွလ္လာဟ်ကြီး၏ ရုံးချုပ်မှ ထုတ်ပြန်ခဲ့ပါတယ်။

  အာယာသွလ္လာဟ် ကြီး၏ ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ အောက်ပါအတိုင်း ဖြစ် ပါတယ်။

 

بسم اللہ الرحمٰن الرحیم

انا للہ وانا الیه راجعون

ပါကစ္စတန် နိုင်ငံ ပေရှာဝရ် မြို့ နေ အီမာန်ရှင် ညီအစ်ကို မောင်နှမအပေါင်းတို့ !

السلام علیکم ورحمة الله وبرکاته

ယနေ့ ပေရှာဝရ် မြို့ ကူဂျေ ရေစာဒါရ် အရပ်ရှိ ဂျအ်မေမစ္စ်ဂျစ်ဒ် တွင် သောကြာနမာဇ် ဝတ်ပြုနေချိန် အတွင်း ကြေကွဲ ဝမ်းနည်းစရာဖြစ်ရပ်ဆိုးကြောင့် အပြစ်မဲ့ ဝတ်ပြုသူ အများအပြား ရှဟီးဒ် ဖြစ် ဒဏ်ရာရ ခဲ့ရပါသည်။ အလွန်တရ ဝမ်းနည်းကြေကွဲ စရာ အကြောင်း ခံ တစ်ခု ဖြစ်ပါ သည်။ ချစ်ခင်လေးစားရသည့် လူကြီးမင်းများ အားလုံး နှင့် ဝမ်းနည်း ကြေကွဲ နေသည့် ကျန်ရစ်သူ မိသားစုဝင် များ အား ဝမ်းနည်း ကြေကွဲရကြောင်း ပြောကြားရင်း ဤ ကြေကွဲဖွယ် ဖြစ်ရပ် ဆိုးတွင် ကျဆုံး ရှဟီးဒ် ဖြစ် သွားသူများ နှင့် ပတ်သက်နေသူများ အားလုံး ကို သည်းခံခြင်းတရား နှင့် (ဒဏ်ရာရှိထားသူများ အားလုံး အတွက် ) အမြန်ဆုံးပြန်လည် ကျန်းမာ လာစေရန် ဒိုအာတောင်းဆို အပ်ပါသည်။

ဟောင်ဇေအေလ်မီးယေ နဂျဖ်ဖေအရှ်ရဖ် နှင့် မရ်ဂျာတော်များ ၊ မွတ်စလင်မ်များ ၏ စည်းလုံး ညီညွတ်ရေး ကို ပစ်မှတ်ထား သည့် ဤ အလွန် ရက်စက် ကြမ်းကြုတ်သည့် ရာဇဝတ်မှု ကို ပြစ်တင် ရှုတ်ချ ပြီး ပါကစ္စတန် အစိုးရအား ထံ ပါကစ္စတန် ပြည်သူများ နှင့် အထူးသဖြင့် ဘာသာရေးအရ လူနည်းစု ဖြစ်သူများကို အစွန်းရောက်အကြမ်းဖက်အဖွဲ့များ၏ ရက်စက် ကြမ်းကြုတ် မှု နှင့် ရာဇဝတ် မှုများ မှ ကြိုတင် ကာကွယ်မှုများ ပြုလုပ် ပေးရန် မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။

ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ ကို အစွန်းရောက် အကြမ်းဖက် အုပ်စုများ နှလုံးသားမာကျော သူများ ၏ အကြမ်းဖက် လူမဆန်သည့် တိုက်ခိုက်မှု ၏ ပစ်မှတ် မဖြစ်စေရန် ပြုလုပ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

အလ္လာဟ်ဟို အရှင်မြတ် ထံတော်တွင် ပါကစ္စတန် ပြည်သူ လူထု ၏ သိက္ခာ နှင့် အမြဲတစေ ဂုဏ်မြင့်မား ရန်အတွက် ဒိုအာပြု အပ်ပါသည်။

ရဂျဗ် လ ၃၀ ရက် ၊ ဟီဂျရီ ၁၄၄၃ ခုနှစ်

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ်အလီ စစ်သာနီ ရုံးချုပ်

နဂျဖ်ဖေအရှ်ရဖ်မြို့ ၊ အီရတ်

 

****************************************************************

END / 251