အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အခုနှစ် ၃ လအတွင်း ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၀၀၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
ဒါဟာ ဇန်န၀ါရီလကနေ မတ်လ ပထမအပတ်အတွင်း ကန်ချာနာဘူရီနဲ့ ပရာချွတ် ကီရီကန်ခရိုင်တွေမှာ ဖမ်းဆီးရမိတဲ့ အရေအတွက် ဖြစ်ပါတယ်။
ပွဲစားတွေဟာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ မြိတ်ဖက်က ရွာတွေကနေတစ်ဆင့် တောလမ်းကနေ ခေါ်လာကြတာလို့ ထိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲ အလုပ်ရရှိနိုင်ရေး တရားမ၀င်ဝင်ရောက်တဲ့ မြန်မာနိုင်ငံသားအရေအတွက် သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်န၀ါရီလမှာ ၀င်ရောက်လာတဲ့ ပမာဏဟာ တစ်လအတွင်း အမြင့်ဆုံးဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ထိုင်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ထိုင်းလုပ်ငန်းရှင်တွေဟာ တရားမ၀င်လာဖို့ အရင်ခေါ်ပြီး ရောက်လာမှ ပါမစ်လုပ်ပေးကြတယ်လို့ ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251
၇ မတ် ၂၀၂၂ - ၂၀:၃၀
News ID: 1237034
အခုနှစ် ၃ လအတွင်း ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၀၀၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။