၁၅ မတ် ၂၀၂၂ - ၂၀:၂၅
 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်စွဲထားသည့် အဂတိမှုများ ချေဖျက်ပေးရန် လျှောက်ထားချက် ပယ်ချခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိမှု ၅ မှုကို ချေဖျက်ပေးရန် လျောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်ကြောင်း မတ် ၁၅ ရက်က ထုတ်ပြန်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိမှု ၅ မှုကို ချေဖျက်ပေးရန် လျောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်ကြောင်း မတ် ၁၅ ရက်က ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံက ရွှေနဲ့ဒေါ်လာ လာဘ်ယူမှု၊ ရန်ကုန်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင် မြေနေရာနဲ့ အဆောက်အအုံကို ထိုက်သင့်တဲ့ တန်ဖိုးမပေးဘဲ လျော့နည်းတဲ့ နှုန်းထားနဲ့ ငှားရမ်းမှု၊ နေပြည်တော်ရှိ လရောင်တောစိုက်ပျိုး အသက်မွေး ပညာ စီမံကိန်းမြေ ရယူထားမှု၊ ပုဗ္ဗသီရိမြို့နယ်မှာ မြေနေရာရယူထားမှု၊ လရောင်တောစီမံကိန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နေထိုင်ဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလှူငွေထဲက သုံးစွဲတာတွေရှိတယ်လို့ စွပ်စွဲပြီး  ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီအမှုတွေနဲ့ပတ်သက်လို့ ချေဖျက်ပေးဖို့ လျှောက်ထားချက် လက်ခံသင့်၊မသင့်ကို ဒီကနေ့ ကြားနာတာဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်တာလို့ သိရပါတယ်။

ဒါအပြင် အခုလို အမှုတွေ ပယ်ဖျက်ပေးဖို့ လျှောက်ထားရာမှာ ဒေါက်တာမျိုးအောင်အပေါ် စွဲဆိုထားတဲ့ အဂတိမှု ၅ မှု၊ ဦးရဲမင်းဦးအပေါ် စွဲဆိုထားတဲ့ အဂတိမှု ၅ မှုနဲ့ ဦးနိုင်ငံလင်းအပေါ် စွဲဆိုထားတဲ့ အဂတိမှု ၅ မှုတို့ကိုလည်း ချေဖျက်ပေးဖို့ ပူးတွဲလျောက်ထားပြီး အားလုံးပယ်ချ လိုက်တာလို့ သိရပါတယ်။


****************************************************************
END / 251