အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နှစ်ပေါင်းများစွာ မဂ်ျမအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အဖွဲ့ဝင် ဖြစ်သူ ၊ အဖိုးတန် ကောင်းမွန် သည် စာအုပ်စာပေများ ကို ရေးသားသီးကုံးသူ ၊ ဘာသာပြန်ဆိုသူ ၊ ဘာသာ စကားမျိုးစုံဖြင့် မိမိရေးသားထားသည့် စာအုပ်များ ၏ ဘာသာပြန်ခြင်းခံ ရသူ အာလင်မ် မေ မိုဂျာဟစ်ဒ် မရ်ဟွန်မ် အာယာသွလ္လာဟ် ကာရ်ဒန် ၏ အလ္လာဟ့် အမိန့် ခံယူသွားသည့် အပေါ် မဂ်ျမအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ ဝမ်းနည်း သဝဏ်လွှာ ထုတ်ပြန် ခဲ့ပါတယ် ။
ဝမ်းနည်း သဝဏ်လွှာ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
بسم الله الرحمن الرحیم
အာလင်မ်မေမိုဂျာဟစ်ဒ် ၊ ပညာရှင် ဇာဟစ်ဒ် ရှဟီးဒ် ၏ဖခင် အာယာသွလ္လာဟ် ဟာဂ်ျ ရှိက်ခ် ဂိုလန်မ်ရေဇာ ကာရ်ဒန် ၏ အလ္လာဟ်ဟို အရှင်မြတ် အမိန့် ခံယူသွားခြင်း အတွက် ဝမ်းနည်း ကြေကွဲမှု ကို ခံ စားရပါသည်။
မရ်ဟွန်မ် သည် ဘာသာတရား ကိုင်းရှိုင်း သူ ဖြစ်ပြီး ၊ (အတွေးအခေါ်ကောင်း) ဖန်တီးသူ ၊ ရိုးရိုးရှင်းရှင်း နေထိုင်သူ ၊ အူစူလေဒီးန် အထူးသဖြင့် အေမာမ်မသ် နှင့်ပတ်သက်ပြီး ဆရာတစ်ဆူ ဖြစ်ပြီး မိုဂ်ျသဟစ်ဒ် ဖြစ်သူ မိမိ၏ ပညာကို ဆည်းပူးသူများ ထံ ကျိုးနွံစွာ တင်ပြသူ ဖြစ်ပါသည်။
ထိုနည်းတူစွာ မရ်ဟွန်မ် အာယာသွလ္လာဟ် ကာရ်ဒန် သည် နှစ်ပေါင်းများစွာ မဂ်ျမအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အဖွဲ့ဝင် ဖြစ်သူ ၊ အဖိုးတန် ကောင်းမွန် သည် စာအုပ်စာပေများ ကို ရေးသားသီးကုံးသူ ၊ ဘာသာပြန်ဆိုသူ ၊ ဘာသာစကားပေါင်းစုံဖြင့် မိမိရေးသားထားသည့် စာအုပ်များ ၏ ဘာသာပြန်ခြင်းခံ ရသူ ဖြစ်ပါသည်။
ဤပြန်လည်၍ အစားပြန်မရသည့် ဆုံးရှုံး မှု အား ဟောင်ဇေအေလ်မီယေ နှင့် မရ်ဟွန်မ် အာယာ သွလ္လာဟ် ၏ တပည့် များ မရ်ဟွန်မ် ဖကီးဟ်စအီးဒ် အား အချစ်ထားသူများ အား ဝမ်းနည်း ကြောင်း တင်ပြအပ်ပါသည်။
အလ္လာဟ်ဟိုအရှင်မြတ်ထံတော် တွင် မရ်ဟွန်မ် နှင့် ၎င်း၏သားတော် ရှဟီးဒ် အတွက် မအ်စူမီး (အ.စ) ၏ အိမ်နီးချင်းမိတ်သဟာယ အဖြစ် ထားရှိရန် နှင့် ကျန်ရစ်သူ အားလုံး အား သည်းခံခြင်း နှင့် ဖြေသိမ့်နိုင်ခြင်း စွမ်းအား ၊အား ပေးသနားတော်မူရန် တောင်းဆု ပြုအပ်ပါသည်။
و انا لله وانا الیه راجعون
ရေဇာရမ်တွာန်နီ
မဂ်ျမအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး
မတ်လ ၂၈ ရက်နေ့ ခရစ်သက္ကရာဇ် ၂၀၂၂ခုနှစ်
****************************************************************
END / 251