အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟဇရသ် မိုဟမ္မဒ် ဗင် အဘူဘကဲရ် (ရ.သွ) (သို့) ဟဇရသ် မိုဟမ္မဒ် ဗင် အဘီ ဘကဲရ် သည် အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) ၏ အထူး သစ္စာတော်ရှင်များ မှ တစ်ဦး ဖြစ်ပါတယ်။ အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) ဘက်မှ အီဂျစ်နိုင်ငံ အတွက် အုပ်ချုပ်မှုတာဝန်ခံ အဖြစ် စေလွတ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
၎င်းသည် စွန်နီ မွတ်စလင်မ်များ ၏ ခံယူထားသည့် ပထမ ခလီဖွာ ဟဇရသ် အဘူဘကဲရ် နှင့် ဟဇရသ် အစမာအ် ဗင်သေ အိုမိုက်စ် တို့၏ သား ဖြစ်ပါတယ်။
ဟဇရသ် အဘူဘကဲရ်ကွယ်လွန်ပြီးနောက် ဟဇရသ် အစမာအ် ဗင်သေ အိုမိုက်စ် သည် အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) လက်ထပ်ခဲ့ပြီး အေမာမ် အလီ (အ.စ) အုပ်ထိန်းမှု အောက်တွင် အေမာမ်အလီ (အ.စ) ၏ အိမ်တွင် ကြီးပြင်း ခဲ့သူဖြစ်ပါတယ်။
ဟဇရသ် မိုဟမ္မဒ် ဗင် အဘီ ဘကဲရ် နှင့် မောင်လာအလီ (အ.စ) တို့ ၏ အချစ်မေတ္တာ သည် အပြန်အလှန် နှစ်ဦးနှစ်ဖက်မှ ဖြစ်ပါတယ်။ အေမာမ်အလီ (အ.စ) အနေဖြင့် ၎င်း အား မိမိ၏ သားတော် အဖြစ် သတ်မှတ်ထားပါတယ်။
ဟဇရသ် မိုဟမ္မဒ် ဗင် အဘီ ဘကဲရ် ၏ အဆင့်အတန်းသည် ဟဇရသ် အေမာမ် အလီ (အ.စ) ၏ အမြင်တွင် ဟဇရသ် အဘူဇဲရ် (ရ.သွေ့ ) ၏ အဆင့်အတန်းသည် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အမြင်တွင် ရှိသကဲ့သို့ ဖြစ်ပါတယ်။
ဟဇရသ် မိုဟမ္မဒ် ဗင် အဘီ ဘကဲရ် သည် စွန်နီ မွတ်စလင်မ်များ ခံယူထားသည့် တတိယ ခလီဖွာ အွစ်စမန် အား ထင်ထင်ရှားရှား အတိုက် အခံပြုသူများ ဆန့်ကျင်သူများ တွင် ပါဝင်ပါတယ်။
မောင်လာအလီ (အ.စ) ၏ သမ္မတ သက်တမ်းတွင် (شرطة الخمیس) တွင် ပါဝင် ပြီး ဂျမလ်စစ်ပွဲ နှင့် စစ်ဖီးန် စစ်ပွဲ တွင် မောင်လာအလီ (အ.စ) ၏တပ်သားအချို့ ကို ဦးဆောင်သူ အဖြစ်ပါဝင် နေရာယူခဲ့သူ ဖြစ်ပါတယ်။
ဟဒီးစ် ကျမ်းဂန်များ နှင့် သမိုင်းကျမ်းဂန် များ တွင် ဟဇရသ် မိုဟမ္မဒ် ဗင် အဘီ ဘကဲရ် အား ချီးကျူးထားမှုများ လာရှိပါတယ်။
အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) ဘက်မှ အီဂျစ်နိုင်ငံ အတွက် အုပ်ချုပ်မှုတာဝန်ခံ တာဝန်ကို ထမ်းဆောင်ရန် အီဂျစ်သို့ ခရီးသွားနေစဉ် လမ်း ၌ မိုအဝေယာ ၏ စစ်သားများ ၏ တိုက်ခိုက်မှု ကြောင့် ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။
ကိုးကားကောက်နှုတ်
၁။ ဝီကီ ရှီအာ
၂။ ဖွာတွေမာ ကုရ်အာန် စင်တာ
တင်ပြသူ
A.F.H.M
****************************************************************
END / 251