အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွင် ယမန်နေ့ ဧပြီလ၂၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် ကျောက်ညှက်စခန်းကို KNLA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် KNLA တပ်မဟာ စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးခဲ့ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ထံက သိရသည်။
“တိုက်ပွဲ အသေးစိတ်ကို မသိရပါဘူး၊ တပ်မဟာ စစ်ဆင်ရေးမှူး ကျသွားတယ်လို့ သိရတယ်၊ အသေးစိတ်ကို ခရိုင်ကိုပဲ မေးပါ” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး က အတည်ပြု ပြောသည်။
ကျောက်ညှက်စခန်းသည် စစ်ကောင်စီတပ် ခလရ (၄၃၄) တပ်ရင်း အထိုင် စခန်းဖြစ်ပြီး သံလွင်မြစ်အနီး ထိုင်းနယ်စပ်တွင် တည်ရှိကာ စစ်ကောင်စီတပ် အင်အား ၂၀ ခန့်ရှိကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ကျဆုံးမှုနှင့် တိုက်ပွဲ အသေးစိတ် အခြေနေကို မသိရှိရသေးပေ။
ယင်းစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်လေယာဉ်များ အသုံးပြုကာ သံလွင်မြစ်ဘေးရှိ ကျေးရွာအချို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်တွင် တပ်မဟာ (၅) နယ်မြေ အတွင်းရှိ စစ်ကောင်စီတပ်၏ သီးမူထနှင့် သော်လဲထ စခန်း နှစ်ခုကို KNLA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ယခု ကျောက်ညှက်စခန်းကို ထပ်မံ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
****************************************************************
END / 251
၂၉ ဧပြီ ၂၀၂၂ - ၁၉:၅၉
News ID: 1253118
ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွင် ယမန်နေ့ ဧပြီလ၂၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် ကျောက်ညှက်စခန်းကို KNLA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။