အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန်နိုင်ငံမှာ ၆၁ နှစ်အတွင်း အပူဆုံး အချိန်နဲ့ ကြုံနေရပြီး နိုင်ငံတောင်ပိုင်းက ဆင်းဒ်ပြည်နယ်ထဲမှာ အပူချိန်ဟာ ၄၇ ဒီဂရီအထိ မြင့်မားနေတာကြောင့် လူတွေရော၊ တိရိစ္ဆာန်တွေဟာ အပူဒဏ်ခံနိုင်ဖို့ အမျိုးမျိုး ကြိုးစားနေကြပါတယ်။
ဒေသတခုလုံးမှာ လူဦးရေ သန်း ၁၀၀၀ ကျော်ဟာ ပြင်းထန်တဲ့ အပူဒဏ်ကိုခံစားရလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။
ဒါဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ရဲ့ အကျိုးသက်ရောက်မှုလည်း ဖြစ်တယ်လို့ ပြောပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ မိုးဇလနဲ့ရာသီဥတုရေးရာ ဝန်ကြီးဌာနရဲ့အဆိုအရ ဒီနှစ်ရာသီဥတု ပုံစံဟာ အရင်နှစ်တွေကနဲ့ မတူဘဲ ဆောင်းရာသီကနေ နွေခေါင်ခေါင်ထဲကို ချက်ချင်း ကူးပြောင်းသွားတယ်လို့ ဆိုပါတယ်။
တနည်းအားဖြင့် ဆယ်စုနှစ်တွေအတွင်း နွေဦးရာသီ ပျောက်ဆုံးသွားတဲ့ ပထမဆုံး နှစ်တနှစ် ဖြစ်လာပါတယ်။
****************************************************************
END / 251
၃၀ ဧပြီ ၂၀၂၂ - ၁၈:၂၁
News ID: 1253464