၂၃ အောက်တိုဘာ ၂၀၂၂ - ၂၂:၂၃
 အရေးကြီး သည် ဆုံးမ သြဝါဒတော် ၄ ခု

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ်တော် တစ်ခု တွင် အရေးကြီး သည် ဆုံးမ သြဝါဒတော် ၄ ခု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 
ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် အမာလီ မိုဖီးဒ်  ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
 
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
 
قال رسول اللہ صلی الله علیه و آله و سلم :
اِعْمَلْ بِفَرائِضِ اللّه ِ، تَكُنْ مِنْ اَتْقَى النّاسِ، وَ ارْضَ بِقِسْمِ اللّه ِ، تَكُنْ مِنْ اَغْنَى النّاسِ، وَ كُفَّ عَنْ مَحارِمِ اللّه ِ، تَكُنْ اَوْرَعَ النّاسِ، وَاَحْسِنْ مُجاوَرَةَ مَنْ جاوَرَكَ تَكُنْ مؤمِنا.


မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

အလ္လာဟ် ဟို အရှင်မြတ် မိန့်ထားသည့် ဝါဂျစ်ဗ် (ခ) မပြုမနေရ အလုပ်အား လုပ်ဆောင်ပါလေ။ ထိုသို့ဖြင့်  သက္က်ဝါး (ခ) သီလ၊သမာဓိ အရှိဆုံးသူ ဖြစ်ရန် ဖြစ်ပါသည်။ အလ္လာဟ် ဟိုအရှင်မြတ် ၏ ခွဲဝေပေးမှုအပေါ် ကျေနပ်ပါလေ။ ထိုသို့ဖြင့် လိုလားမှု မရှိဆုံးသူ ဖြစ်ရန် ဖြစ်ပါသည်။  အလ္လာဟ် ဟို အရှင် ဟရာမ် (ခ) တားမြစ်ထားသည့် အရာများကို မကျူးလွန်ပါလေနှင့်။ထိုသို့ဖြင့် ရှောင်ကြဉ်သူ တကာ ရှောင်ကြဉ်သူ ဖြစ်ရန် ဖြစ်ပါသည်။မိမိ၏ အိမ်နီးနားချင်း  နှင့် ကောင်းမွန်စွာဆက်ဆံပါလေ။ ထိုသို့ဖြစ် မိုအ်မင် ဖြစ်သွားပေမည်။

ကျမ်းကိုး ။ ။ အမာလီ မိုဖီးဒ်  ကျမ်း ၊ စာမျက်နှာ ၃၅၀

****************************************************************
END / 251