၁၆ ဒီဇင်ဘာ ၂၀၂၂ - ၂၃:၀၁
 အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ဆွာဒစ်က် ရူဟာနီ  အလ္လာဟ်အမိန့် ခံယူ

ဟောင်ဇေအေလ်မီယေ ကွမ်း၏ အကျော်အမော် မရ်ဂျာများမှ တစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ဆွာဒစ်က် ရူဟာနီ သည် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်း တွင် အလ္လဟ် ဟို အရှင်မြတ် အမိန့်ခံသွား ကြောင်း ဝမ်းနည်းစွာ သိရှိခဲ့ရပါတယ်။  

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟောင်ဇေအေလ်မီယေ ကွမ်း၏  အကျော်အမော် မရ်ဂျာများမှ တစ်ပါး ဖြစ်ပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အဘူလ်ကာစင်မ် အလ်ခဝီး (ရ.ဟ) ၏ တပည့်ဖြစ်သူ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ဆွာဒစ်က် ရူဟာနီ သည် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်း တွင် အလ္လဟ် ဟို အရှင်မြတ်  အမိန့်ခံသွား ကြောင်း ဝမ်းနည်းစွာ သိရှိခဲ့ရပါတယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ဆွာဒစ်က် ရူဟာနီ အား ၁၉၂၆ ခုနှစ်တွင် အီရန် နိုင်ငံ ၏ ကွမ်းမြို့တော် တွင် သူတော်စင် မိသားစု ၊ ပညာ နှစ်သက် သည့် မိသားစု မှ မွေးဖွားခဲ့ပါတယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ဆွာဒစ်က် ရူဟာနီ သည် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အဘူလ်ကာစင်မ် အလ်ခဝီး (ရ.ဟ) နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် သွဗါသွဗါအီ ပရူဂျရ်ဒီ (ရ.ဟ) ၏ တပည့်များ မှ ဖြစ်ပါတယ်။

ဖေက်ဟေဆွာဒစ်က်  စာအုပ် သည် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ဆွာဒစ်က် ရူဟာနီ ၏ အာရဘီ ဘာသာ စကားဖြင့်‌ ရေးသား ထားပြီး  အရေးပါ စာအုပ် တစ်အုပ် ဖြစ်ပါ တယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ဆွာဒစ်က် ရူဟာနီ ၏ မယသ် အစီအဥ် နှင့် ပတ်သက်ပြီး နောက်ပိုင်း တွင် ဖော်ပြမည် ဖြစ်ပါတယ်။

***************************************************************

END / 251