၁၃ ဖေဖော်ဝါရီ ၂၀၂၃ - ၁၇:၅၂

စာအုပ်အစစ်မှာ အာရဘီ ဘာသာဖြင့် အလာမာ မရ်ဟွန်မ် ရှမ်ဆိုဒ်ဒီးန် ရေးသား ပြုစုထား သည့်((ثورة الحسين(ع)؛ ظروفها الإجتماعية وآثارها الإنسانية)) ဖြစ်ပါသည်။ ၎င်းစာအုပ် အား အင်္ဂလိပ်ဘာသာဖြင့် (( Imam Hussain's (a.s) Revolution)) ဟု နာမည်ပေးထားပြီး မဂျ်မယေ ဂျဟာနီ အဲဟ်လေ့ ဘိုက်(သ) (အ.စ) မှ ပုံနှိပ် ထုတ်ဝေခဲ့ ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မရ်ဟွန်မ် အလာမာ မိုဟမ္မဒ် မဲဟ်ဒီ ရှမ်ဆိုဒ်ဒီးန် ရေးသားပြုစု ထားသည့် အာရဘီ ဘာသာဖြင့် ((ثورة الحسين(ع)؛ ظروفها الإجتماعية وآثارها الإنسانية)) ဖြစ်ပြီး အဓိပ္ပာယ် မှာ အေမာမ် ဟိုစိုင်းန် (အ.စ) ၏တော်လှန်ရေး နှင့် ၎င်း တော်လှန်ရေး ၏ လူမှုရေး လူသား အကျိုးသက်ရောက်မှုများ ဖြစ်ပါတယ်။ ၎င်း စာအုပ် အား မဂျ်မယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ အင်္ဂလိပ် ဘာသာဖြင့် ပုံနှိပ် ထုတ်ဝေခဲ့ ပါတယ်။

 

စာအုပ်အစစ်မှာ အာရဘီ ဘာသာဖြင့် အလာမာ ရှမ်ဆိုဒ်ဒီးန် ရေးသား ပြုစုထား သည့်((ثورة الحسين(ع)؛ ظروفها الإجتماعية وآثارها الإنسانية)) ဖြစ်ပါသည်။ ၎င်းစာအုပ် အား အင်္ဂလိပ်ဘာသာဖြင့် (( Imam Hussain's (a.s) Revolution)) ဟု နာမည်ပေးထားပြီး ဂျနာဗ် အီစာ မကာမာ မှ ဘာသာပြန် ထားခြင်း ဖြစ်ပါတယ်။ စာမျက်နှာ ၁၆၂ မျက်နှာ ရှိပါတယ်။

 

စာအုပ်၏ အနှစ်ချုပ်


အေမာမ် ဟိုစိုင်းန် (အ.စ) ၏ တော်လှန်ရေး နှင့် ၎င်း တော်လှန်ရေး ၏ လူမှုရေး လူသား အကျိုးသက်ရောက်မှုများ ဆိုသည့် စာအုပ် တွင် မရ်ဟွန်မ် အလာမာ မိုဟမ္မဒ် မဲဟ်ဒီ ရှမ်ဆိုဒ်ဒီးန် မှာ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ လမ်းစဉ် အား ထောင့်စုံ မှ တင်ပြထားပါတယ်။ ပြီးနောက် ခွဲခြမ်းစိတ်ဖြာ စိစစ်ပြထားပါတယ်။ စာရေးသူ၏ အမြင်တွင် ကရ်ဗလာ တော်လှန်ရေး အားသဘောပေါက်နားလည် ပြီး အေမာမ်ဟိုစိုင်းန် (အ.စ) အား နားလည်သဘောပေါက်မှသာလျှင် စစ်မှန်သည့် အစ္စလာမ် ၏ ရုပ်ပုံအား တွေ့မြင်နိုင်မည်ဖြစ်ပါတယ်။ သို့ဖြစ်ရာ စာရေးသူမှာ ဤတော်လှန်ရေး၏ နိုင်ငံရေး ၊လူမှုရေး ဆိုင်ရာ များကို တင်ပြခဲ့ပါတယ်။ ဤဖြစ်ရပ်မှန်သမိုင်း ဖြစ်ရပ်၏ အကြောင်းခံများကို ကြိုးစား တင်ပြထားပြီး ဖြစ်ရပ်မှန်၏ အာနိသင်များ ကို လည်း ဖော်ပြထားပါတယ်။

 

ဤသုတေသနပြုချက်အရ စကီဖာ ၏ဖြစ်ရပ်မှန် ၊ ခေလာဖသ် အတွက် အဖွဲ့ အစည်း ဖွဲ့စည်းရခြင်း ၊ ဒုတိယခလီဖွာ ၏ ခေတ် တွင် မွတ်စလင်မ် များ အကြား လူတန်းစားခွဲခြားရေးစနစ် အတွက် တော်လှန်ရေး တတိယ ခလီဖာ ၏ ခေတ်တွင် ပြည်သူပိုင် ဘဏ္ဍာ ငွေ အား အလွဲသုံးစား ပြုမှု ၊ လုယက်မှု အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) ၏ တရားမျှတမှု ၊ကျောသားရင်သားမခွဲခြားမှုကို လူထု မှ စိတ်မရှည် မှု ပတ်ဝန်းကျင် အသိုင်းအဝိုင်း တွင် ကပ်ဆိုက်မှု မိုအာဝေ ၏ မှားယွင်းသည့် ပေါ်လစီများ သည် ကရ်ဗလာ ဖြစ်ရပ်မှန် ဖြစ်ပေါ်စေသည့် အကြောင်းခံများ ဖြစ် ကြောင်း တင်ပြထားပါတယ်။

 

 

****************************************************************

 

END / 251