အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ သတင်း အထောက်အထား များ အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် သိမ်းပိုက် ထားသော အစ္စရေးတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း ဟီဘရူးမီဒီယာက ယနေ့ ဝန်ခံ ထားပါတယ်။ စစ်သွေးကြွ နယ်ချဲ့ ဇီယွန်နစ်တပ်သားများ၏ သံချပ်ကာယာဉ်တစ်စီးကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
ဟီဘရူး မီဒီယာ၏အဆိုအရ ဒဏ်ရာရရှိခဲ့သော စစ်သွေးကြွ အစ္စရေးစစ်သား ၁၇ ဦးအနက် ၄ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေပါတယ်။ သိမ်းပိုက်ထားသော စစ်သွေးကြွ အစ္စရေး အာဏာပိုင်များသည် ၎င်းတို့၏ စစ်သား အရေအတွက် အတိအကျကို ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း အကန့်အသတ် အရေအတွက်ကိုသာ မီဒီယာသို့ ထုတ်ဖော် ပြသခြင်းမှာ မှတ်သားစရာ ဖြစ်ပါတယ်။
တစ်ဖက်တွင်လည်း နယ်ချဲ့ အစ္စရေး ကာကွယ်ရေး ဝန် ကြီး ယိုအာ့ဗ် ဂဲလင်န့် (Yoav Gallant) က ဂါဇာရှိ အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားသည့် ဟားမတ်စ်များနှင့် စစ်ပွဲတွင် စစ်တပ်အတွက် အသက်ဆုံးရှုံးရခြင်း သည် ပြင်းထန်ပြီး နာကျင်စေသည့် ထိုးနှက်ချက်ဖြစ်ကြောင်း ဆိုထားပါတယ်။
နယ်ချဲ့ အစ္စရေး ကာကွယ်ရေး ဝန် ကြီး ယိုအာ့ဗ် ဂဲလင်န့် (Yoav Gallant) ကဆက်လက်ပြီး ဂါဇာ ကမ်းမြောင် ဒေသ အတွင်း မိမိတို့ရရှိသည့် အောင်မြင်မှုထက် ပေးဆပ်နေရမှာ အလွန်များကြောင်း ဤ အတွက် ဝမ်းနည်း ကြောင်း ပြောကြားခဲ့ပါတယ်။
အလ်အက်ဆွာ မုန်တိုင်းစစ်ဆင်ရေးသည် ၂၆ ရက်မြောက်နေ့တွင် ဝင်ရောက်လာခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသရှိ နယ်မြေများနှင့် ဆေးဘက်ဆိုင်ရာစခန်းများနှင့် စာသင်ကျောင်းများကို စစ်သွေးကြွ နယ်ချဲ့ အစ္စရေးအစိုးရမှ လူမဆန်စွာရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုများကိုပြုနေခြင်း ဖြစ်ပါတယ်။ လက်နက်မဲ့ ပြည်သူများ ကို ဟားမတ်စ် အကြောင်းမဲ့ အကြောင်းပြချက်ဖြင့် ရှက်ရမ်း ၊ရမ်းပြီး လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခံနေသည်ကို အထူး သတိပြုသင့်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသ အား ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်း တိုက်ခိုက် မှုများ ဖြင့် ပစ်မှတ်ထားပြီး စစ်သွေးကြွ အစ္စရေး နယ်ချဲ့ မှာ တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။
****************************************************************
END / 251