၂၀ ဇန်နဝါရီ ၂၀၂၄ - ၂၀:၄၃
လက်ဘနွန်တောင်ပိုင်းတွင် နယ်ချဲ့  ဇီယွန် အစ္စရေး အစိုးရ မှ  ကားတစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့

လက်ဘနွန်တောင်ပိုင်းတွင် နယ်ချဲ့ ဇီယွန် အစ္စရေး အစိုးရ မှ ကားတစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ဤ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်း အထောက်အထားများအရ အလ်မီယာ ဒီးန် ဒီဗီ သည် တုရုဧရိယာရှိ အလ်ဘာဇူရီယဟ် လမ်း၏ မြောက်ဘက်မျှော်စင်ကို ဖြတ်ကူးစဉ် အစ္စရေးဒရုန်းတစ်စီး မှ  ကားတစ်စီးကို တိုက်ခိုက် ခဲ့ကြောင်း မွန်းလွဲပိုင်းတွင် ကြေညာခဲ့ပါတယ်။

တောင်လက်ဘနွန်ရှိ အရပ်ဘက်ကာကွယ်ရေးအဖွဲ့မှ တိုက်ခိုက်မှုအတွင်း လူနှစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းတွင် ကြေညာခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများ၏ အမည်ကို အစီရင်ခံစာတွင် မဖော်ပြထား သော်လည်း အချို့သော သတင်းရင်းမြစ်များက ၎င်းတို့နှစ်ဦးသည် ဟားမတ်စ် အဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုကြပါတယ်။

တောင်လက်ဘနွန်တွင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ယာဉ်သည် ဟားမတ်စ်အဖွဲ့ဖြစ်ပြီး အစ္စရေးဒရုန်း တိုက်ခိုက်မှုတွင် လူနှစ်ဦးသေဆုံးသွားခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။

ပြီးခဲ့သည့်လများအတွင်း လက်ဘနွန်တွင် ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့သည် ဂါဇာနှင့် ပါလက်စတိုင်းပြည်သူများကို ထောက်ပံ့ရန်အတွက် ဇီယွန်စစ်အခြေစိုက်စခန်းများကို စည်းလုံးညီညွှတ်သည့် စစ်ဆင်ရေးကို စတင်ခဲ့ပြီး အစ္စရေးအစိုးရသည် တော်လှန်ရေးတပ်ဖွဲ့များကို ပစ်မှတ်ထားကာ ယင်းစစ်ဆင်ရေးကို ရပ်တန့်ရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။

ယနေ့နံနက်တွင် ဇီယွန်အစိုးရသည် ဒမတ်စကတ်မြို့အနောက်ဘက်ရှိ အလ်မဇဟ် ဧရိယာကို လေကြောင်းမှ တိုက်ခိုက်ရာတွင် အီရန်နှင့် ဆီးရီးယား တော်လှန်ရေးတပ်ဖွဲ့ အများအပြားကို ရှဟီးဒ် ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251