အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်းအထောက်အထားများအရ ယီမင်မြောက်ပိုင်းရှိ ဆအ်ဒဟ် ကို အမေရိကန် စစ်လေယာဉ် များ က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ယနေ့တွင် ကြေညာခဲ့ပါတယ်။
ယီမင်နိုင်ငံမြို့တော် ဆနအာ တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အစိုးရ မဟုတ်သည့် သတင်းရင်းမြစ် များက ဖော်ပြထားပါတယ်။
ယီမင်နိုင်ငံမြောက်ပိုင်းကို အမေရိကန်စစ်လေယာဉ်များသည် တင်းမာမှုများ ပြင်းထန်လာပြီး ယီမင်ကို လူမဆန်စွာ ပစ်မှတ်ထားခြင်းသည် ပင်လယ်နီအကျပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ် သည့် ဒီလိုအခြေ အနေမျိုးမှာ တိုက်ခိုက်ခဲ့တယ်လို့ ယီမင်နိုင်ငံ အန်ဆွာရိုလ္လာဟ် လှုပ်ရှား ရေးအဖွဲ့ ၏ နိုင်ငံရေးရုံးအဖွဲ့ဝင် အဗ်ဒိုလ်မလစ်က် အလ်အဂျ်ရီ မှ တနင်္လာနေ့ညတွင် သတိပေးခဲ့ပါတယ်။
ယီမင်ကို တိုက်ခိုက်ခြင်းဖြင့် ဆနအာ သည် ပါလက်စတိုင်းများအတွက် ၎င်း၏ ထောက်ခံမှုကို ဘယ်သောအခါမှ စွန့်လွှတ်မည်မဟုတ်ကြောင်း အဗ်ဒိုလ်မလစ်က် အလ်အဂျ်ရီ မှ ပြောကြားခဲ့ပါတယ်။
ယီမင်နိုင်ငံ အန်ဆွာရိုလ္လာဟ် လှုပ်ရှား ရေးအဖွဲ့ ၏ နိုင်ငံရေးရုံးအဖွဲ့ဝင် အဗ်ဒိုလ်မလစ်က် အလ်အဂျ်ရီ မှ ယီမင်အပေါ် အမေရိကန်နှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုများကို ဖော်ပြခဲ့ပြီး ယင်းကျူးကျော်မှုသည် ကျူးကျော် နယ်ချဲ့ ဇီယွန်ဝါဒီအစိုးရအတွက် အထောက်အပံ့အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။
ပင်လယ်နီတွင် ဇီယွန်စစ်အစိုးရအတွက် ကုကုန်ပစ္စည်းများတင်ဆောင်သည့် သင်္ဘောများသာ အန္တရာယ် ရှိကြောင်း အခြား သင်္ဘောများအတွက် သာ အန္တရာယ်မရှိကြောင်း၊ သို့သော် လည်းပဲ အမေရိကန် မှ ပင်လယ်နီ ရှိ သင်္ဘောအားလုံးအတွက် အန္တရာယ်ရှိကြောင်း ပြသရန် ကြိုးစားနေကြောင်း အဗ်ဒိုလ်မလစ်က် အလ်အဂျ်ရီ မှ ပြောကြားခဲ့ပါတယ်။
အမေရိကန် မှ ယီမင်ကို တိုက်ခိုက်တာဟာ မငြိမ်မသက်ဖြစ်စေရုံသာမကဘဲ နိုင်ငံတကာ သင်္ဘောတွေကိုပါ ခြိမ်းခြောက်လာတာကြောင့် အကြောင်းမှာ ယီမင်ကို အမေရိကန်က တိုက်ခိုက်မှု ပြု အပြီးမှာ ကုမ္ပဏီတချို့က သူတို့ရဲ့ သင်္ဘောတွေဟာ ပင်လယ်နီကို ဖြတ်ကျော်မှာမဟုတ်ဘူးလို့ ကြေညာခဲ့ကြောင်း အဗ်ဒိုလ်မလစ်က် အလ်အဂျ်ရီ မှ ဆက်လက် ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251