ထင်ရှားကျော်ကြားသည့် လက်ဘနွန် ရှီအဟ် သာသနာ့ ပညာရှင်များ မှ တစ်ပါး ဖြစ်ပြီး အကျော်အမော် စာရေး ဆရာ အာယာသွလ္လာဟ် ရှိက်ခ် အလီ ကူရာနီ အလ္လာဟ့် အမိန့်တော် မြတ် ခံ ယူသွားကြောင်း ဝမ်းနည်း စွာ သိရပါတယ်။
အာယာသွလ္လာဟ် ရှိက်ခ် အလီ ကူရာနီ ၏ စာအုပ်များဟာ မဲဟ်ဒဝီယသ် တွင် ကျော်ကြားပြီး အေမာမ် များ (အ.စ) ၏ သမိုင်း တွင် သုတေသီကြီး တစ်ပါး ဖြစ်ပါတယ်။ ကြံ့ကြံ့ခံ သည် မိုဂျာဟစ်ဒ် များ တွင် လူငယ်အရွယ် ကတည်း က ပါဝင်ခဲ့ပြီး ကူညီ ခဲ့သူ ဖြစ်ပါတယ်။
ကွန်လွန်သူ အာယာသွလ္လာဟ် ရှိက်ခ် အလီ ကူရာနီ သည် အာယာသွလ္လာဟ် အလ်အွဇ်မာ ရှဟီးဒ် ဆယက်ဒ် မိုဟမ္မဒ် ဘာကဲရ် ဆဒ်ရ် ၏ တပည့်များ မှ တစ်ဦး ဖြစ်ပြီး ထောက်ခံအားပေးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ထိုပြင် အဒ်ဒအ်ဝဟ် ပါတီ ၏ တက်ကြွ အဖွဲ့ဝင်များ မှ တစ်ဦး ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဟစ်ဇ်ဘွလ္လာဟ် ၏ အကြီးအကဲများ နှင့် တပ်မှူးအချို့ကို ဤပါတီသို့ ခေါ်ဆောင်လာခဲ့ပါတယ်။
အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ဟကီးမ် သည် မရ်ဟွန်မ် အာယာသွလ္လာဟ် ရှိက်ခ် အလီ ကူရာနီ အား မိမိ၏ ကိုယ်စားလှယ်တော် အဖြစ် ကူဝိတ် နိုင်ငံ သို့ စေလွတ် ခဲ့ပါတယ်။ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ဟကီးမ် အလ္လာဟ့် အမိန့်တော် မြတ် ခံယူပြီးနောက် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ခူဝီ မှလည်း အာယာသွလ္လာဟ် ရှိက်ခ် အလီ ကူရာနီ မိမိ ၏ ကိုယ်စားလှယ်တော် အဖြစ် ရွေး ချယ် ခံပါတယ်။
အာယာသွလ္လာဟ် ရှိက်ခ် အလီ ကူရာနီ နိုင်ငံရေးနှင့် လူမှုရေးနယ်ပယ်များတွင် အလွန်တက်ကြွပြီး မတ်စ်ဂျစ်ဒ် ဝတ်ကျောင်းတော်များ နှင့် ဘေရွတ် မြို့ ရှိ ရစူလ်လေအက်ရာမ် (ဆွ) ကို ဆေးရုံ တည်ထောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
အာယာသွလ္လာဟ် ရှိက်ခ် အလီ ကူရာနီ သည် မရ်ကဇ် မိုအဂျန်မ်မေဖေက်အီ ကို တည်ထောင် ခဲ့ပြီး စာအုပ် ပေါင်း ၃၀၀၀ နှင့် အတွဲပေါင်း ၄၇၀၀ အထိရှိသည့် အစ္စလာမ့် ကမ္ဘာတွင် ပထမဆုံး ပြည့်စုံသော ကွန်ပျူ တာပရိုဂရမ်ကို ထုတ်လုပ်ခဲ့သူ ဖြစ်ပါတယ်။
မရ်ဟွန်မ် အာယာသွလ္လာဟ် ရှိက်ခ် အလီ ကူရာနီ သည် ဆဒန် ၏ ပါတီ ဟစ်ဇ် ဘေ ဗအ်ဇ် ၏ လုပ်ကြံသတ်ဖြတ် မှု ကို ခံခဲ့သူဖြစ်ပြီး ဦးခေါင်းကို အနီးကပ်ပစ်သတ်ခဲ့သော် လည်း အလ္လာဟ် ဟို အရှင်မြတ် ၏ကျေးဇူးတော်ကြောင့် ကျည်ဆန်မှာ ဦးခေါင်းခွံတွင် စွဲကျန်ခဲ့ပြီး အသက်ရှင်ခဲ့ပါတယ်။ ဆဒန်မ် ၏ ပါတီ ဟစ်ဇ် ဘေ ဗအ်ဇ် ၏ လူမဆန်သည့် လုပ်ကြံ မှု ၏ ကျည်ဆန် သည် အထောက်အထား သက်သေ အဖြစ် မရ်ဟွန်မ် အာယာသွလ္လာဟ် ရှိက်ခ် ကူရာနီ ၏ ကိုယ်ခန္ဓာ တွင် ဒဏ် ရာ အမှတ် ကျန်ရစ် ခဲ့ပါတယ်။
.......................................................
END / 251