၂၃ မေ ၂၀၂၄ - ၂၀:၂၈
အီရန် နိုင်ငံ ဂီလာန် ပြည်နယ် မှ ဟာဂျီ လောင်း ၄၄၅ ဦး ဟဂျ်ပြုရန် ယနေ့ ထွက်ခွာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ဂီလာန် ပြည်နယ် ၏ ဟဂျ် နှင့် ဇေယာရသ် ဆိုင်ရာ တာဝန်ခံ အကြီးအကဲ မှ ဤပြည်နယ်မှဟာဂျီလောင်း ၄၄၅ ယနေ့ မေလ ၂၃ ရက်နေ့ ကြာသပတေးနေ့တွင် လေယာဉ် ၂ စင်းဖြင့် ဟဂျ်ဂျေသမသိုအ် ပြုရန် ထွက်ခွာသွားပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂီလာန် ပြည်နယ် ၏ ဟဂျ် နှင့်ဇေယာရသ် ဒါရိုက်တာ ဖြစ်သူ ဝဟီးဒ် အစ်ကန်ဒရီ မှ မေလ ၂၃ ရက်နေ့ ၂၀၂၄ခုနှစ် ကြာသပတေးနေ့ တွင်ဂီလာန် ပြည်နယ်၏ ပထမဆုံး ဟာဂျီလောင်း အုပ်စု အား ပို့ဆောင်ခြင်းအား ရည်ညွှန်းပြီး သတင်းထောက်များအုပ်စုတွင် ပြောကြားသည်မှာ - ဤဟာဂျီ လောင်းများ သည် အုပ်စု နှစ်စု တစ်အုပ်စု တွင်  ဟာဂျီလောင်း ၁၂၀ ဦး နောက် အုပ်စု တွင် ၉၅ ဦး တို့သည် ဦးဆောင်သူများ နှင့် အတူ မေလ ၂၃ ရက်နေ့ (ကြာသပတေးနေ့)  နံနက် တွင် Sardar Jangal Rasht အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မဒီနာ မြို့ သို့ထွက်ခွာပြီး ဖြစ်ကြောင်း မဒီနာ မြို့ တွင် ၅ ရက်တာ နေထိုင်ပြီးနောက် မက္ကဟ် မြို့တော် သို့  သွားကြမည် ဖြစ်ကြောင်း ဖြစ်ပါတယ်။

ဂီလာန် ပြည်နယ် ၏ ဟဂျ် နှင့်ဇေယာရသ် ဒါရိုက်တာက ထပ်လောင်းပြောကြားခဲ့သည်မှာ - ဂီလာန် ပြည်နယ် မှာ နောက်ထပ် ဟာဂျီ လောင်း အုပ်စု နှစ် စု သည် ယနေ့ မေလ ၂၃ ရက်နေ့ နေ့လည် ၁နာရီ နှင့် ၁၃ မိနစ် တွင် Sardar Jangal Rasht အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မဒီနာ မြို့ သို့ထွက်ခွာပြီး ဖြစ်ကြောင်း မဒီနာ မြို့ သို့ ထွက်ခွာ သွားကြောင်း ပထမ အုပ်စု တွင် ဟာဂျီ လောင်း ၁၃၅ဦး နှင့် ဒုတိယ အုပ်စု တွင် ဟာဂျီ လောင်း ၉၅ ဦး ဦးဆောင်သူ ၇ ဦး ပါဝင်ကြောင်း ဖြစ်ပါတယ်။

ဝဟီးဒ် အစ်ကန်ဒရီ မှ ဆက်လက်ပြီး  ဟာဂျီလောင်း  ၁၈၅ ဦးပါသည့် အုပ်စု  တစ်စု သည်  မေလ ၂၇ ရက်နေ့  တွင် တီဟီရန် ရှိ အပြည်ပြည်ဆိုင်ရာ အေမာမ် ခိုမေနီ (ရ.ဟ) လေဆိပ်မှ  ဆော်ဒီ သို့ သွားရောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်း မှ ဆက်လက်ပြီး ဟာဂျီလောင်းများသည် ရရှ်သ်  မြို့နယ်၊ သာလသ်ရှ် မြို့နယ်၊ အာစ်သာရာ မြို့နယ် ၊ လာဟီဂျန်း မြို့နယ် ၊ ရူဒ်စရ် မြို့နယ် ၊ လန်ကရူဒ် မြို့နယ်၊ ဘန်ဒရ် အန်ဇလီ မြို့နယ်၊ အာစ်သာနဟ် အရှ်ရဖီးယဟ် မြို့နယ် ဆူမအ်ဟ်စရာ မြို့နယ်၊ ဖူမန် မြို့နယ်၊ ရူးဒ်ပါရ် မြို့နယ်၊ ခမာန်မ် မြို့နယ်  အမ်လရှ် မြို့နယ် နှင့် စီယာ ဂိုလ် မြို့နယ် တို့ မှ ဖြစ်ကြကြောင်း ပြောကြားခဲ့ပါတယ်။

ဂီလာန် ပြည်နယ် ၏ ဟဂျ် နှင့်ဇေယာရသ် ဒါရိုက်တာ ဖြစ်သူ ဝဟီးဒ် အစ်ကန်ဒရီ မှ ဆက်လက်ပြီး ယခုနှစ် ဟာဂျီလောင်း များတွင် အသက်အကြီးဆုံးမှာ ၈၂ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး အငယ်ဆုံးမှာ ၁၂ နှစ်အရွယ် ယောက်ျားလေးဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး ၉နှစ်ကြာပြီးနောက် အွမ္မရဟ် အတွက် ဂီလာန် ပြည်နယ်မှ ၈၅ ဦး သည် ယခု နှစ် ဧပြီလ ၂၇ ရက်နေ့ တွင် တီဟီရန် ရှိ အပြည်ပြည်ဆိုင်ရာ အေမာမ် ခိုမေနီ (ရ.ဟ) လေဆိပ်မှ  ဆော်ဒီ သို့ သွားရောက်ခဲ့ကြောင်း ကိုလည်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251