အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
إنالله و إناالیه راجعون
မဇ်လူးမ် ဘက် နှင့် အမှန်တရား ဘက် မှ အမြဲရပ်တည် ပေးသည့် လက်ဘနွန် အခြေဆိုက် တရားဝင် အဖွဲ့ ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ ချစ်လှစွာသော မိခင် မိန် အလ္လာဟ် အမိန့်တော် ခံယူ သွား ကြောင်း ဝမ်းနည်း ကြေကွဲ စွာ သိရှိရပါတယ်။
H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် သည် မိမိ အချစ်ရဆုံးသူများ မှ တစ်ဦး ဖြစ်သည့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ ၏ ရှဟာဒသ် (အဇာနည်) အတွက် အဇါဒါ ဖြစ်လို့ မပြီးသေးခင်မှ ထပ်၍ အချစ်ရဆုံး မွေးမိခင် ၏ အဇါဒါ ထပ်၍ ဖြစ်ရပြန်ပြီး။
အလ္လာဟ်ဟို အရှင်မြတ်သခင် ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် အား ဆဗရ်ဂျမီးလ် (လှပသည့်သည်းခံတရား ) ပေးသနားတော်မူပြီး ၎င်းချစ်ရသည့် မရ်ဟွန်မ်များ ၊မရ်ဟွန်မ်မဟ်များ နှင့် မိခင်မွန် အား မိမိ ရဟ်မသ်တော်များ အောက် တွင် ထားတော်မူပါ။ ၎င်းတို့ အားလုံးအား မဂ်ဖေရသ် ပြုလုပ်ပေးသနားတော်မူပါ ။
.......................................................
END / 251