အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အပေါင်းအပါ များ ၏ ရှဟာဒသ် (အဇာနည်) အဖြစ် အလ္လာဟ် အမိန့်ခံခဲ့ရမှု အား ရဟတ်ယာဥ် မတရားလုပ်ရပ် များ လူတွေကို သတ်လို့ စသည်ဖြင့် လုပ်ရပ်များ ကြောင့် ရဟတ်ယာဥ် ပျက်ကျပြီး အသေဆိုး နှင့် သေရသည်ဟု တစ်ဘက်ပိတ်များ ဖြေပေးရန် နှင့် သိထား ရန် မေးခွန်း များ ကို မေးလိုက်ပါတယ်။အမှန်တရား နှင့် ဘက်မလိုက်မှုကို လက်ကိုင်ထားပြီး ဖြေကြည့်ကြပါ။
မေးခွန်း (၁) အီရန်သမ္မတ သည် မြန်မာ စစ်တပ်ကို လက်နက်များ ရောင်းချခဲ့၍ မြန်မာပြည်သူများ မတရား အသတ်ခံ ရ၍ ဘုရားရိုက် ၍ အသေးဆိုးနဲ့ သေရခြင်း ဖြစ်လျင် မြန်မာ စစ်ဗိုလ် တရုတ်သမ္မတ နှင့် ရုရှား သမ္မတ အဘယ်ကြောင့် အသေစိုးနဲ့ မသေရပါသနည်း ? ပါလက်စတိုင်း ကလေး၊မိန်းမ မကျန် ကို အပြစ်မဲ့ လူမျိုးတုန်း သတ်ဖြ်နေသည့် နယ်ချဲ့ အစ္စရေး ဝန်ကြီးချုပ်နဲ့ အမေရိကန် သမ္မတ နောက် ၎င်းတို့ကို အားပေးနေသည့် အနောက် တိုင်းများ၏ သမ္မတ များ အဘယ်ကြောင့် အသေးဆိုးနဲ့ မသိရပါသနည်း?
မှတ်ချက် - အီရန် သည် မြန်မာ အစိုးရ လက်နက် ရောင်းချမှ အထောက်အထား အခိုင်အလုံ မရှိပါ။အစ္စရေး နဲ့ အေမရိကန် နောက်လိုက်များ ၏ စွပ်စွဲ ချက်များကို အခြေခံ မဟုတ်သတင်း ဖြန့်နေခြင်းသာ ဖြစ်ပါတယ်။
မေးခွန်း (၂) ဘုရားသခင်က အီရန် သမ္မတ ကြာတေ့ ရိုက်ပြီး ကျန် သမ္မတများ ဝန်ကြီးချုပ်များ ကို မရိုက်ရခြင်း မှာ အဘယ်ကြောင့်နည်း? ဘုရားသခင်က မျက်နှာ လိုက်တာလား?
မှတ်ချက် - မွတ်စလင်မ်များ အဆို အရ အလ္လာဟ် ရိုက်တာ ဆိုလျင် လူကြီးမင်းတို့ စွပ်စွဲ ထားသည့် အီရန် သမ္မတ ထက် အဆပေါင်းများစွာ ဆိုးသွမ်းသည့် ဇွာလင်းမ် များ ကို အလ္လာဟ် မျက်နှာတာပေါ့? ။ (မအဇလ္လာဟ် )
မေးခွန်း (၃) အီရန်သမ္မတ မှ လူကြီးမင်းတို့ စွပ်စွဲသလို မအ်စာ အမီးနီ ဟေဂျာဗ် မဝတ်သူကို မတရားသတ်ခဲ့လို့ ဆိုလျှင် အမျိုးသမီးများကို မုဒိမ်းကျင်ပြီးမတရား သတ်ဖြတ်ခဲ့သည့် သတ်နေသည့် အမြောက်အများ သေခြင်း မဆိုးကြပါသနည်း ?
မေးခွန်း (၄) လူကြီးမင်းတို့ စွပ်စွဲသလို အီရန် သမ္မတအား အီရန် ပြည်သူ လူထု မှ မကြိုက်ရင် လက်မခံရင် သူအလောင်းသို့ သိန်းပေါင်းများစွာ သန်းနဲ့ ချီ ၍ လာရောက်ခဲ့ကြပါသနည်း ?
မေးခွန်း (၅) အီရန် သမ္မတသည် သမ္မတ ဖြစ်နေလျက် မိမိ မိခင်ဟာ ရိုးရိုး အိမ်ငယ်လေး တွင် သာနေထိုင် သည်ကိုကော် လူကြီးမင်းတို့ သိပါသလား?
အီရန် သမ္မတ အကြောင်း လေ့လာ ကြည့်မည်ဆိုလျင်
ဆယက်ဒ် အီဗရာဟင်းမ် ရအီ စွတ်စ်စါဒါသီ ၊ အီရန်သက္ကရာဇ် ၁၃၃၉ ခုနှစ် ၊ခရစ်သက္ကရာဇ် ၁၉၆၀ ခုနှစ် မွေးဖွား ၊ ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ ဟု လူသိများ ပြီး ရှီအဟ် သာသနာ့ပညာရှင်တစ်ပါး နှင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ အဋ္ဌမမြောက်သမ္မတဖြစ်ပါသည်။ ၎င်းသည် သည် ကွမ်း နှင့် မရှ်ဟဒ် ရှိ သာသနာ တက္ကသိုလ် နှင့် ရှဟီးဒ် မိုသွဟရီ တက္ကသိုလ် မှ ကျောင်းဆင်း တစ်ဦးဖြစ်ပါ တယ်။
ရအီစီသည် သာသနာပညာရှင်များတော်လှန်ရေး အဖွဲ့ ၏ အဖွဲ့ဝင် တစ်ဖြစ်ပါသည်။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ သမ္မတနိုင်ငံ စနစ်တွင် အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါ တယ်။ တရားစီရင်ရေးဌာန အကြီးအကဲ ၊ ရှေ့နေချုပ်ရုံး၊ နိုင်ငံတော် အထွေထွေ စစ်ဆေးရေး အဖွဲ့ အကြီးအကဲ၊ မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ ၏ ကိုယ်စားလှယ် စသည် တို့ ပါဝင်သည်။၎င်းအနေဖြင့် အေမာမ် ရေဇာ(အ.စ)ရောင်ဇာတော် မြတ်၏ ဂေါပက လူကြီး တာဝန် ကို သုံးနှစ် ကြာ တာဝန် ထမ်းဆောင်ခဲ့ပါ တယ်။
မေလ ၁၉ ရက် ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် တွင် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် ၎င်း၏ အဖော်များ စီးနင်းလာသည့် ရဟတ်ယာဉ် သည် ဆောက်လုပ်ရေးပရောဂျက်တစ်ခုဖွင့်လှစ်ရန် အရှေ့အဇာဘိုင်ဂျန် သို့သွား ရောက်ခဲ့ပြီး ဝေရ်ဇေကာန် နှင့်ဂျိုလ်ဖါ ကြားအပြန်လမ်းတွင် မတော်တဆမှုဖြစ်ပွားခဲ့ပါ တယ်။
အီရန်သမ္မတ ၏ အတ္ထုပ္ပတ္တိ နှင့် ပညာရေး
ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ ကို အီရန်သက္ကရာဇ် ၁၃၃၉ ခုနှစ် အာဇရ် လ ၂၃ ရက်နေ့ ခရစ်သက္ကရာဇ် အားဖြင့် ၁၉၆၀ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် မရှ်ဟဒ် မြို့ တွင်မွေးဖွားခဲ့ပါသည်။ ၎င်း၏ဖခင် နှင့်မိခင် သည် ဇိုက်ဒ်ဘင်န်အလီ မှဆင်းသက်လာသူများဖြစ်ပါသည်။ ၎င်း သည် ဟောင်ဇဝီ အတန်းများ ကို မရှ်ဟဒ် မြို့ ရှိ မဒရ်စဟ် အေလ်မီယေဟ် နဝါဗ် တွင် စတင်ခဲ့ပြီး အီရန် သက္ကရာဇ် ၁၃၅၄ ခုနှစ် မှစပြီး ဟောင်ဇေအေလ်မီယေကွမ်း တွင် ဆက်လက်သင်ကြားခဲ့ပါသည်။ ကွမ်းတွင် ယဒွလ္လာဟ် ဒူဇ်ဒူဇာနီ ၊ ဆယက်ဒ် အလီ မိုဟကစ်က် ဒါမာဒ် ၊ အလီအက္က်ဘဲရ် မစ်ရှ်ကီး ၊အဲဟ်မဒ် ဘေဟစ်ရှ်သီ ၊မိုရ် သဇာမိုသဟေရိ နှင့် ဟိုစိုင်းန်ဟမ်ဒါနီ ကဲ့သို့သော ပညာရှင်များ ၏ တပည့် အဖြစ် ပညာသင်ယူခဲ့ပါ သည်။ [1] ဆယက်ဒ် ရအီစီသည် မိုဟမ္မဒ် ဟစန် မရ်အရှီ ရှုရှ်သရီ ၊ ဆယက်ဒ် မဲဟ်မူဒ် ဟာရှင်မီ ရှာဟ်ရူဒီ အာဂါ မွတ်ဂျ်သဗာ တီဟီရန် အာယာသွလ္လာဟ် ခါမေနာအီ နှင့် စသည်ဖြင့် တို့ထံ တွင် မွတ်ဂျ် သဟစ်ဒ် အတန်းများ တွင် တက်ရောက်ခဲ့ပါသည်။ [2]
၎င်း အနေဖြင့် မဒရ်စဟ် အာလီ ရှဟီးဒ် မိုသဟေရီ ဖေက်ဘာသာရပ် နှင့် ဥပဒေ ဘာသာရပ် ကို သင်ယူခဲ့ သည်။ အီရန် သက္ကရာဇ် ၁၃၆၂ ခုနှစ်တွင် ဆယက်ဒ် အဲဟ်မဒ် အေလ်မိုဟိုဒါ ၏ သမီး ဂျမီး လဟ် အေလ်မိုဟိုဒါ နှင့် လက်ထပ်ခဲ့ ပါ တယ်။
အီရန် သမ္မတ ၏ အစ္စလာမ်မစ် တော်လှန်ရေး မတိုင်မီ လှုပ်ရှားမှု မှတ်တမ်းများ
ရအီစီ သည် ၎င်း၏လှုပ်ရှားမှုများကြောင့် အစ္စလာမ်မီ တော်လှန်ရေးမတိုင်မီ နှစ်များအတွင်း စာဝါက် မှ ဖမ်းဆီးခြင်းခံခဲ့ရပါ တယ်။ ထို့အပြင် ပဲဟ်လဝီ အစိုးရ မှ ပြည်နှင်ဒဏ်ခံရသော အာလင်မ် များကို သွားရောက် တွေ့ရန် သာသနာ့ ကျောင်းသားများ နှင့် အတူလိုက်ပါခဲ့ တယ်။
ထိုပြင် အီရန်ရှဟ် တွင် ပြည်နှင် ဒဏ် ခံရသော အာယာသွလ္လာဟ် ခါမေနာအီ နှင့် တွေ့ဆုံရန် ဤမြို့ သို့ သွားရောက်ခဲ့ပါ တယ်။ ၁၉၇၈ ခုနှစ် ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ထုတ် ပြန်ကြားရေးသတင်းစာတွင် အေမာမ် ခိုမေနီ (ရ.ဟ) အား စော်ကားသည့် ဆောင်းပါးတစ်ပုဒ်ကို ထုတ်ဝေပြီးနောက် ရအီစီ သည် မဒရ်စဟ် အာယာသွလ္လာဟ် ဘရူဂျုရ်ဒီ (မဒရ်စဟ် ခန်း ) မှ စတင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပါ တယ်။
ရအီစီ သည် အီရန် သက္ကရာဇ် ၁၃၅၇ ခုနှစ် ၏ ဘဲဟ်မန် လတွင် တီဟီရန် တက္ကသိုလ် တွင် အီရန်နိုင်ငံသို့ အေမာမ် ခိုမေနီ ပြန်မလာစေရန် လေဆိပ် များ ပိတ်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည့် ပညာရှင်များစုဝေးရာတွင်လည်း ပါဝင်ခဲ့ တယ်။
အေမာမ်ရေဇာ (အ.စ) ၏ ရေင်ဇာတော် ၏ ဂေါပက လူကြီး အဖြစ် တာဝန် ထမ်းဆောင် ခြင်း
ရအီစီ သည် အီရန်သက္ကရာဇ် ၁၃၉၄ခု ခုနှစ်တွင် အဘာစ် ဝါအ်ဇ် သွဗ်စီ ကွယ်လွန်ပြီးနောက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ အမိန့်ဖြင့် အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် ၏ ဂေါပက လူကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါ တယ်။
ပြီးနောက် အီရန်သက္ကရာဇ် ၁၃၉၈ ခုနှစ် ဖရ်ဝရ်ဒီးန် ထိ ဤ တာဝန်ကို တာဝန်ယူ ထမ်းဆောင် ခဲ့ပါ တယ်။ ဆယက်ဒ် ရအီစီ သည် အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် ၏ ဂေါပက လူကြီး အဖြစ် တာဝန် ထမ်းဆောင် နေစဥ် ဝန်ဆောင်မှုများ စွာ ကို ဆောင်ရွက် ခဲ့ပါသည်။ ယင်းတို့အနက်မှ တစ်နေ့လျှင် ဇေယာရသ်ပြုလုပ်သူ သုံးထောင် အား လက်ခံနိုင်သည့် ဇေယာရသ်ပြုသူများအတွက် ဧည့်ဂေါဟာများကို အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော် ပတ်လည်တွင် တွင် ဆောက်လုပ်ခဲ့ ခြင်း ဖြစ်ပါ တယ်။
ထိုပြင် ပထမဆုံး အကြိမ် မရှ်ဟဒ် မြို့ ရှိ အေမာမ် ရေဇာ (အ.စ) ၏ဇေယာရသ် ပြုရန် မတတ်နိုင်သူများ ကို မရှ်ဟဒ် မြို့ အထိ ရောက်ရန် စီမံကိန်း မရှ်ဟဒ် မြို့ သို့ သွား ရောက် သည့် လမ်းများ တွင် မီကာသိုရ်ရေဇာ ( ဇေယာရသ် ပြုသူများ နားနေဆောင်များ ) ကို တည်ဆောက်ခြင်း စေတနာ့ဝန်ထမ်း လူငယ်များ သည် အခြားသော ဝန်ဆောင်မှုများ ဖြစ်ကြပါ တယ်။
အာယာသွလ္လာဟ် ခါမေနာအီ မှ ဆယက်ဒ်ရအီစီ အား အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် ၏ ဂေါပက လူကြီး အဖြစ် တာဝန် ထမ်းဆောင် စေချိန် တွင် အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် အား ကောင်းမွန်စွာ စောင့်ရှောက် ခြင်း အေမာမ် ရေဇာ (အ.စ) ၏ ဇေယာရသ် လာသူများ ၏ ကိစ္စများကို စိစစ်ခြင်း ရောင်ဇာတော် ၏ ဝန်ထမ်းများ နှင့် အထူးသဖြင့် မရှိဆင်းရဲသားများ ၊ အကူအညီ လိုအပ်သူများအားဝန်ဆောင်ပေးခြင်း အစ္စလာမ့် ကမ္ဘာ တွင် ကျမ်းတော်မြတ် ကုရ်အာန် ၏ သွန်သင်ဆုံးမမှူများ မက်သဗ်ဘေအဲဟ်လေ့ဘိုက်(သ) (အ.စ) (ခ) ရှီအဟ် မဇ်ဟဗ် ၏ သွန်သင်ဆုံးမမှုများ ကို မြှင့်တင်ရေးအေမာမ်ရေဇာ (အ.စ) ပိုင်ဝကာဖ်များ (ငွေများ) ဖြင့် ဆင်းရဲနွမ်းပါး လိုအပ်နေသည်ဒေသများ ကိုအကူအညီများ ပေးခြင်း နှင့် စီးပွားရေးနှင့် ဝန်ဆောင်မှု အဖွဲ့အစည်း များကို စနစ်ကျစေရန် တိုက်တွန်းခဲ့ပါ တယ်။
အီရန် သမ္မတ ၏ နိုင်ငံရေးလှုပ်ရှားမှုများ
အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေး အပြီးတွင် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ သည် အသက် ၂၀ နှစ်တွင် ကရ်ဂျ် အစိုးရရှေ့နေရုံးတွင် တရားစီရင်ရေး လုပ်ငန်းကို စတင်ခဲ့ပါ သည်။ဆယက်ဒ် ရအီစီ သည် ဟမ်ဒါန် အစိုးရ ရှေ့ နေရုံးတွင်[15] အချိန်အတော်ကြာ တာဝန်ယူခဲ့ပြီး ၎င်း၏အခြားတာဝန်များထဲတွင် အောက်ပါ တို့ကို ဖော်ပြနိုင်ပါသည်။
*ခရစ်သက္ကရာဇ် ၁၉၈၉ ခုနှစ် မှ ၁၉၉၄ ခုနှစ် အထိ တီဟီရန် မြို့ တွင် အစိုးရရှေ့နေ အဖြစ်
*ခရစ်သက္ကရာဇ် ၁၉၉၄ ခုနှစ် မှ ၂၀၀၄ ခုနှစ် အထိ နိုင်ငံ၏ အထွေထွေစစ်ဆေးရေး အဖွဲ့၏ အကြီး အကဲ အဖြစ်
*ခရစ်သက္ကရာဇ် ၂၀၀၄ ခုနှစ် မှ ၂၀၁၄ ခုနှစ် အထိတရားစီရင်ရေးကဏ္ဍ၏ ပထမလက်ထောက် အဖြစ်
*ခရစ်သက္ကရာဇ် ၂၀၀၆ ခုနှစ် တွင် မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ တွင် ခိုရာစာန် တောင်ပိုင်း ပြည်သူ့ ကိုယ်စားလှယ် အဖြစ်
*ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် မှ ၂၀၂၁ ခုနှစ် အထိ အိုလမာ တရားရုံး ၏ တရားသူကြီး အဖြစ်
*ခရစ်သက္ကရာဇ် ၁၉၈၀ ခုနှစ် မှ ၁၉၈၅ ခုနှစ် အထိ နိုင်ငံတော်၏ တရားသူကြီးချုပ် အဖြစ်
*ခရစ်သက္ကရာဇ် ၂၀၁၇ ခုနှစ် တွင် မဂျ်မအ်သရှ်ခီးဆ် စေ မတ်ဆ်ဟလသ်သေနေဇါန်းမ် ၏ အဖွဲ့ဝင် အဖြစ်
*ခရစ်သက္ကရာဇ် ၂၀၁၈ ခုနှစ် မှ ၂၀၂၂ ခုနှစ် အထိ အီရန်တရားစီရင်ရေးဌာန အကြီးအကဲ အဖြစ်*ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ် တွင် အီရန် သမ္မတ အဖြစ်
*ခရစ်သက္ကရာဇ် ၁၉၉၅ ခုနှစ် တွင် အာယာသွလ္လာဟ် မဲဟ်ဒဝီကနီ ၏ အကြံပြုချက် အရ သာသနာ ပညာရှင်များတော်လှန်ရေး အဖွဲ့ ၏ အဖွဲ့ဝင် အဖြစ် တာဝန်များ ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပါ တယ်။
အီရန် သမ္မတ သင်ကြားရေး နှင့် စာပေ လက်ရာများ
ဆယက်ဒ် အီဗရာဟင်းမ် ရအီစီသည် အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် ၏ ဂေါပက လူကြီး အဖြစ် တာဝန် ထမ်းဆောင် နေစဥ် မရှ်ဟဒ် မြို့ တွင် မွတ်ဂျ်သဟစ်များတက်သည့် သင်တန်း ဒရ်စ်စေ ခါဂျ်ေ ကို ပို့ချ ခဲ့ပါသည်။ ၎င်းအနေဖြင့် ဖေက်အီ ၊ ကဝါအစ်ဒ် ဖေက်ဟေကဇွာအ် ၊ ဖေက်ဟေအစ်က်သေဆွာဒ် ပညာရပ်များကို တီဟီရန် မြို့ရှိ ဟောင်ဇာများ တီဟီရန် မြို့ ရှိ အေမာမ် ဆွာဒစ်က် (အ.စ) တက္ကသိုလ် နှင့် ရှဟီးဒ် ဗေဟစ်ရှ်သီ တက္ကသိုလ် တို့တွင် သင်ကြားပို့ချ ပေးခဲ့ပါ တယ်။
စာအုပ် စာပေးများမှာ သက်ရီရာသ်သေဒရ်စ်စေ ကဝါအစ်ဒ် ဒေဖေက်ဟ် ( တရားစီရင်ရေး၊ စီးပွားရေး နှင့် ဘာသာရေးဟု၍ အတွဲ ၃ တွဲ ) ၊ အေရ်စ် ဘီဝါရေစ် (အမွေ နှင့် အမွေဆက်ခံသူမရှိခြင်း) ၊ သအာရွတ်စ် အက်စ် ဝ ဇွာဟေရ် ဒဲရ် ဖေက်ဟ် ဝါ ကာနူန်း တို့ သည် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ ၏ လက်ရာများ ဖြစ်ပါ တယ်။ ဥပဒေ၊ စီးပွားရေး၊ တရားဥပဒေ၊ လူမှုရေးတရားမျှတမှုနှင့် လူနေမှုပုံစံစသည့် စာအုပ်များကိုလည်း ရေးသား ထုတ်ဝေခဲ့ပါ တယ်။
အီရန်သမ္မတ ၏ ရဟတ်ယာဥ် ပျက်ကျခြင်း
မေလ ၁၉ ရက်နေ့ ၂၀၂၄ ခုနှစ် တွင် ဆောက်လုပ်ရေး ပရောဂျက် တစ်ခု ဖွင့်ပွဲ အတွက် အရှေ့အာဇာဘိုင်ဂျန် သို့ ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ သည် ရဟတ်ယာဥ် ဖြင့် ခရီးထွက်ခဲ့ကြပါ တယ်။ ၎င်း ရဟတ်ယာဉ်သည် ဝေရ်ဇေကာန် နှင့် ဂျိုလ်ဖါ ကြား အပြန်လမ်းတွင် မတော်တဆမှုဖြစ်ပွားခဲ့ပါသည်။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အတူ သဗ်ရေဇ် ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာ နှင့် ဝလီယေ ဖကီးဟ် ကိုယ်စားလှယ် အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် အလီ အာလေ့ ဟာရှင်မ် ၊ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) ၊ အရှေ့ အာဇာ ဘိုင်ဂျန် တိုင်းမှူး မာလစ်က် ရဲဟ်မသ်သီ တို့လည်း ဤ ရဟတ်ယာဥ် တွင် ရှိခဲ့ပါတယ်။
ဒီသတင်းကို ထုတ်ပြန်ပြီးနောက်မှာတော့ အီရန်ပြည်သူလူထု ဟာ အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော် မြတ်၊ သခင်မကြီး မအ်စူမဟ် ယေကွမ်း (စ.အ) ၏ ရောင်ဇာတော် မြတ် နှင့် ရှားဟ် ကြေရာဂ် (အ.စ) ရောင်ဇာတော် မြတ် တို့ တွင် အီရန် သမ္မ ၏ ကျန်းမာရေးအတွက် ဒိုအာများ (ဆုများ) တောင်းပေး ခဲ့ကြပါ တယ်။ မေလ ၂၀ ရက်နေ့တွင် သမ္မတ နှင့် ၎င်း၏အဖော်များ စီးနင်း လာသည့် ရဟတ်ယာဉ်၏ အပျက်အစီးများကို တွေ့ရှိခဲ့ပြီး သတင်းအေဂျင်စီများက ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အခြားအဖော်များ၏ ရှဟီးဒ် ဘွဲ့ ခံယူ သွားကြောင်း သတင်းကို ပေးပို့ခဲ့ကြပါ တယ်။
ကိုးကားချက်များ
(1)The story of the meeting with Ayatollah Khamenei in Iranshahr. . Accessed: 2024/05/25.
(2)Description of the life of Ayatollah Raisi. Accessed: 2024/05/26.
(3)Iranian president in Damascus for first visit since Syrian war began. Accessed: 2024/05/26.
(4)More than 100 positions in support of Gaza
(5)Iran (Islamic Republic of) His Excellency, Seyyed Ebrahim Raisi; President; 19 September 2023. Accessed: 2024/05/26.
(6)Lebanon, Syria begin 3 days of mourning over deaths of Iran president, FM. Accessed: 2024/05/22.
(7)Türkiye to observe day of national mourning for Iran's Raisi. Accessed: 2024/05/22.
(8)The Iraqi Government declares a national day of mourning for the death of the Iranian President and his companions. Accessed: 2024/05/22.
(9)India declares one-day national mourning on the tragic demise of the President and Foreign Minister of Iran. Accessed: 2024/05/22.
(10) wikishia.net.
(11)Biography of Seyyed Ebrahim Raisi. Accessed: 2024/05/20.
(12)Ayatollah Khamenei expresses deep grief over martyrdom of Raisi, his companions. Accessed: 2024/05/20.
(13)Syria announces 3 days of mourning over martyrdom of Iran president, FM. Accessed: 2024/05/22.
(14)Declaring a day of public mourning in India. Accessed: 2024/05/20.
(15)Declaring a day of public mourning in India. Accessed: 2024/05/20.
(16)Declaring a day of public mourning in Pakistan. Accessed: 2024/05/26.
(17)Cuba announces one day of public mourning in solidarity with Iran. Accessed: 2024/05/26.
(18)'Saddened and shocked': World leaders extend condolences after President Raisi's martyrdom. Accessed: 2024/05/20.
(19)Iran hosts 60 foreign delegations for Raisi funeral ceremony
(21)World leaders sympathize with Iran over martyrdom of Pres Raisi. Accessed: 2024/05/26.
(22)'Saddened and shocked': World leaders extend condolences after President Raeisi's martyrdom. Accessed: 2024/05/26.
(23)Secretary-General Saddened by Death of Iran President Seyyed Ebrahim Raisi. Accessed: 2024/05/26.
(24)Flag Lowering at UN Headquarters for President of Iran. Accessed: 2024/05/26.
(25) Iranians mourn President Raisi martyrdom. Accessed: 2024/05/26.
(26)Leader leads prayers as millions of mourners gather for Raisi funeral. Accessed: 2024/05/26.
(27) President Raisi’s Funeral Begins in Tehran. Accessed: 2024/05/26.
(28)Iran hosts 60 foreign delegations for Raisi funeral ceremony. Accessed: 2024/05/26.
.......................................................
END / 251