Maher News ၏ အဆိုအရ ရဖ်ဟ် မြို့ ၏ ဘေးကင်းသောဇုန်ရှိ ဒုက္ခသည်စခန်းတစ်ခုအား အစ္စရေးတပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၄၅ ဦး သေဆုံးခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြောင်း သိရှိရပါတယ်။
ဤ လူမဆန်သည့် တိုက်ခိုက်မှုကြောင့် နိုင်ငံတကာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ဇီယွန်ဝါဒီအစိုးရထံမှ အပစ် အခတ် ရပ်စဲရေး တောင်းဆိုခဲ့ကြပါတယ်။
သလ်အလ်စူလ်သွန် စခန်း ၏ အဆိုအရ နယ်ချဲ့ အစိုးရ အစ္စရေး မှ အခြားဒေသများရှိ ပါလက်စတိုင်း ဒုက္ခသည် စခန်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၁၆၀ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူများက ပြောကြားခဲ့ ကြောင်း သိရှိရပါတယ်။
အစ္စရေး၏ ထိပ်တန်း အစိုးရရှေ့နေမှ ရဖ်ဟ် တိုက်ခိုက်မှုသည် အလွန်ဆိုးရွားသည်ဟု ဖော်ပြခဲ့ပြီး စုံစမ်း စစ်ဆေးမှု များ ဆက်လက်လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့ပါတယ်။ ထိုပြင် အစောပိုင်းတွင် အစ္စရေး စစ်တပ်က ဟားမတ်စ် တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးစစ်တပ်က အောက်တိုဘာ ၇ ရက်ကတည်းက ကျူးကျော် ဝင်ရောက်ခဲ့တဲ့ အတွက် အနည်းဆုံး ပါလက်စတိုင်း ၃၆၀၅၀ ဦး သေဆုံးပြီး ၈၁၀၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဝမ်းနည်း စွာ သိရှိရပါတယ်။
အစ္စရေးတွင် ဟားမတ်စ်တို့၏ တိုက်ခိုက်မှုတွင် သေဆုံးသူ အရေအတွက်သည် ၁၁၃၉ ဦးအထိ ရှိလာ သော်လည်း ဇီယွန်ဝါဒီ စစ်တပ်သည် မိမိ တို့ ၏ လူမဆန်သည့် ရက်စက်ကြမ်းကြုတ်မှု အားလုံးကို လုပ်ဆောင်နေလျက် ဟာမတ်စ် တို့၏ လက်တွင် အကျဉ်းကျနေသည့် မိမိတို့ လူများ ကို လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ဘဲ ရှိနေကြောင်း သိရှိရပါတယ်။
.......................................................
END / 251