အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂျာမေဟ် မိုဒရစင်းန် နေ ဟောင်ဇေအေလ်မီယေ ကွမ်း ၏ အဖွဲ့ဝင် ဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ် ဂျဝါဒ် ဖွာဒွေလ် လန်ကရာနီမှ အေမာမ် ခိုမေနီ ၏ ကွယ်လွန်ခြင်း အထိမ်းအမှတ် အခမ်းအနား နှင့် ခိုရ်ဒါဒ် ၁၅ရက်နေ့ တော်လှန်ရေး အထိမ်းအမှတ် အခမ်းအနား တွင် အစ္စလာမ်မစ် တော်လှန်ရေး ဖြစ်ရပ်သည် အခြားသော သာမာန်ဖြစ်ရပ် မဟုတ်ကြောင်း တစ်နေ့ကျရင် သမိုင်းဝင်ပြီး ပျောက်ကွယ်သွားမယ့် သမိုင်းဖြစ်ရပ်များကဲ့သို့ မဟုတ်ကြောင်း အီရန် နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် အစ္စလာမ့်တော်လှန်ရေးဟာ လူသား များ အတွက် အလ္လာဟ် ဟို အရှင်မြတ် ၏ အထူးဂရုစိုက်မှုဖြစ်ကြောင်း သက်သေပြနေကြောင်း ပြောကြားခဲ့ ပါတယ်။
အစ္စလာမ့်တော်လှန်ရေး၏ မူလစံနှုန်းများကို ရည်ညွှန်း၍ အာယာသွလ္လာဟ်မှ အစ္စလာမ့်တော်လှန်ရေးသည် အစပိုင်းတွင် ဤနိုင်ငံမှ နိုင်ငံခြားသားများ၏ လက်များကို ဖြတ်တောက်ခဲ့ပြီး ယခုအခါ နိုင်ငံရေးလွတ်လပ်မှုကို အပြည့်အဝ အကောင်အထည်ဖော်နေသည်ကို ကျွန်ုပ်တို့ မြင်တွေ့နေပြီး ဖြစ်ကြောင်း အလေးပေး ဖော်ပြခဲ့ ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် ဖွာဒွေလ် လန်ကရာနီမှ အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေးသည် ကမ္ဘာပေါ်တွင် ယေဘူယျ နိုးကြားမှုကို ဖန်တီးခဲ့ ကြောင်း ယနေ့တွင် အစ္စရေးတို့၏ ကျဆင်းမှု နှင့် အမေရိကန်၏ စူပါပါဝါ ကျဆင်းမှုကို ကျွန်ုပ်တို့ မြင်တွေ့နေရပြီး ဖြစ်ကြောင်း ဤကိစ္စ ကို မျက်ကွယ်ပြုထား၍ မရ ကြောင်း ပြောကြားခဲ့ပါတယ်။
ဟောင်ဇေအေလ်မီယေ ကွမ်း ၏ မွတ်ဂျ်သဟဟ်ဒ်များကို အတန်းပြသူဆရာဖြစ်သည့် ဟဇရသ် အာယာ သွလ္လာဟ် မိုဟမ္မဒ် ဂျဝါဒ် ဖွာဒွေလ် လန်ကရာနီမှ ဆက်လက်ပြီး အစ္စလာမ့်တော်လှန်ရေး၏ အောင်မြင်မှုများကို အလ္လာဟ် ဟို အရှင်မြတ် ၏ အထူးချီးမြှင့်သည့် ကောင်းချီး မင်္ဂလာ ၊ အေမာမ် ခိုမေနီ (ရ.ဟ) နှင့် ရဲဟ်ဗရ်အင်န် ကေလာဗ် အစ္စလာမ်မီ တို့၏ ဉာဏ်ပညာ နှင့် လမ်းညွှန်မှု များဖြစ်ကြောင်း ၊ ဤ စံနှုန်းများသည် မိုဂျာဟစ်များ စတေးခံခဲ့ ခြင်း နှင့် ရှဟီးဒ်များ ၏ သန့်ရှင်းသည့်သွေးများ မပါဘဲ အကောင် အထည်ဖော် နိုင်မည် မဟုတ်ကြောင်း ပြည်သူလူထု ရှေ့ တွင် အီရန်၏ အစ္စလာမ့်တော်လှန်ရေး ၏ မဏ္ဍိုင်များ ကို ပုံဖော် ခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။
ဟဇရသ် အာယာ သွလ္လာဟ် မိုဟမ္မဒ် ဂျဝါဒ် ဖွာဒွေလ် လန်ကရာနီမှ ဆက်လက်ပြီး အစ္စလာမ့် တော်လှန်ရေး ကြီးတွင် အီရန်နိုင်ငံ၏ ရပ်တည်ချက်နှင့် လူသားတစ်ဦးချင်း၏ ရပ်တည်ချက်ကို ရှင်းပြရာတွင် - အီရန် နိုင်ငံ တွင်ဖြစ်စေ အီရန်နိုင်ငံပြင်ပတွင်ဖြစ်စေ လူတိုင်းသည် ဤကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွင် ၎င်းတို့၏ ပါဝင် မှုကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ အအေမဟ်အသွဟာရ် (အ.စ) ရီဝါယသ်တော်များ နှင့်အညီ အစ္စလာမ့်တော်လှန်ရေး သည် ကြီးမားသော ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကြီး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဒါပေမဲ့ ဤအခြေခံသည် ရှေ့ရက်များ သို့မဟုတ် နှစ်များအတွင်း အေမာမ်ဇမာန်း (အ.ဂျ) ဇဟူးရ် ဖြစ်မည်ကို မဆိုလိုကြောင်း သို့သော် ဇဟူးရ် သမိုင်း နှင့် ကမ္ဘာ့အစိုးရခေတ် (အေမာမ်ဇမာန်း (အ.စ) အုပ်ချုပ်မည့်ခေတ် ) အပေါ် သက်ရောက်မှု ရှိ ကြောင်း ပြောကြားခဲ့ပါတယ်။
ဂျာမေဟ် မိုဒရစင်းန် နေ ဟောင်ဇေအေလ်မီယေ ကွမ်း ၏ အဖွဲ့ဝင် ဖြစ်သူ ဟဇရသ် အာယာသွလ္လာဟ် ဖွာဒွေလ် လန်ကရာနီမှဆက်လက်ပြီး အစ္စလာမ့်တော်လှန်ရေး၏ နိုင်ငံတကာ လက်ရာများ နှင့် အဆိုပါ လက်ရာများနှင့် ကောင်းချီးမင်္ဂလာ များ အဆက်မပြတ် တိုးပွားလာမှုကို ရည်ညွှန်း၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုယ်ပိုင် သမိုင်းဝင် ရပ်တည်ချက်ကို ရှာဖွေပြီး သာသနာတွင် မည်မျှအထိ ပါဝင်ကြောင်း ကြည့်ရမည် ဖြစ်ကြောင်း အကြောင်း မှာ အစ္စလာမ့်တော်လှန်ရေး ဘာသာရေး လှုပ်ရှားမှု ဖြစ်ပြီး ဟဇရသ် အာဒန်မ် (အ.စ) မှစ၍ အူလူလ်အဇ်မ်နဘီများ (အ.စ) ၊နောက်ဆုံးတမန်တော်မြတ် (ဆွ) နှင့် အေမာမ် (၁၂)ပါး (အ.စ) ၊ အာရှူရာ စသည် တို့ နှင့် ဆက်နွယ်နေပြီး တစ်ခုတည်း သော လှုပ်ရှား မှု ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
အာယာသွလ္လာဟ်မှ ဆက်လက်ပြီး လူသားတို့ စုံလင်စေရန်အတွက် အလ္လာဟ်ဟို အရှင်မြတ် သည် လူသားတို့အတွက် ဘာသာတရားကို ဖန်ဆင်းခဲ့ပြီး တမန်တော်မြတ်များ (အ.စ) နှင့် အေမာမ်များ (အ.စ) အာလင်မ် များ ၊ မိုဂျာဟစ်ဒ်များ ဓမ္မသတ် ပညာရှင်များ (မွတ်ဂျ်သဟစ်ဒ်များ) စသည် ဖြင့် ယောက် တိုင်းသည် သာသနာရှင်သန်ရေးနှင့် ခိုင်မာအားကောင်းစေရန်အတွက် ပြုလုပ်ခဲ့ကြကြောင်း ယနေ့ကမ္ဘာကြီးတွင် အစ္စလာမ်သာသနာတော် ကြီးပြင်းလာကာ နေ့စဥ် ပြန့်ပွားလာစေရန်အတွက် ကျွန်ုပ်တို့သည် ဤတော်လှန်ရေးကို အစွမ်းကုန် မဖြစ်မနေ ထိန်းသိမ်းထားရမည် ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် တော်လှန်ရေးကို ထိခိုက် ပျက်စီး စေခြင်းသည် အစ္စလာမ့်ဘာသာရေးလှုပ်ရှားမှုကို ရပ်တန့်စေမည်ဖြစ်ကြောင်း အစ္စလာမ့်သာသနာ ၏ လှုပ်ရှားမှုကို ရပ်စေမည် ဖြစ်ကြောင်း ဒါပေမဲ့ အလ္လာဟ်ဟို အရှင်မြတ် ၏ အလိုတော် သည် မိမိ၏ သာသနာ တော် အား ကမ္ဘာ့လူသားများ၏ အာရုံကို ဖြည်းဖြည်းချင်း ဆောင်ကြဉ်းပေးဖို့ဖြစ်ပြီး၊ အများသူငှာ အမြင် အတွေး သည် သောင်ဟီးဒ် နှင့် ကျမ်းတော်မြတ် ကုရ်အာန် ပိုမို၍ အာရုံ ပြုလာ ရန် ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
အာယာသွလ္လာဟ်မှ ဆက်လက်ပြီး ဘာသာတရား၏ သမိုင်းဝင်လှုပ်ရှားမှုများနှင့်စပ်လျဉ်း၍ အလ္လာဟ် အရှင်မြတ် ၏ ရှေ့မှောက် တွင် လူသား၏ တာဝန်ခံမှုကို ရည်ညွှန်းပြီးမနုဿ လူသား၏ တန်ဖိုး သည် ဤ ကဲ့သို့သော် ဖြစ်ရပ်မှန်များ မှ ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်းကျွန်ုပ်တို့ မိမိတို့ ၏ စွမ်းအား နှင့် အညီ မိမိတို့ ၏ လှုပ်ရှား မှုကို ဤ ကွင်းပြင် တွင် မလွဲမသွေ ရှိနေရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထိုနည်းတူစွာ အာယာသွလ္လာဟ် မှ ကျမ်းတော် မြတ် ကုရ်အာန် ၏ အာယသ်တော် «إِنَّ اللّهَ لاَ یُغَیِّرُ مَا بِقَوْمٍ حَتَّى یُغَیِّرُواْ مَا بِأَنْفُسِهِمْ» ကို ရည်ညွှန်း ပြီး တော့ဤကဲ့သို့ သတိပေးခဲ့ပါတယ်။ လူသားများ ၏ လူမှုရေးကံကြမ္မာကို မိမိ လက်နှင့် သာ လုပ်ရခြင်းသည် ဆိုသည်မှာ အလ္လာဟ့်၏ စွန္နသ်တော် ဖြစ်ကြောင်း ထို့ကြောင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်သောအစိုးရကိုရှာလျှင် အလ္လာဟ် ဟို အရှင်မြတ် သည် ကျွန်ုပ်တို့အား အလားတူခွင့်ပြုမည်ဖြစ်ပြီး ကျွန်ုပ်တို့သည် မတရားသောအစိုးရကိုတောင်းဆိုပါက ၊ မတရားသောအစိုးရကို ရရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် ဖွာဒွေလ် လန်ကရာနီ မှအစ္စလာမ့်တော်လှန်ရေးကို အမာနသ် တစ်ခုအဖြစ် မှတ်ယူထားပြီးအစ္စလာမ့်တော်လှန်ရေးကို ၎င်း၏ တကယ့်ဝိသေသလက္ခဏာများဖြင့် အနာဂတ်မျိုးဆက်များထံ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251