၂၂ ဇွန် ၂၀၂၄ - ၂၀:၂၃
နာမဲဟ်ရမ် ထံ မှ အကူအညီ ရယူခြင်း

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ နာမဲဟ်ရမ် ထံ မှ အကူအညီ ရယူခြင်း ကိစ္စ နှင့်ပတ်သက် သည့် ရရှီအီ ဥပဒေ ကိစ္စနှင့် ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency  ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  နာမဲဟ်ရမ် ထံ မှ အကူအညီ ရယူခြင်း  ကိစ္စ  နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  ထံမေးထား  သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။

မေးခွန်း

အစ္စလာမ့် စည်းမျဉ်းစည်းကမ်းများ လိုက်နာရင်း စာသင်ကြားပေးရန် ယောက်ျားလေးတစ်ယောက်ကို နာမဲဟ်ရမ် မိန်းကလေးတစ်ယောက်မှ  ကူညီပေးနိုင်လား။?  (သင်ပေးနိုင်ပါသလား? )

အဖြေ

လူကြီးမင်းမေးထားသည့် မေးခွန်း တွင်ပါသည့် ( အစ္စလာမ့် စည်းမျဉ်းစည်းကမ်းများ လိုက်နာရင်း )ဆိုလျင် ပြဿနာ မရှိပါ ။ (သင်ကြားပေးနိုင်ပါတယ်။ ) သို့သော် ရှိုင်တွန် ၏ လှည့်စားမှုများနှင့် သံသယ ဖြစ်အောင် လုပ်မှု (များ) အား  အထူး ရှောင်ကြဥ် နိုင်ရပါမည်။ အစ္စလာမ့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ရင်း နှစ်ယောက် တည်း ရှိသည့်နေရာမျိုးတွင် သင်ပေးတာမျိုးတော့ မဖြစ်ဖို့ လိုအပ်ပါတယ်။

 

ရှင်းလင်းချက် အကျဥ်း   ။ ။ အစ္စလာမ့်တရားတော် အရ အရွယ်ယောက်သူ ယောက်ကျားတိုင်း အား ဖြစ်စေ မိန်းကလေးတိုင်းအား ဖြစ်စေ ၎င်း၏ ဆန့်ကျင်ဘက် နမဲဟ်ရမ် ဆရာ မှ အစ္စလာမ့် စည်းမျဉ်းစည်းကမ်းများ လိုက်နာရင်း စာသင်ပေးနိုင်ပါတယ်။သို့သော် အခန်းပိတ်ပြီး နှစ်ယောက်တည်း သင်တာမျိုးတော့ မဖြစ်ရန် အရေးကြီးလိုအပ်ပါတယ်။ သင်ကြားပေးချိန် အခြားသူများ မြင်နိုင်သည့်  အခြားလူများရှိနေသည့် နေရာများ ဖြစ်ရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251