အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာယာသွလ္လာဟ် ဆယက်ဒ် သည် ဆဋ္ဌမအကြိမ်မြောက် မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ ၏ အရှေ့အာဇာဘိုင်ဂျန် ပြည်သူများ ကိုယ်စားလှယ်တော် အဖြစ် လည်းကောင်း ၊ အဲဒီမတိုင်ခင်က သူဟာ အီရန်အစ္စလာမ်မစ် ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်၏ နိုင်ငံရေး အယူဝါဒဆိုင်ရာ အဖွဲ့အစည်း တွင်လည်း တာဝန်ရှိသူအဖြစ် တာဝန်များ ကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အီရန်သက္ကရာဇ် ၁၄၀၃ ခုနှစ် အိုရ်ဒီဗေဟစ်ရှ်လ ၃၀ ရက်နေ့တွင် အီရန်သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အတူ လေယာဉ်ပျက်ကျကာ အလ္လာဟ့် အမိန့် ခံ ယူ သွားပြီး ရှဟီးဒ် ဘွဲ့ကို ဆွတ်ခူး ခဲ့ပါတယ်။
အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ၏ ဘဝအကြောင်း အနည်းငယ်
အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် သည် သဗ်ရေဇ် ၏ သာသနာ့ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် ဆယက်ဒ် မိုဟမ္မဒ် သကီ အာလေ့ ဟာရှင်မ် ၏သား ဖြစ်ပါသည်။ဆယက်ဒ် သည် သဗ်ရေဇ် တွင် မူလတန်း မှ အထက် တန်း အထိ ပညာရေးကို ပြီးမြောက်ခဲ့ပါတယ်။
အာယာသွလ္လာဟ် ဆယက်ဒ် အာလေ့ ဟာရှင်မ် သည် သာသနာ့ပညာရပ်များ ကို ဟောင်ဇေအေလ်မီယေ သဗ်ရေဇ် မှ စတင်ခဲ့ပါသည်။ ထိုနောက်ဆယက်ဒ် သသည် ဆက်လက်ပြီး သာသနာ့ ပညာရပ်များ ကို ဆည်းပူးရန် ဟောင်ဇေအေလ်မီယေ ကွမ်း သို့ ထွက်ခွာခဲ့ပါတယ်။ ဆယက်ဒ် သည် ဆယက်အလီ ခါမေနာအီ ၏ ဒရ်စေ ခါရေဂျ် တွင် ၁၄ နှစ်တိုင် တက်ရောက်ခဲ့ပါ သည်။[၁] ထိုနည်းတူစွာ သဗ်ရေဇ် တွင် လည်း ဒရ်စေ ခါရေဂျ် ကို ပို့ချခဲ့သူ ဖြစ်ပါတယ်။
အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ၏ တရားဝင်နိုင်ငံရေးရာထူးများ
အာယာသွလ္လာဟ် ခါမေနာအီ သည် အီရန် သက္ကရာဇ် ၁၃၉၆ခုနှစ် ခိုရ်ဒါဒ်လ ၁၀ ရက်နေ့ တွင် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် အား အရှေ့ အဇာဘိုင်ဂျန် ၏ ဝလီယေဖကီးဟ် ကိုယ်စားလှယ်တော် နှင့် သဗ်ရေဇ် သောကြာနမာဇ် ရှေ့ဆောင် ဆရာ တာဝန်ကို ပေးအပ်ခဲ့ပါတယ်။
ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ တောင်းဆိုချက် အရ သဗ်ရေဇ် သောကြာနမာဇ် ရှေ့ဆောင်ဆရာ တာဝန် ကို ထမ်းဆောင် နေစဥ် ကာလ အတွင်း အစိုးရအရာရှိများ နှင့် ပြည်သူကြား ကွာဟချက် များကို ပိတ်ပစ် နိုင်ခဲ့သူ ဖြစ်ပါ တယ်။
အာယာသွလ္လာဟ် ဆယက်ဒ် အာလေ့ ဟာရှင်မ် သည် အီရန်သက္ကရာဇ် ၁၃၈၈ ခုနှစ် သီးရ်လ ၂၈ ရက်နေ့[၅] မှ အီရန်သက္ကရာဇ် ၁၃၉၆ ခုနှစ် သီးရ်လ ၁၁ ရက်နေ့ အထိ ဝလီယေဖကီးဟ် ကိုယ်စားလှယ်တော် နှင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံတပ်မတော်၏ နိုင်ငံရေးအယူဝါဒဆိုင်ရာအဖွဲ့အစည်း၏ အကြီး အကဲအဖြစ် တာဝန်ယူခဲ့ပါ တယ်။ ဤကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ၏ဘာသာရေး အယူဝါဒဆိုင်ရာ ဌာန များတွင် တာဝန် ထမ်းဆောင် မှု တွင် ပထမနေရာကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့သူဖြစ်ပါတယ်၊
အာလေ့ ဟာရှင်မ် သည် ဆဋ္ဌမအကြိမ်မြောက် မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ ၏ အရှေ့အာဇာဘိုင်ဂျန် ပြည်သူများ ကိုယ်စားလှယ်တော် အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ ၈၃၄၁၀၈ မဲဖြင့် အရှေ့ အာဇာဘိုင် ဂျန်ပြည်နယ် ဆိုင်ရာ မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ အချိန်ကာလ အမျိုးမျိုးတွင် မဲအများ ဆုံး ရရှိခဲ့ သူဖြစ်ပါ သတယ်။ သို့သော် ဆဋ္ဌမအကြိမ်မြောက် မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ ၏ ပထမဆုံးညီလာခံ မစမည် ကွယ်လွန်သွားခဲ့ပါတယ်။ အာယာသွလ္လာဟ် ဆယက်ဒ် အာလေ့ ဟာရှင်မ် ၏အခြားတရားဝင်ရာထူးများ မှ အချို့ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) သဗ်ရေဇ်သောကြာနမာဇ် ဌာနချုပ်၏ အကြီးအကဲ
(၂) ကြည်းတပ်(ခ) မြေပြင်တပ်ဖွဲ့များ ပံ့ပိုးရေးသင်တန်းကျောင်း၏ အကီဒဟ် ဗျူဟာ ရေးရာအရာရှိ
(၃) အဇာဘိုင်ဂျန်၏ တပ်မ ၂၁ ဟမ်ဇဟ် ၏ အကီဒဟ် ဗျူဟာ ရေးရာ ဥက္ကဋ္ဌ
(၄) အဇာဘိုင်ဂျန် ဒေသဆိုင်ရာ အကီဒဟ် ဗျူဟာ ရေးရာ ဥက္ကဋ္ဌ
(၅) အဇာဘိုင်ဂျန်၏ ဒေသဆိုင်ရာ အကီဒဟ် ဗျူဟာ ရေးရာ အဖွဲ့အစည်း၏ ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံ ရေး ဒုတိယဥက္ကဋ္ဌ
(၆) တပ်မတော်ရေတပ်၏ အကီဒဟ် ဗျူဟာ ရေးရာဌာန ဒုတိယ ဥက္ကဋ္ဌ
(၇) တပ်မတော်မြေပြင်တပ်ဖွဲ့၏ အကီဒဟ် ဗျူဟာ ရေးရာဌာန ၏ ဒုတိယ ဥက္ကဋ္ဌ
(၈) တပ်မတော်၏ အကီဒဟ် ဗျူဟာ ရေးရာ အဖွဲ့အစည်း၏ လက်ထောက်ညှိနှိုင်းရေးမှူး
(၉) စစ်ဦးစီးချုပ်၏ သဘောတူညီချက်ဖြင့် တပ်မတော်၏ အကီဒဟ် ဗျူဟာ ရေးရာ အဖွဲ့အစည်းကို ဆက်ခံသူ
(၁၀) အဇာဘိုင်ဂျန်၏ သရှ်ခီးဆ် ဆေ မဆ်လဟသ် နေ နေဇာန်မ် ၏ အဖွဲ့ဝင်
(၁၁) တပ်မတော် ကြည်းတပ် ၏ အကီဒဟ် ဗျူဟာ ရေးရာ ဌာနမှူး
အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ၏ လက်ရာများ
အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် သည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဘာသာရေး ဆရာများ အတွက် အထူး စာအုပ်များ ရေးသားသီးကုံးခဲ့ပြီး အများသုံး အတွက်လည်း ရေးသားသီးကုံး ခဲ့ပါ တယ်။ ၎င်းရေးသား သီးကုံးခဲ့သည့် လက်ရာများမှ အချို့ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ စာအုပ် အမည် များမှာ ပါရှန်း ဘာသာဖြစ် ရေးသားထား၍ အသံထွက်များကိုရေးသားလိုက်ပါတယ်။
(၁) ရှမီးမ်မေအက်ခ်လာက်ဝသရ်ဘီယသ်သေအစ္စလာမ်မီ
(၂) စီရေဟေအက်ခ်လာက်ကီ ဝ သရ်ဘီယသ်သီ
(၃) ဘရ်ရစီယေ ဖေက်အီယေ ဂျန်က်ကေ ရဝါနီ
(၄) ဗရာမ်းမေဂျူအ်အဟ် ဒဲရ် ရှစ်ရှ်ဂျေလ်ဒ် ( ခွသ်ဗဟ်ဟာယေ အီရာဒ် ရှိုဒေဟ် ဒဲရ် နမာဇ် ဇေ ဂျူမ်အဟ် သဗ်ရေဇ် )
အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ကွယ်လွန်ခြင်း
ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် မေလ ၁၉ ရက် နေ့တွင် အီရန် သမ္မတ ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အရှေ့ အဇာဘိုင်ဂျန် ခရီးစဉ်အတွင်း အီရန် နှင့် အဇာဘိုင်ဂျန် နယ်စပ်ရှိ ရေကာတာဖွင့်လှစ် ပြီး မှ ပြန်လည်ထွက်ခွာ လာစဉ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် သည် ၎င်းနှင့်အတူ လိုက်ပါသွားခဲ့သည့် ရဟတ်ယာဉ် သည် ဝရ်ဇကာန် နှင့် ဂျိုလ်ဖာ အကြားရှိ သဗ်ရေဇ် မြို့ခရိုင်တွင် မတော်တဆ ပျက် ကျမှု ဖြစ်ပွားခဲ့ပြီး ကွယ်လွန်ခဲ့ ပါတယ်။
ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် ၎င်း၏ ကွယ်လွန်အဖော်များ ၏ ဈာပန အခမ်းအနားကို ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် မေလ ၂၁ရက် နေ့ တွင် သဗ်ရေဇ်မြို့ နှင့် ကွမ်း မြို့ တွင် ကျင်းပခဲ့ပါတယ်။ ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် မေလ ၂၁ရက် နေ့ တွင် အာယာသွလ္လာဟ် ဆယက်ဒ် အလီ ခါမေနာအီ မှ တီဟီရန် တက္ကသိုလ်တွင် ၎င်းတို့၏ အလောင်းများအား ဂျနာဇဟ် နမာဇ် ဝတ်ပြုပေးခဲ့ပါတယ်။
ဤ ဂျနာဇဟ် နမာဇ် အခမ်းအနားကို တီဟီရန် တွင် လူအများအပြား တက်ရောက်ခဲ့ကြပါတယ်။ ထို့နောက် ဆယက်ဒ် အာလေ့ ဟာရှင်မ် ၏ ရုပ်အလောင်းအား သဗ်ရေဇ် သို့ ရွှေ့ပြောင်းခဲ့ပြီး Khordad 3 ရှိ ဝါဒီယို ရဲဟ်မသ် သုသာန်တွင် ဒဖ်နာ (ခ) သင်္ဂြိုဟ် ခဲ့ပါတယ်။
မှီငြမ်းများ
(၁)အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ်အလီ အာလေ့ ဟာရှင်မ် ၏ ဝဘ်ဆိုက် ။
(၂) ခါမေနာအီ ဝဘ်ဆိုက်။
(၃) ဝီကီ ရှီအဟ် ဆိုက်။
(၄) အွန်းလိုင်းသတင်း ။
(၅) IRNA ဝဘ်ဆိုဒ်။
(၆)မရှ်ရေက်သတင်းဌာန။
(၇)အီးစ်နာသတင်းဌာန။
(၈) ဟောင်ဇဟ် သတင်းဌာန ။
.......................................................
END / 251