၇ ဇူလိုင် ၂၀၂၄ - ၂၀:၂၂
အဲဟ်လေ့ဘိုက်(သ) (အ.စ)  အား ဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဆိုခြင်း၏ ဆုလာဘ်

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဆိုခြင်း၏ ဆုလာဘ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

الامام الصادق (عليه السلام):

مَن قالَ فِينا بَيتَ شِعرٍ بَنَى اللّه تعالى لَهُ بَيتا فِي الجَنَّةِ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

« အကြင်မည်သူ မဆို ငါ တို့ (အဲဟ်လေ့ဘိုက်(သ) (အ.စ)  ၏ ချီးမွမ်း ခြင်းတွင် ကဗျာ တစ်ကြောင်း ကို စပ် ဆိုမည် ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် ( ၎င်း ကဗျာ  အစား ) ဂျန္နသ် သုခဘုံ တွင် ၎င်း အတွက် အိမ် တစ်လုံး ဆောက် လုပ်ပေးသနားတော် မူမည်။  »

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း ၊  အတွဲ ၁၀  ၊ စာမျက်နှာ ၄၆၇

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော် အနေဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ)  ၏ ချီးမွမ်း ခြင်းတွင် ကဗျာ တစ်ကြောင်းကို စပ်ဆိုခြင်း ၏ တန်ဖိုးကို သိရှိရမည် ဖြစ်ပါတယ်။ ဤနေရာ တွင်  ဘာသာစကားတိုင်း ၏ တရားဝင် အသိအမှတ် ပြုထားသည့် ကဗျာ ၏ စည်းမျဥ်း စည်းကမ်းများနှင့် အညီ ဖြစ်ဖို့ လိုပါတယ်။ မိမိ ခေါင်းမှ ထွက်သည့် စာသားများ ကို ကဗျာ ၏ စည်းမျဥ်း စည်းကမ်း ကို မကြည့်ဘဲ စပ်ဆိုသည့် ကဗျာ များ မဖြစ်ဖို့လိုပါ တယ်။

****************************************************************

END / 251